12/22/2015

♪ Google က Apps များပြောင်းရန်မလိုဘဲ Translate ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးမည် ♫


နယူးဒေလီတွင် ကျင်းပသော Google for India Event တွင် Product Management ဌာနမှ ဒုတိယ ဥက္ကဌဖြစ်သူ Caesar Sengupta က ဘာသာစကားများစွာအတွက် ဘာသာပြန်ဆိုရာတွင် လွယ်ကူ အဆင်ပြေစေမည့် Google Translate Service ၏ စွမ်းဆောင်ချက်အသစ်တစ်ခု ကို ပြောကြား လိုက်ပါသည်။

Sengupta က “ ကျွန်တော်တို့ အိန္ဒိယမှ လူများစွာဟာ တစ်နေ့ တစ်နေ့ Hindi နဲ့ English ဘာသာစကားများကို အကြိမ်များစွာ ဘာသာပြန်ဆိုနေကြပါတယ်။ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက် များက ပေးပို့တဲ့ Messages များကို Messenger များမှ ကော်ပီကူး၊ Google Translate App ကိုဖွင့်၊ Paste လုပ်၊ ပြီးတော့မှ Messenger ထဲ ပြန်ဝင် စတဲ့ အလုပ်ရှုမှုများကို ရင်ဆိုင်နေရပါတယ်။ “ ဟု ပြောပါသည်။

Google က Tap to Translate စွမ်းဆောင်ချက်ကို မိတ်ဆက်မှာဖြစ်ပြီး Android Device ၏ Apps များတွင် ပေါ်နေသော စာသားများကို Select လုပ်လိုက်သည်နှင့် Google Translate Icon ပေါ်လာ မည်ဖြစ်သည်။ အိုင်ကွန်ကို နှိပ်လျှင် Google Translate ကို Floating Window အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အတွက် လက်ရှိ အသုံးပြုနေသော App ကို ပိတ်ရန် မလိုတော့ပါ။ Tap to Translate ကို ၂၀၁၆ ခုနှစ် ပထမကွာတားဖြစ်သော ဇန်န၀ါရီလနှင့် မတ်လအတွင်းတွင် Android Device များတွင် အသုံးပြုနိုင်မည် ဟု မျှော်လင့်ရပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com