12/31/2015

♪ " Windows PCအသစ်သို့ ဖိုင်များရွှေ့သည့် အခါ " ♫



PCတစ်လုံးဟာဘယ်လောက်ကြာအောင် အသုံးခံသလဲ။ မီးအားဆောင့်မ၀င်အောင် စည်းနဲ့ စနစ်နဲ့ သုံးမယ်ဆိုရင် မီးပျက်သွားတဲ့အခါ USPရှိလို့ စနစ်တကျ ပိတ်နိုင်မယ်ဆိုရင် desktop PCတစ်လုံးဟာငါးနှစ် လောက်အထိအသုံးခံပါတယ်။ Laptop PC ကပိုပြီးပျက်လွယ်တယ်။ မြန်မာပြည်မှာရောင်းတဲ့ Laptopကီးဘုတ်တွေက နှစ်နှစ်ကျော်လောက်မှာ ကြွ တာများတယ်။ USP ခံစရာမလိုဘူးလို့ ယူဆတဲ့အတွက် Laptop က Motherboard ကြွတာမြန်တယ်။ မီးဆောင့်တဲ့ ရပ်ကွက်တွေဆိုရင် hard disk စောစောစီးစီးထိတယ်။

ကွန်ပျူတာချို့ယွင်းရင် အသစ်တစ်လုံးဝယ်ရမယ်။ ဒါဖြင့် ကွန်ပျူတာမချို့ယွင်းသေးရင်တော့ ငါးနှစ်လောက်နေရင် ကွန်ပျူတာအသစ်ဝယ်ရမှာ ပါပဲ။ မီးအင်မတန်ငြိမ်ပါတယ်ဆိုတဲ့ စင်ကာပူနိုင်ငံမှာတောင် hard disk ကိုငါးနှစ်ထက်ပိုပြီးအာမခံပေးတယ်ဆိုတာမရှိပါဘူး။ အခုတော့ hard disk အာမခံကစင်ကာပူမှာတောင် နှစ်နှစ်ဖြစ်သွားပါပြီ။ ငွေကြေးလေးအဆင်ပြေရင် လူတွေကသုံးနှစ်တစ်ခါလောက် ကွန်ပျူတာ အသစ်ဝယ် တတ်ကြပါတယ်။ OS နဲ့ ဆောဖ့်ဝဲပိုင်းအဆင်ပြေနေရင်တောင် hardware ပိုင်းကအရမ်းခေတ်နောက်ကျ ကျန်ခဲ့တာကိုး။
ကွန်ပျူတာအသစ်ဝယ်ပြီဆိုရင် ကွန်ပျူတာအဟောင်းထဲကဖိုင်တွေ ကိုကွန်ပျူတာအသစ်ထဲရွှေ့ရမယ်။ အံမယ်မင်းဒါလေးများဗျာ။ မင်မိုရီစတစ်ထဲကူးထားပြီးအဲဒီကနေ ပြန်ပြောင်းရင် ရသားနဲ့။ ရပါတယ်။ ဒါပေမယ့် ဆောဖ့်ဝဲသုံးပြီး ရွှေ့သလောက် စနစ်တကျမဖြစ်ဘူးပေါ့။ နောက် တစ်နည်းက Windows ထဲမှာရှိတဲ့ backup စနစ်ကိုသုံးပြီးPCအသစ်ထဲမှာနေရာပြန်ချလို့လည်းရပါတယ်။ OS versionတူရင် အဲဒီစနစ်ကအဆင်ပြေပါတယ်။ Windows XPတို့ 7 တို့ကနေပြီးWindows 10ကိုရွှေ့မယ်ဆိုရင် Windows backupကနည်းနည်းအလုပ်ရှုပ်ပါတယ်။

အခုဆိုရင် တရားဝင်ဝယ်သုံးတဲ့ Windows 7/8/8+ သမားတွေကိုWindows 10ဆီအခမဲ့ upgrade လုပ်ခွင့်ပေးထားပါတယ်။ အခမဲ့ရတဲ့ Windows 10upgrade ကြီးကလည်းဘယ်အချိန်အထိအခမဲ့ပြီး ဘယ်အချိန်ကျ အခပေးရမယ် မသိသေးပါဘူး။ ကွန်ပျူတာတစ်လုံးတည်းပေါ်မှာပဲWindows အနိမ့်တွေကနေWindows 10 upgradeလုပ်မယ်ဆိုရင် အရှင်းဆုံးနည်းကupgrade မလုပ်မီမှာဖိုင်တွေကိုback up ကြိုလုပ်ထားဖို့ပါ။ ပြီးမှ Windows 10ထဲ ပြန်ရွှေ့ပေါ့။ ကွန်ပျူတာအဟောင်းကလည်းကောင်းသေးတယ်။ Windows 10ကွန်ပျူတာအသစ်လည်း ၀ယ်မယ်ဆိုရင်ဖြင့် အရေး ကြီးဖိုင်တွေကိုကွန်ပျူတာအဟောင်းကနေအသစ်ဆီကိုဆောဖ့်ဝဲသုံး ပြီးအလွယ်တကူရွှေ့လို့ရပါတယ်။

ဒီကိစ္စကိုပိုပြီးလွယ်လွယ်ကူကူလုပ်နိုင်အောင် Microsoft ဟာ Laplink နဲ့ပေါင်းပါတယ်။ အဲဒီိကနေတစ်ဆင့် PC move Express ဆောဖ့်ဝဲကို အခမဲ့ သုံးခွင့်ပေးပါတယ်။ အဲဒီဆောဖ့်ဝဲက အခမဲ့ ဆောဖ့်ဝဲမဟုတ် ပါဘူး။ မူလကအခပေးဆောဖ့်ဝဲပါ။ ပုံမှန်ဈေးဒေါ်လာ (၂၀) ကျပါတယ်။ အခုဒီဆောဖ့်ဝဲသုံးပြီး Windows အဟောင်း ၊ PCအဟောင်းကဖိုင်တွေကို Windowsအသစ် PCအသစ်ဆီရွှေ့ကြပါမယ်။ PC move Express ကိုwww.bit.ly/mover 380ကနေdownload ဆွဲနိုင်ပါတယ်။
ဆောဖ့်ဝဲကို တစ်သက်စာအလကားသုံးရအောင် အခမဲ့ပေးတာမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့အထိပဲအခမဲ့သုံးနိုင် မှာပါ။ ဒီဆောဖ့်ဝဲဟာ PCတစ်လုံးကဖိုင်တွေကို တခြားPC တစ်လုံးဆီအလွယ်တကူရွှေ့ယူနိုင်အောင် လုပ်ပေးထားတာပါ။ ဆောဖ့်ဝဲသုံးနေရင်း ပြဿနာပေါ်လာရင် 0800 0907694 ကိုဖုန်းဆက်ပြီး transfer assistance အကြံဉာဏ်ကိုရယူနိုင်ပါသေးတယ်။ PC mover Expressကိုသုံးဖို့ အရင် ဆုံးdownload ချပါ။ ပြီးရင် PCအဟောင်းပေါ်မှာရောအသစ်ပေါ်မှာပါ installလုပ်ပါ။ ပြီးရင် တစ်ခုတည်းသော Wi-Fi ဒါမှမဟုတ် Ethernet networkပေါ်မှာကွန်ပျူတာနှစ်လုံးကိုချိတ်ပါ။

PCအဟောင်းနဲ့ အသစ် နှစ်ခုစလုံးဟာတစ်ခုတည်းသောnetwork ပ်ါမှာရှိနေပြီဆိုရင် PC အဟောင်းထဲမှာPC move Express ကိုခေါ်တင် ပါ။ ပြီးရင် ပေါ်လာတဲ့ အကွက်ထဲကPC to PC transfer နေရာမှာကလစ် နှိပ်ပါ။ ပြီးရင် Next ကိုနှိပ်ပြီးရှေ့ဆက်ပါ။ ပြီးရင် old ဆိုတဲ့ ခလုတ်နေရာမှာကလစ်နှိပ်ပါ။ PC အဟောင်းကနေပြီးအလုပ်စလုပ်နေတယ် ဆိုတာဆောဖ့်ဝဲသိစေဖို့ ဖြစ်ပါတယ်။ ပြီးရင် Nextကိုနှိပ်ပြီးရှေ့ဆက်ပါ။ ပြီးရင် Wi-Fior Wired Networkကိုရွေးပါ။ ပြီးရင် Nextနေရာမှာကလစ်နှိပ်ပါ။ PC နှစ်လုံးကိုတစ်ခုတည်းသော Nextworkပေါ်မှာတင်လို့ အဆင်မပြေရင် data သွားနိုင်တဲ့ USB ခေါင်းကြီးနှစ်ဖက်နဲ့ ကြိုးဒါမှမဟုတ် ကွန်ပျူတာချင်းချိတ်နိုင်တဲ့ Ethernet ကြိုးနဲ့ ကွန်ပျူတာ နှစ်လုံးကိုချိတ်နိုင်ပါတယ်။ ကွန်ပျူတာအချင်းချင်းချိတ်နိုင်တဲ့ USB ကြိုးကို အလွယ်တကူဝယ်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီကြိုးတွေကို Laplink ကနေပဲ ၀ယ်ရမယ်လို့ အ ကြပ်ကိုင်ထားတာရှိပါတယ်။

ပြီးရင် PC အသစ်ဆီကိုသွားပါ။ PC အဟောင်းမှာတုန်းကလိုဆောဖ့်ဝဲ ကိုခေါ်တင်ပါ။ ပြီးရင် Windows 8.1 or Later ခလုတ်ကိုရွေးပြီးကလစ်နှိပ် ပါ။ ပြီးရင် Next နှိပ်ပါ။ အဲဒီနေရာရောက်ရင် ကိုယ့်နာမည်နဲ့ အီးမေးလ် လိပ်စာတောင်းပါမယ်။ ပြီးရင် Wi-Fi or Wired Networkကိုထပ်ရွေးပါ။ ပြီးရင် Next ကိုနှိပ်ပြီးရှေ့ဆက်ပါ။ Network ထဲရောက်ရင် ကိုယ့်ရဲ့ PC အဟောင်းကိုရွေးပါ။ ပြီးရင် browser ကိုရွေးပါ။ ပြီးရင် PC ကိုရွေးပါ။ OK နေရာမှာကလစ်နှိပ်ပါ။ တကယ်လို့ PCအဟောင်းကိုရှာလို့မတွေ့ ရင် “In progress–Network Transfer “နေရာမှာအမှန်ခြစ်ပေါ်အောင်လုပ် ထားပါ။ ပြီးရင် Rescan နရာမှာကလစ်နှိပ်ပါ။ တွေ့ပြီဆိုရင် PCကိုရွေးပါ။ Nextမှာကလစ်နှိပ်ပြီးရှေ့ဆက်ပါ။

PC mover ExpressဟာPCအဟောင်းကိုအသေအချာလေ့လာစိစစ် ပါမယ်။ အဲဒီကိစ္စအတွက် နှစ်မိနစ် သုံးမိနစ်လောက် စောင့်ရပါမယ်။ ပြီးရင် screen ပေါ်ကCategory လးမျိုးမှာတစ်ခုစီကလစ်နှိပ်ပြီးtransfer ဘယ်လိုလုပ်မယ်ဆိုတာစိတ်ကြိုက်ခွင်ချနိုင်ပါတယ်။ မခက်ပါဘူး။ ကိုယ် ထားချင်တဲ့ setting ကိုရွေးပေးရုံပါ။ Exclamation triangle ရှိတဲ့ ပြထားတဲ့ နေရာမျိုးတွေ့ရင် အဲဒီမှာ ပြထားတဲ့ မှတ်ချက်အတိုင်းအသေအချာလိုက် နာဖို့လုပ်ပါ။ ပြီးရင် user account selection မှာကလစ်နှိပ်ပါ။ အဲဒီအခါ PC အဟောင်းမှာလောလောလတ်လတ် သုံးထားတဲ့ Windows user accountတွေကိုတွေ့ရပါမယ်။ အဲဒီaccount က ဖိုင်တွေကိုတိုက်ရိုက်ရွှေ့ယူလို့ ရမလားဆိုတာသေချာအောင်ကြည့်ပါ။ user accountတွေကိုမတွေ့ဘူးဆိုရင် show all userနေရာမှာကလစ်နှိပ်ပါ။ account တစ်ခုကဖိုင်တွေ ရွှေ့ယူတာရပ်ချင်ရင်Edit userနေရာမှာကလစ်နှိပ်ပါ။

ပြီးရင်တော့ Drive selectionလုပ်ရမယ့် ဘယ် driveတွေ ရွှေ့ယူမယ် ဆိုတာရွေးပေးရပါမယ်။ တကယ်လို့များfolderအသစ်တွေ လုပ်ပေးဖို့ လိုလာရင် driveအဟောင်းကဖိုင်ဖွဲ့စည်းပုံအပေါ် အခြေခံပြီးfolderသစ်လုပ်ပေးရပါမယ်။ defaultအတိုင်းထားတာကိုပြောင်းချင်ရင်ရှိတဲ့ driveတွေကို ignored or save to different placeလုပ်ရတော့မယ်။ Edit Drive နေရာမှာကလစ်နှိပ်ပြီးSetting တွေကိုပြောင်းပေးပါ။ ဘယ်လိုဖိုင်မျိုးပဲရွေးပြီးရွှေ့မယ်ဆိုတာမျိုးရှိရင် filterသတ်မှတ်ချက်ထည့်ပေးပါ။ မလိုတဲ့ ဖိုင်တွေပါမသွားအောင် ဖြစ်ပါတယ်။ temporaryနဲ့ back-upဖိုင်တွေကိုတားထားဖို့အတွက် သက်ဆိုင်ရာboxတွေမှာအမှန်ခြစ်ပေါ်အောင်လုပ် ပါ။ ကိုယ့်ဟာကိုယ် သတ်မှတ်ချက်ထားချင်ရင် Add buttonနေရာမှာကလစ် နှိပ်ပါ။ ကိုယ်ပိုင် filter set-upလုပ်ပါ။ file typeနဲ့ပတ်သက်ပြီးကိုယ်ရွေးချင် ရာကိုစိတ်ကြိုက်ရွေးနိုင်တယ်။ ပြီးရင် new target folderကိုရွေးပေးရပါ မယ်။ PCအဟောင်းကဖိုင်တွေကိုnew folderဆီရွှေ့ပေးပါလိမ့်မယ်။

Folder filterသတ်မှတ်ချက်ကိုတော့ လုပ်ပေးရမယ်။ ဘယ်ဖိုင်ပဲရွှေ့ ရမယ်ဆိုတာ ဖြစ်အောင်လို့ပါ။ ပြီးရင် အမှန်ဖြစ်ပေါ်အောင်လုပ်ပေးသင့်တဲ့ boxလေးတွေမှာအမှန်ခြစ်ပေါ်အောင်လုပ်ပေးရပါမယ် ။ folder ကြီးတစ်ခုလုံးရွှေ့မယ်ဆိုတာမျိုးမှာကလစ်နှိပ်ရမယ်။ ဒါမှမဟုတ် အပေါင်းလက္ခဏာရှိတဲ့ နေရာမှာကလစ်နှိပ် ရမယ်။ လက်အောက်ခံ folderတွေ ၊ ဖိုင်တွေ တွေ့ရပါမယ်။ ကိုယ်ရွေးချင်တာတစ်ခုချင်း စီရွေးပြီးရွှေ့လို့ရပါတယ်။ ပြီးရင် Nextနေရာမှာကလစ်နှိပ်ပါ။ ပြီးရင် Next မှာကလစ်နှိပ်ပါ။ ဖိုင်တွေ ရွှေ့ပြောင်းဖို့အတွက် ဆောဖ့်ဝဲက ပင်ဆင်ပါလိမ့်မယ်။ နောက်ထပ် Nextကိုနှိပ်ရင် ဆောဖ့်ဝဲစပြီး အလုပ်လုပ်ပါမယ်။ networkရဲ့ အမြန်နှုန်းနဲ့ ရွှေ့ပြောင်းရတဲ့ ဖိုင်အရေအတွက်ပေါ် မူတည်ပြီး ကြာချိန်အနည်းအများရှိနိုင်ပါတယ်။ အောက်ထစ် တစ်နာရီလောက်ကြာပါတယ်။ ဖိုင်တွေ ရွှေ့ ပြီးပြီဆိုရင် PCကိုrestart ပြန်ချဖို့ လိုပါတယ်။

နောင်စိုး(ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com