12/24/2015

♪ “Xiaomi က Redmi Note Prime ကို ကြေညာ” ♫


Xiaomi က Redmi 2 Prime ကို ကြေညာအပြီးမှာ ဒုတိယမြောက် အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ်တဲ့ ဟန်းဆက်အသစ်ကို ကြေညာလိုက်ပါတယ်။ Redmi Note Prime လို့ အမည်ပေးထားပြီး Quad-Core 1.2GHz CPU ထည့်သွင်း ထားတဲ့ Snapdragon 410 SoC မောင်းနှင်ထားပါတယ်။ Xiaomi Redmi Note Prime မှာ ၅.၅ လက်မ 720x1280p Resolution HD IPS Display တပ်ဆင်ပေးထားပါတယ်။

2GB RAM , 16GB Internal Storage တပ်ဆင် ပေးထားပြီး microSD Card Slot ပါရှိပါတယ်။ ရှောင်မီရဲ့ ဟန်းဆက် အသစ်မှာ အနောက်ဘက်တွင် 13 Megapixel Camera နဲ့ အရှေ့ဘက်တွင် 5 Megapixel Selfie Camera ကို ထည့်သွင်းပေးထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 154x78.7x9.4mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၅ ဂရမ်ဖြစ်ပါ တယ်။ Android 4.4 KitKat ကို အခြေခံထားတဲ့ MIUI 7 မောင်းနှင်မှာ ဖြစ်ပါတယ်။ 4G LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပြီး Dual-SIM Smartphone တစ်လုံးဖြစ်ပါတယ်။

“Redmi Note Prime နဲ့အတူ ကျွန်တော်တို့ဟာ တိုးမြှင့်ပေးထားတဲ့ Memory နဲ့ Dual-SIM စွမ်းရည်များပါတဲ့ စွမ်းရည်ပိုမိုကောင်းတဲ့ စမတ်ဖုန်းကို အဆင့်မြှင့်နိုင်ဖို့အတွက် Mi Fans များကို အခွင့်အရေးတစ်ခုပေးလိုက်ရလို့ ၀မ်းမြောက်မိပါတယ်။ သိုလှောင်နိုင်မှုမြင့်မားတဲ့ 3100mAh Battery နဲ့ အတူ MIUI ရဲ့ ဘက်ထရီသက်တမ်းကြာရှည်စေတဲ့ စွမ်းရည်များပါတဲ့အတွက် Redmi Note Prime ဟာ အလွန်အသုံးခံတဲ့ ဘက်ထရီသက်တမ်းကို ပိုင်ဆိုင် ထားပါတယ်။

India နိုင်ငံမှာပဲ ထုတ်လုပ်ခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ ဒီနိုင်ငံ ကို အလေးထားမှုကိုပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ Mi Fans များအတွက် ဒုတိယမြောက် အိန္ဒိယနိုင်ငံထုတ် စမတ်ဖုန်းကို ရောင်းချပေးနိုင် ခဲ့တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်” လို့ Xiaomi ရဲ့ အိန္ဒိယ အကြီးအကဲ Manu Jain က ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com