ယနေ့အချိန်ကာလဟာဖြင့် မြန်မာနိုင်ငံမှာအင်တာနက်ဆိုတာလူတိုင်းနီးပါး
သုံးနိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိလာပါပြီ။ ဈေးကြီးတယ်ပဲ
ပြောပြော၊လိုင်းမကောင်းဘူးဘဲ ပြောပြော လူတိုင်းလက်ထဲမှာ ဖုန်းကိုယ်စီ
နဲ့သုံး နေတာတော့အမှန်ပဲ။နယ်ဘက်တော့မသိပါ။ရန်ကုန်မှာတော့
အင်မတန်ကိုများနေပါပြီ။ဒီတော့အွန်လိုင်းကိုဘယ်လိုအကျိုးရှိရှိအသုံးပြုလို့
ရတယ်ဆိုတာအကြံပေးပါရစေ။ နင်အင်တာနက်သုံးတတ်လားလို့ မေးရင်။ ဟင့်အင်း
Facebook ပဲသုံးတတ်တယ်လို့ဖြေတဲ့သူကဖြေပါတယ်။ အမှန် တကယ်က Facebook
သုံးတယ်ဆိုတာ Internet အသုံးပြုခြင်းရဲ့တစ်စိတ်
တစ်ပိုင်းသောလုပ်ဆောင်ချက်ဖြစ်ပါတယ်။ဒါကိုကိုယ်ကမသိဘဲစီးမျောနေ
တော့မလွယ်ပါဘူး။
<မှန်ကန်သောအရင်းအမြစ်များမှသတင်းအချက်အလက်များကိုသာစားသုံးစေလို>
အရင်ဆုံးအရေးကြီးဆုံးအချက်အနေနဲ့သတင်းအချက်အလက်ရယူခြင်းကနေစတင်ချင်ပါတယ်။ Facebookပေါ်မှာသတင်းတက်လာတိုင်းလည်းမယုံပါနဲ့။
Facebook ဆိုတာသတင်းဖတ်စရာနေရာလို့မှတ်ယူထားလို့မရပါဘူး။ သူက
သတင်းများရှိရာကိုညွန်ပေးတဲ့ နေရာဆိုရင်ပိုမှန်ပါလိမ့်မယ်။ဒါပေမယ့်
လက်ရှိမြန်မာပြည်ရဲ့အင်တာနက်လိုင်းအခြေအနေကြောင့်ဘယ်ဝဘ်ဆိုဒ်
ကိုမှမဖွင့်နိုင်ဘဲ Facebookပေါ်ကနေသာသတင်းအချက်အလက်များကို
စားသုံးနေရခြင်းဖြစ်ပါတယ်။ဒီတော့ဒီလိုဖြစ်နေရင်တောင်ကိုယ့်အနေနဲ့
သတင်းမီဒီယာတွေကိုဖတ်ရှုတဲ့အခါစိတ်ချယုံကြည်ရတဲ့အရင်းအမြစ်တွေကနေပဲယူစေချင်ပါတယ်။
ဥပမာ Eleven Media Group, 7 Days, YoYarLay
အစရှိသဖြင့်အပြားပြားရှိပါတယ်။လက်ချိုးရေလို့ရလောက်အောင်ဒေသတွင်းနဲ့နိုင်ငံတကာအသိအမှတ်ပြု သတင်းမီဒီယာဆိုတာ
မြန်မာပြည်မှာနည်းနေ ပါသေးတယ်။ဒါကြောင့်မို့ကိုယ်ပိုင် Facebook account
များ Page များကို
လူတိုင်းလိုက်လုပ်လာပြီးသတင်းများထပ်ဆင့်မျှဝေရာကနေမဟုတ်သတင်း
တွေ၊ဝါဒဖြန့်မှုတွေပါပါဝင် လာခြင်း ဖြစ်ပါတယ်။ကိုယ်ကမယုံပေမယ့်ကိုယ့် Wall
မှာဖတ်ရရင်တော့ခေါင်းထဲဝင်သွားမှာအမှန်ပါပဲ။ဒါပေမယ့် ဒီသတင်း
အချက်အလက်ဟာမှန်ကန်မှုရှိမရှိကိုမိမိရဲ့စဉ်းစားဆင်ခြင်ဥာဏ်နဲ့ သေချာ
သုံးသပ်ရန်လိုအပ်ပါတယ်။ကိုယ်ကိုယ်တိုင်ကလည်းမဟုတ်မမှန်တဲ့သတင်းဆိုရင်ထပ်ဆင့်မမျှဝေမိဖို့အရေး ကြီးပါတယ်။
<အင်တာနက်မှာမိမိရဲ့လုံခြုံရေး မြင့်တင်စေလို>
မိမိရဲ့ Facebook account, Gmail အကောင့်များအပြင် အခြားသော အကောင့်များရဲ့
Password များကိုဘယ်သူနဲ့မှမမျှဝေမိပါစေနဲ့။ ဖြစ်ပျက်
နေတဲ့သာဓကပေါင်းများစွာရှိပါတယ်။အချို့ဆိုရင်မိမိရဲ့ဓာတ်ပုံ များကို
Downloadဆွဲပြီးတော့ မြန်မာ ပြည့်တန်ဆာမလေးများ၊ ဘာလေးများ၊
ညာလေးများဆိုပြီးတော့ Page များလုပ်လို့အသရေဖျက်တဲ့ ဖြစ်ရပ်များစွာ
လည်းရှိပါတယ်။ဒါကြောင့်မို့Facebook ပေါ်မှာမိမိအနေနဲ့မိတ်ဆွေ
သူငယ်ချင်းများကိုလက်ခံတဲ့အခါသတိထားပြီးတော့ လက်ခံရပါမယ်။
မိမိအနေနဲ့အကြောင်းအရာတစ်ခုခုကို ရေးမယ်၊တင်မယ်ဆိုရင်လည်းဒီ Post
တွေကိုဘယ်သူတွေကမြင်မှာလဲဆိုတာကိုလည်းချင့်ချိန်ရပါမယ်။မိတ်ဆွေ တွေချည်းကို
မြင်စေချင် တယ်ဆိုရင် Share with Friends, ကိုယ့်မှာသီးသန့် ရွေးချယ်ထားတဲ့
Friend တွေကိုပဲမြင်စေချင်တယ်ဆိုရင်setting အမျိုးမျိုးကို Sharing
setting မှာဝင်ပြင်လို့ရပါတယ်။ဒါတွေကိုကိုယ်ကိုယ်တိုင်ဟာ
သိထား၊လေ့လာထားရန်လိုအပ်ပါတယ်။ဒါတွေဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းတွေကို
မေးပါ။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း Facebook မှာပါဝင်တဲ့
ရေးသားထားသမျှစာတွေ
အားလုံးကိုလည်းအချိန်ပေးပြီးတော့ဖတ်ရှုလေ့လာပါ။ကျွန်တော်တို့ကိုယ်တိုင်တောင်ဒါတွေကိုဘယ်သူမှ သင်ပေးလို့မဟုတ်ဘဲကိုယ်တိုင်
လေ့လာရင်း
ကလိရင်းနဲ့သိလာခြင်းဖြစ်ပါတယ်။ဒီတော့မိမိအနေနဲ့အကောင့်လုံခြုံရေး
အတွက်သေချာလုပ်ရန်လုပ်ရန်လိုသလိုအွန်လိုင်းပေါ်မှာအချက်အလက်တင်မယ်ဆိုရင်ငါဒါတင်သင့်လားမ တင်သင့်လားဆိုတာကိုလည်းအထူးချင့်ချိန်ရန်လိုအပ်ပါတယ်။
အကယ်၍တစ်စုံတစ်ယောက်ကကိုယ့်ရဲ့ဓာတ်ပုံ၊အကြောင်းအရာတွေကို
ခွင့်မပြုဘဲ ဖော်ပြနေပါပြီ။ စော်ကားမှုပြုနေပြီဆိုရင်လည်းဒါတွေကို
ဖြေရှင်းရန်နည်းလမ်းရှိပါတယ်။အကယ်၍ Facebook ပေါ်မှာတင်တယ် ဆိုရင်ယင်းတင်တဲ့
Account သို့မဟုတ် Page ကို report လုပ်လို့ရပါ တယ်။မိမိအနေနဲ့ report
ကိုတစ်ယောက်တည်းထိုင်လုပ်တာထက် အနည်းဆုံး မိတ်ဆွေငါးဦး လောက်နဲ့
ပြုလုပ်သင့်ပါတယ်။ report လုပ်တဲ့
လူအရေအတွက်များလေလေယင်းအကြောင်းအရာဟာဖျက်ပယ်ခြင်းခံရရန်
မြန်လေလေပဲဖြစ်ပါတယ်။ အန္တရာယ်ဆိုတာမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။မိမိရဲ့သူများမပြဝံ့တဲ့ဓာတ်ပုံ မျိုးတွေ၊ဗီဒီယိုမျိုးတွေ၊စာမျိုးတွေရှိနေရင်မလုံခြုံတော့ပါဘူး။နည်းပညာပစ္စည်းများရဲ့သားကောင်ဟာမိမိ ကိုယ်တိုင်
ဖြစ်လာပါလိမ့်မယ်။ချစ်သူရည်းစားဖြစ်တိုင်း အယုံလွယ်ပြီး
ဓာတ်ပုံ၊ဗီဒီယိုများလွတ်လပ်စွာရိုက်ခွင့်မပေးပါနဲ့။ဒါတွေဟာမိမိအတွက်တစ်ဘဝစာဆုံးရှုံးနစ်နာသွားစေပါ လိမ့်မယ်။
Privacy, Security ဆိုတာကိုယ့်
အကောင့်မှာတင်လုပ်ရန်မဟုတ်ဘဲသွားလာတဲ့အခါသွားသတိ၊စားသတိ၊လာသတိ၊
မြင်သတိများနဲ့ နေထိုင် ရမှာဖြစ်ပါတယ်။
မိမိအနေနဲ့ Password
များထားရှိတဲ့အခါလူတိုင်းလွယ်တကူခန့်မှန်းလို့ရတဲ့ Password
များမထားရှိမိပါစေနဲ့။ Password တွေမှာအရေးအကြီးဆုံးက Email Password
ဖြစ်ပါလိမ့်မယ်။အကယ်၍မိမိရဲ့ Email Password
လုံခြုံရေးသာပျက်သွားမယ်ဆိုရင်ယင်းအကောင့်နဲချိတ်ထားတဲ့ဖွင့်ထားတဲ့
ရှိသမျှအကောင့်အားလုံးပျက်ဆီးပါသွား ပါလိမ့်မယ်။ Password ထားမယ်
ဆိုရင်မိမိရဲ့စကားဝှက်တစ်ခုခုနဲ့မှတ်ရခက်တဲ့ဂဏန်းများကိုထားရှိသင့်ပါ
တယ်။ဒါပေမယ့်ကိုယ်ကိုယ်တိုင်ဟာလည်းဒါကိုမှတ်ထားဖို့လိုအပ်ပါတယ်။
အနည်းဆုံး၈လုံးပါတဲ့ Password ဖြစ်ရပါမယ်။
<အကျိုးရှိရာ App လေးများအသုံးပြုစေလို>
အွန်လိုင်းသုံးတယ်ဆိုရင်ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်၊မိုဘိုင်းဖုန်းနဲ့ပဲဖြစ်ဖြစ်အကျိုးရှိရာသုံးရန်
App တွေအများကြီးရှိပါတယ်။တစ်ရက်တစ်ရက် Candy Crush, Pirate King, Farm
Ville အစရှိသဖြင့်တို့နဲ့ ဆော့နေလို့အကျိုးရှိတယ်လို့ မဆိုလိုပါဘူး။သူဟာ
Entertainment အဆင့်မှာပဲရှိပါသေးတယ်။မိမိအနေ
နဲ့ပိုပြီးတော့အကျိုးရှိချင်တယ်ဆိုရင်သတင်းလေးတွေ၊အင်္ဂလိပ်စာ လေ့လာ
စရာလေးတွေ၊ဗဟုသုတရှာမှီးစရာလေးတွေများစွာ များစွာရှိပါတယ်။ စာရေးသူဆိုရင်
Mashable, Linkedin, Bogger, WordPress, HTML အစ ရှိသဖြင့် App
များအနေနဲ့ရောဝက်ဆိုက်အနေနဲ့ရောများစွာဖုန်းထဲကော၊
လပ်တော့မှာပဲကြည့်ဖြစ်သုံးဖြစ်ပါတယ်။ Facebook ပေါ်မှာတစ်နေကုန်
ရှိနေလို့ဘဝအတွက်အကျိုးများစွာ ဖြစ်ထွန်းစေမှာမဟုတ်ပါဘူး။ တစ်ရက်မှာ
အနည်းဆုံးသိစရာဗဟုသုတဘယ်နှစ်ခုရှိရမယ်ဆိုတဲ့မှတ်တိုင်မျိုးထားလို့
လေ့လာရှာမှီးစေချင်ပါသေးတယ်။ အကယ်၍အကျိုးရှိရာသုံးတယ်ဆိုတာဘာကိုသုံးတာမှန်းမသိရင်လွယ်ပါတယ်။
Google ထဲကနေပြီးတော့မိမိသိချင်
ရာတစ်ခုခုကိုရိုက်လိုက်ပါ။သူကနေပြီးတော့မိမိသိသင့်တဲ့အရာ၊ နေရာကို
ချက်ချင်းညွန်ပြပေးပါလိမ့်မယ်။ကျွန်တော်တို့ကိုယ်တိုင်ကလည်းဘယ်ဟာ လေးတော့
ကောင်းတယ်ဘယ် ဟာလေးတော့မကောင်းဘူးအစရှိသဖြင့် တို့က Google
ရဲ့ညွန်ပြပေးမှုကြောင့်သိရှိလာရခြင်း ဖြစ်ပါတယ်။အဲဒီမှာ English
လိုရိုက်ရှာခြင်းဖြင့်အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။
<အွန်လိုင်းအခမဲ့သင်တန်းများတက်စေလို>
Khan Academy, Coursera တို့အပြင်အခြားသောအွန်လိုင်းမှာ နာမည်ကြီး
တဲ့အခမဲ့သင်တန်းများစွာရှိပါတယ်။သူတို့ကနေပြီးတော့မိမိကိုယ်သင်ပေးနိုင်တဲ့ဘာသာရပ်ကမနည်းပါဘူး။ အင်္ဂလိပ်စာကနေစလို့၊စီးပွားရေးပညာ၊အိုင်တီပညာအပြင်အခြားသောအထူးပြုများစွာရှိပါတယ်။
IT အတွက်ဆိုရင် Microsoft, Java, Codecademy, Cisco, Juniper
တို့အပြင်အခြားသော
အရင်းအမြစ်များစွာလည်းရှိနေပါသေးတယ်။ဒါတွေအားလုံးဟာအခမဲ့ပါ။
အင်တာနက်ဖုန်းဘေလ်ဖိုးကတော့မိမိကိုယ်တိုင်ကျခံရန်လိုအပ်ပါတယ်။
ကျွန်တော်တို့ဆိုရင်ဖုန်းအင်တာနက်လည်းမတက်နိုင်တဲ့အချိန်အခါတုန်းက
ရုံးမှာအလုပ်ကိုငါးနာရီ ပြီးရင်ရုံးမဆင်းသေးပဲမိမိလေ့လာချင်တာ လေ့လာဖို့
အတွက်အင်တာနက်ကိုဆက်ပြီးတော့သုံးပါတယ်။လိုလျှင်ကြံဆနည်းလမ်းရဆိုသလိုပါပဲမိမိမှာတကယ်သင်ယူ တတ်မြောက်ချင်တဲ့စိတ်ရှိရင်အလို
အလျောက်ကိုရှာဖွေဆည်းပူးသွားပါလိမ့်မယ်။ဒီတော့မိမိမှာလေ့လာသင်ယူ
ချင်စိတ်ရှိဖို့သာအဓိကပါ။ဒါပေမယ့်သိထားရမှာကသူတို့အများစုဟာအင်္ဂလိပ်လို
ရေးထားခြင်း ဖြစ်တာကြောင့် အင်္ဂလိပ်စာအရေးအသားများကိုတော့
ဖတ်တတ်ဖို့လိုအပ်ပါသေးတယ်။
<အွန်လိုင်းမှာအလုပ်အကိုင်ရှာစေလို>
အွန်လိုင်းကနေအလုပ်အကိုင်ရှာလို့ရတဲ့ဝဘ်ဆိုဒ်တွေအများကြီးရှိပါတယ်။
work.com.mm, Myjobs.com.mm တို့လိုဝဘ်ဆိုဒ်များရှိပြီးအခြားသော
အလုပ်အကိုင်အတွက်တင်ပေးတဲ့ဝဘ်ဆိုဒ်တွေအများကြီးရှိပါတယ်။အဲ့ဒီ ထဲမှာက
Linkedin (www.linkedin.com)
ကိုလမ်းညွန်ပါရစေ။သူဟာလည်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပေမယ့်ထူးခြားတာက
Profile အကောင့်ကို
အချက်အလက်အစုံဖြည့်ထားပြီးရင်လုပ်ငန်းရှင်တွေကကိုယ့်ကိုယ်ဆက်သွယ်လာပြီးအလုပ်အကိုင်နဲ့ပက်သက် လို့
မေးမြန်းခြင်း၊ ခေါ်ယူခြင်းဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် LinkedIn Profile
ထားရှိခြင်းကြောင့်နိုင်ငံတကာ နဲ့
ရင်ဘောင်တန်းတဲ့ဒေသတွင်းကအလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိပါတယ်။ဒါကလည်းမိမိမှာအတွေ့ အကြုံဘယ်လောက်ရှိတယ်၊အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကိုထည့်သွင်း
ဖော်ပြထားဖို့လိုအပ် ပါတယ်။ သူတို့ကအဲ့အချက်တွေကိုကြည့်ပြီးသဘောကျလို့
ခေါ်ယူခြင်းဖြစ်ပါတယ်။
မိမိအနေနဲ့ဒါကြောင့်မို့ကိုယ်တိုင်လည်းအလုပ်လုပ်ဖူးထားတယ်။အတွေ့အကြုံရှိတယ်။တကယ်လည်းဖော်ပြ ထားသလို
တော်တယ်တတ်တယ်ဆိုရင်
အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေရရှိမှာပါ။ဒါကြောင့်မို့ Facebook
သုံးနေတာတင်မကဘဲအွန်လိုင်းကနေလည်းအလုပ်ရှာတတ်အောင်လုပ်ယူသင့်ပါသေးတယ်။
<အွန်လိုင်းမှာမိတ်ဆွေကောင်းများရှိစေလို>
အွန်လိုင်းမှာမိတ်ကောင်း၊ ဆွေကောင်းများလည်းရှိသင့်ပါသေးတယ်။ Facebook
မှာပဲ ဖြစ်ဖြစ်ဘယ် Social Mediaပေါ်မှာပဲဖြစ်ဖြစ် မိတ်ဆွေ
ကောင်းရှာတတ်ထားတတ်ရင်ရှိနိုင်ပါတယ်။အချို့ဆိုဖူးစာရှာတွေ့တတ်ပါ တယ်။
အချို့ကျတော့လည်းလူလိမ်တွေနဲ့ တွေ့တတ်ပါတယ်။ အချို့ကျ
တော့လည်းကိုယ့်ကိုအန္တရာယ်ပေးတတ်သူများနဲ့ တွေ့ပါတယ်။မိတ်ဆွေ
ကောင်းကတော့အပြင်က သိတဲ့သူတွေကပိုပြီးတော့စိတ်ချယုံကြည်ရပါတယ်။အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့သူတွေနဲ့
ဖြစ်တယ်ဆိုရင် လည်း စကားပြောတဲ့ အခါဆင်ခြင်ကြံဆပြီး
ပြောရန်လိုအပ်ပါတယ်။အပြင်မှာတွေ့ဖို့ ခေါ်တိုင်း
သတိမကပ်ပဲတစ်ကိုယ်တည်းမသွားမိပါစေနဲ့။လူသားတွေဟာအွန်လိုင်းပေါ်မှာအချိန်ပေးမှုများလာ တာကြောင့်ပိုပြီးတော့အထီးကျန်လာကြပါတယ်။
အွန်လိုင်းမှာမိတ်ဆွေကောင်းရှိတော့ကိုယ့်အတွက်အကျိုးရှိရာlink လေးများ၊
အချက်အလက်လေးများ၊အကြောင်းအရာလေးများကိုသူတို့ကရှာဖွေကူညီ
ပေးသွားပါလိမ့်မယ်။ဒီတော့ ကိုယ့်ဘက်ကလည်းသူတစ်ဖက်သားအတွက်
သိရန်၊ကောင်းသည်များရှိတဲ့အခါမျှဝေပေးသင့်ပါတယ်။
<အီးမေးလ် (၂)ရက်တစ်ခါစစ်ပါ>
အမှန်တော့အီးမေးလ်ကိုတစ်ရက်တစ်ခါစစ်သင့်တာပါ။ဒါပေမယ့်
အင်တာနက်အခက်အခဲရှိတယ်ဆိုရင်တော့၂ရက်တစ်ခါစစ်လည်း
အဆင်ပြေပါတယ်။မင်းသမီးမဆွေဇင်ထိုက်ဟာသူမရဲ့ဘဝကိုအီးမေးလ်တစ်စောင်က
ပြောင်းလဲပေး ခဲ့ကြောင်းကို Connected Women Conference မှာသူမ
ပြောလို့သိရှိနားထောင်ခဲ့ဖူးပါတယ်။သူမကိုအမေရိကန် NGO
အဖွဲ့အစည်းတစ်ခုမှအီးမေလ်းပို့တာကိုတွေ့ရှိခဲ့ပြီး နောက်တော့ အမေရိကန်
အထိသွားရတဲ့အပြင်အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့ပြီးယနေ့တော့လူတိုင်းသိတဲ့လူမှုရေးလုပ်ငန်းပြု လုပ်သူအများလေးစားချစ်ခင်ရတဲ့
ဆရာမကြီး
တစ်ဆူဖြစ်နေပါပြီ။ဒါကြောင့်မို့မိမိအနေနဲ့အင်တာနက်သုံးပြီဆိုရင်အီးမေးလ်လေးတော့အသုံးပြုသင့်ပါသေး တယ်။အီးမေလ်ကိုလုံခြုံအောင်ထားပါ။ဒီတိုင်း
ကြီးလည်းမသုံးဘဲမနေပါနဲ့။လိပ်စာကတ်တွေမှာထည့်သုံးပါ။ဝက်ဆိုက်တွေ
မှာအချက်အလက်ယူဖို့ Member ဝင်တဲ့အခါသုံးပါ။ဟောပြောပွဲ၊ ဆွေးနွေးပွဲ
တွေတက်ရင်လည်းစာရင်းသွင်းတဲ့အခါပေးခဲ့ပါ။ဒီတော့ကိုယ်ဟာ သတင်း
အချက်အလက်များနဲ့မပျက်တော့ဘဲအခွင့်အလမ်းသစ်များတောင်
ပေါ်ပေါက်နိုင်ပါသေးတယ်။အီးမေးလ်ကို ကွန်ပြူတာပေါ်မှာ mail.google.com မှာသုံးလို့ရသလိုဖုန်းမှာဆိုရင် Gmail app တို့ကို အသုံးပြု လို့သုံးနိုင်ပါသေးတယ်။
ဒါကြောင့်မို့အနှစ်ချုပ်အားဖြင့်အင်တာနက်၊အွန်လိုင်းကိုအကျိုးရှိရှိအသုံးချဖို့ဆိုရင်
မှန်ကန်သောအရင်းအမြစ်များမှသတင်းအချက်အလက်များ ဖတ်ရှုခြင်း
အင်တာနက်မှာမိမိရဲ့လုံခြုံရေး မြင့်တင်ခြင်း၊အကျိုးရှိရာApp လေးများ
အသုံးပြုခြင်းအွန်လိုင်းအခမဲ့သင်တန်းများတက်ခြင်း၊ အွန်လိုင်း
မှာအလုပ်အကိုင်ရှာခြင်းအွန်လိုင်းမှာမိတ်ဆွေကောင်းများရှိခြင်း၊အီးမေးလ်၂ရက်တစ်ခါစစ်ခြင်းတို့ကိုပြုလုပ် ရမှာဖြစ်ပါတယ်။အင်တာနက်အွန်လိုင်းဆိုတာသမုဒ္ဒရာကြီးတစ်ခုသဖွယ်
ဖြစ်လို့နေပါပြီ။သတင်းအချက် အလက်ပေါင်း
သိန်းပေါင်း၊သန်းပေါင်းမြောက်များစွာရှိနေပြီဖြစ်ပြီးဒါတွေကိုသုံးတတ်ရင်
ဆေးစွမ်းပဲဖြစ်ပါတယ်။မိမိဘဝကို လက်ရှိရှိရင်းစွဲကနေပညာတတ်ကြီး တစ်ယောက်
ဖြစ်သွားအောင်အထိ ထောက်ပံ့ပြုပေးသွားနိုင်မယ့် အချက်
အလက်များဖြစ်ပါတယ်။ဒါကြောင့်မို့စာရေးသူယခုပြောတဲ့အချက်တွေမှာတင်မကျေနပ်ဘဲထပ်ထပ်ပြီးတော့ ဆည်းပူးလေ့လာရန်လိုအပ်ပါကြောင်းတိုက်
တွန်းလို့နိဂုံးချုပ်အပ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal