12/02/2015

♪ ဈေးနှုန်းသင့်တင့်မျှတသည့် Tablet ၀ယ်ယူလိုသူများအတွက် - Lenovo A3300 Tablet - Price- 135,000 K ♫


Price- 135,000 K
အားသာချက်
GSM အသုံးပြုသူများ သုံးစွဲနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်တဲ့အပြင် ကင်မရာပိုင်းကလည်း ကောင်းမွန်ပါတယ်။

သုံးသပ်ချက်
ဈေးနှုန်းချိုသာတဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်သလို၊ SIM Card ထည့်သွင်း အသုံးပြုနိုင်မယ့် Tablet တစ်ခုဖြစ်ပါတယ်။ ခရီးသွားလာနေကျ လူများအဖို့ အလွယ်တကူ သယ်ယူသွားနိုင်မယ့် Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇိုင်း
Tablet ရဲ့ စပီကာကို အပေါ်ဘက်မှာ တပ်ဆင်ပေးထားပြီး၊ Volume အတိုးအလျှော့ Button ကို tablet ရဲ့ ညာဘက်အခြမ်း အပေါ်ဘက်နားမှာ တပ်ဆင်ထားပါတယ်။  အနောက်ဘက်ကင်မရာကို ဘယ်ဘက်ထောင့်စွန်းတွင် ထည့်သွင်းပေးထာား တာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ  သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Storage များများ အသုံးပြုချင် သူများအတွက် 64 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System က တော့ Android 4.4.2 Version ကို အသုံးပြုထားပြီး Display Screen မှာ IPS  capacitive multi-touch screen ကို အသုံးပြုထားတာပါ။ Resolution ကတော့  1024  x 600 resolution ရှိပြီး Screen အရွယ်အစားကတော့ ၇ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာလည်း နောက်ဘက်ကင်မရာဟာ 2.0 Megapixels ရှိမှာဖြစ်ပြီး ရှေ့ကင်မရာကတော့ 0.2  Megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပြီး ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 3500mAh ရှိမှာဖြစ်ပါတယ်။ MP3, WAV, AAC, WMA, OGG, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပြီး၊ Video ပိုင်းမှာလည်း 1080p HD Video များကိုလည်း ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ် ဝယ်ယူနိုင်မည့် လိပ်စာ
T-Land IT, Digital & Mobile
ဖုန်း - ၃၈၂၈၆၈

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com