VIVO
သည် ကောင်းမွန်သော ဖုန်းတွင်းအစိတ်အပိုင်း၊ သတ္တုကိုယ်ထည်နှင့် Super
AMOLED display ပါဝင်သော စမတ်ဖုန်းသစ်နှစ်မျိုးကို တရုတ်နိုင်ငံ၊
ဘေကျင်းမြို့ရှိ Beijing National Aquatics Center တွင် မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ စမတ်ဖုန်းသစ် နှစ်မျိုးအနက် VIVO X6 တွင် ၅.၂ လက်မ Full HD Super AMOLED display, 1.7GHz MediaTek MT6752 Octa Core SoC နှင့် Mali T760 graphics, 4GB RAM, 32GB on-board storage, 13-megpixel ကျောဘက်ကင်မရာနှင့် 8-megapixel အရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ MicroSD အထောက်အပံ့နှင့် လက်ဗွေဖတ်စနစ် ပါဝင်ပြီး ဘက်ထရီက 2,400 mAh ဖြစ်သည်။ အရွယ်အစားက ၁၄၇ x ၇၃.၈ x ၆.၆ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ်ဖြစ်သည်။ 4G LTE နှင့် Dual SIM အထောက်အပံ့ ပါဝင်ပြီး Android 5.1 ကို အခြေခံထားသော VIVO ၏ Funtouch OS ကို အသုံးပြုထားသည်။
VIVO X6 Plus တွင် ၅.၇ လက်မ Full HD Super AMOLED display, 1.7GHz MediaTek MT6752 Octa Core SoC နှင့် Mali T760 graphics, 4GB RAM, 64GB on-board storage, 13-megpixel ကျောဘက်ကင်မရာနှင့် 8-megapixel အရှေ့ဘက်ကင်မရာတို့ ပါဝင်သည်။ MicroSD အထောက်အပံ့နှင့် လက်ဗွေဖတ်စနစ် ပါဝင်ပြီး ဘက်ထရီက 3,000 mAh ဖြစ်သည်။ 4G LTE, Dual SIM အထောက်အပံ့ ပါဝင်ပြီး ES9028 နှင့် Yamaha YSS-209X Hi-Fi Audio ဖြင့် သုံးနိုင်သည်။ ၎င်းတွင်လည်း Android 5.1 ကို အခြေခံထားသည့် VIVO ၏ Funtouch OS ကို အသုံးပြုထားသည်။
အဆိုပါ စမတ်ဖုန်းသစ်နှစ်မျိုး၏ ဖုန်းတွင်းအစိတ်အပိုင်းသည် အနည်းငယ်သာကွာခြားပြီး ကိုယ်ထည်ကို အလူမီနီယံ-မဂ္ဂနီဆီယမ် သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့တွင် ပါဝင်သော လက်ဗွေစနစ်သည် ၃၆၀ ဒီဂရီ အသုံးပြုနိုင်ပြီး ၀.၄ စက္ကန့်အတွင်း unlock လုပ်နိုင်ကြောင်း VIVO မှ ပြောကြားသည်။
၎င်းစမတ်ဖုန်းများကို ဒီဇင်ဘာ ၇ ရက်တွင် ရောင်းချမည် ဖြစ်ပြီး တန်ဖိုးမှာ VIVO X6 အတွက် ၄၀၆ ဒေါ်လာနှင့် VIVO X6 Plus အတွက် ဒေါ်လာ ၅၀၀ ကျသင့်မည်ဖြစ်သည်။
Ref: AndroidAuthority

Credit to ==> Internet Journal