Android
အသုံးပြုထားသော ဖုန်းများသည် မိုဘိုင်းဈေးကွက်လွှမ်းမိုးထားလျက်ရှိသည်။
အကောင်းဆုံး Android စမတ်ဖုန်းများ ရွေးချယ်ရာတွင်
အချိန်အပိုင်းအခြားတစ်ခုအတွင်း ထွက်ပေါ်နေသည့် အကောင်းဆုံး စမတ်ဖုန်းများကို
ရွေးချယ်ရလေ့ရှိသည်။ သို့သော် Android ဖုန်းများသည် အခြား platform
များနှင့် ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်ကောင်းအနည်းငယ်သာရှိသည်။ Android
ဖုန်းအချင်းချင်းပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်သည်။
Android ဈေးကွက်တွင် တန်ဖိုးကြီးဒီဇိုင်းမှ feature များစွာ ပါဝင်သည့်ဖုန်းများနှင့် တန်ဖိုးသင့်တင့်သည့် ဖုန်းများ တွင်ကျယ်လာမှုများအထိ အမျိုးမျိုးသော စမတ်ဖုန်းများ ရှိနေသည်။
သို့သော်လည်း အကောင်းဆုံးဖုန်းများသည် ပုဂ္ဂိုလ်ရေးခံစားချက်နှင့်သာ သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် အကောင်းဆုံးဖုန်းအဖြစ် သတ်မှတ်ရာတွင် ဖုန်း၏အသေးစိတ်အချက်အလက်နှင့် feature စာရင်းများဖြင့် လုံလောက်မှုမရှိပေ။ အောက်ပါစာရင်းတွင်မူ သုံးစွဲသူများ အရွေးမှားမဖြစ်ပေါ်စေရန် တတ်အားသရွေ့ အကောင်းဆုံး စမတ်ဖုန်းများကို ဖော်ပြပေးထားပါသည်။
Samsung Galaxy S6 နှင့် S6 Edge
Samsung Galaxy S6 စမတ်ဖုန်းများတွင် ရှေ့ပိုင်းကို ဖန်ထည်နှင့် နောက်ဘက်ကို သတ္တုကိုယ်ထည်ဖြင့် ဖန်တီးထားပြီး တန်ဖိုးကြီး စမတ်ဖုန်းအဖြစ် ဖြန့်ချိထားသည်။ Samsung သည် ဖုန်းကျောဘက်နှင့် ဘက်ထရီ ဖြုတ်နိုင်၊ တပ်နိုင်သည့် ဒီဇိုင်းကို ပြောင်းလဲထားသည်။ ထို့အပြင် Galaxy S6 တွင် microSD slot ပါဝင်လာခြင်း မရှိပေ။
Galaxy S6 ၏အကြီးအကျယ်ဆုံး အပြောင်းအလဲမှာ Qualcomm အစား Exynos 7420 ပရိုဆက်ဆာ အသုံးပြုထားပြီး RAM 3GB နှင့်တွဲဖက်ထားသည်။ Galaxy S6 တွင် နောက်ဆုံးပေါ် operating system ကိုအသုံးပြုထားသည်။
Galaxy S6 Edge သည် Galaxy S6 ကဲ့သို့အသေးစိတ်အချက်အလက်များ တူညီသော်လည်း ဖုန်း၏ဘေးနှစ်ဖက်တွင် အစွန်းနှစ်ခုပါဝင်လာပြီး ဖုန်းဒီဇိုင်းကြောင့် ထူးခြားသည့် feature အနည်းငယ် ပါဝင်လာသည်။
Specs
5.1-inch Super AMOLED with 2560 x 1440 resolution, 577 ppi
Exynos 7420
3GB of RAM
32/64/128GB storage options (non-expandable)
16 MP rear camera with OIS
5 MP front-facing camera with 90 degree wide angle lens
Non-removable 2,550 mAh battery (S6), 2,600mAh battery (S6 Edge)
143.4 x 70.5 x 6.8 mm, 138 grams
Android 5.1.1 Lollipop with TouchWiz
Nexus 6P
Huawei မှ ထုတ်လုပ်သော Nexus 6P တွင် မျက်နှာပြင် အရွယ်အစား ၅.၇ လက်မ Quad HD AMOLED display အသုံးပြုထားသည်။ ထို့အပြင်ဖုန်း၏ စွမ်းဆောင်ရည်ကို အလွန်တရာ မြန်ဆန်စေသည့် Snapdragon 810 ပရိုဆက်ဆာအပြင် 3450mAh ဘက်ထရီအသုံးပြုထားကာ ကျောဘက်ကင်မရာ 12MP ပါဝင်သည်။ Nexus 6P သည်အလွန်ဈေးနှုန်းသက်သာပြီး Google Store တွင် ကန်ဒေါ်လာ ၄၉၉ ဖြင့်ရောင်းချလျက်ရှိသည်။
Specs
5.7-inch AMOLED display with 1440 x 2560 resolution
Qualcomm Snapdragon 810 processor
3GB of RAM
32/64/128GB of on-board storage, no microSD card slot
12MP rear-facing camera, 8MP front-facing camera
Non-removable 3450mAh battery
159.3 x 77.8 x 7.3mm, 178g
Aluminum, Graphite, Frost
Android 6.0 Marshmallow
LG G4
LG G4 သည် ဖြုတ်နိုင်၊ တပ်နိုင်သည့် နောက်ဘက်ကာဗာပါဝင်သည့်
ဖုန်းအနည်းငယ်အနက် တစ်ခုဖြစ်သည်။ ယခုအခါတွင် ထိုသို့ဖုန်း၏ ကျောဘက်ကို
ဖြုတ်နိုင်၊ တပ်နိုင်ပြီး ဘက်ထရီအစားထိုးနိုင်သည့် ဖုန်းများ
တွေ့ရနည်းသွားပြီ ဖြစ်သည်။ G4 တွင် Quad HD display ကိုအသုံးပြုထားသလို
ကင်မရာအတွေ့အကြုံမှာလည်း ထူးခြားသည်။ LG G4 ၏မြန်ဆန်သော software
ပိုင်းကြောင့် အလွန်ကောင်းမွန်သော ထုတ်ကုန်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
Specs
5.5-inch LCD Quantum Dot display with a 2560 x 1440 resolution (534 ppi)
1.82 GHz hexa-core Qualcomm Snapdragon 808 processor
Adreno 418 GPU
3GB of RAM
32GB of on-board storage, expandable via microSD up to 128GB
16 MP rear camera with LED flash, 8 MP front-facing camera
3,000 mAh battery
Android 5.1 Lollipop
148.9 x 76.1 x 6.3 – 9.8 mm, 155 grams
LG V10
သုံးစွဲသူများအနေဖြင့် LG G4 ကို စိတ်ကျေနပ်မှုမရှိပါက V10 ကို လေ့လာကြည့်သင့်ပါသည်။ V10 တွင် စွမ်းဆောင်ရည်မြင့် Snapdragon 808 ပရိုဆက်ဆာနှင့် G4 ကဲ့သို့ ကျောဘက်ကင်မရာ 16MP ပါဝင်သည်။ V10 တွင် ဒုတိယမျက်နှာပြင်ဟု ခေါ်ဆိုသည့် “ticker” display ပါဝင်သည်။ အဆိုပါ display အပိုသည် အဓိကမျက်နှာပြင် ဖွင့်စရာမလိုဘဲ သုံးစွဲသူများအတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို ဖော်ပြမည် ဖြစ်သည်။ ၎င်းမျက်နှာပြင်သည် app shortcut များ၊ သတိပေးချက်များနှင့် ရာသီဥတုနှင့် ဘက်ထရီပမာဏအချက်အလက်များ ပြသပေးမည် ဖြစ်သည်။
V10 တွင်မြင်ကွင်းကျယ် selfie ရိုက်ကူးရန် ရှေ့ကင်မရာ၂ခုပါဝင်သလို လုံခြုံမှု အသားပေး လက်ဗွေဖတ်စနစ် ပါဝင်လာသည်။ LG ၏ V10 သည်ဗီဒီယိုများကို manual mode ဖြင့်ရိုက်ကူးနိုင်သည့် ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်သည်။
Specs
Main display: 5.7-inch IPS Quantum Display with 2560 x 1440 resolution, 513ppi
Secondary display: 2.1-inch IPS Quantum Display with 160 x 1040 resolution, 513ppi
Hexa-core Qualcomm Snapdragon 808 processor
Adreno 418 GPU
4GB of RAM
64GB of on-board storage, microSD expansion up to 2TB
16MP rear-facing camera, 5MP Dual Lens front-facing camera
Removable 3000mAh battery
Android 5.1 Lollipop
159.6 x 79.3 x 8.6mm, 192g
Space Black, Luxe White, Modern Beige, Ocean Blue, Opal Blue
Motorola Moto X Style (Pure Edition)
Motorola သည် Moto X Style ဖုန်းကို စွမ်းဆောင်ရည်၊ ရိုးရှင်းမှု၊ ဈေးနှုန်းနှင့် စတိုင်လ်များအကြား ဟန်ချက်ညီရန် ထိန်းသိမ်းထားသည်။ Moto X Style ၏ထူးခြားချက်မှာ သုံးစွဲသူက စိတ်ကြိုက် ပြင်ဆင်ထားသည့် ဒီဇိုင်းကို မှာယူနိုင်ခြင်း ဖြစ်သည်။ သုံးစွဲသူအနေဖြင့် ဝက်ဘ်ဆိုက်တွင် Moto X ၏ သတ္တုဧရိယာ တစ်ဝိုက်ကို လိုချင်သည့်အရောင် ထည့်သွင်းခြင်း၊ ကျောဘက်တွင် စာများ ထည့်သွင်းခြင်းနှင့် ကာဗာကို သားရေ၊ သစ်၊ ရာဘာနှင့် အခြားအရာဖြင့် မှာယူနိုင်သည်။
ထို့အပြင် Moto X Style သည် hardware ပိုင်းတွင်လည်း အခြားစမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်သည်။ စမတ်ဖုန်းမျက်နှာပြင်ကြီးမားခြင်းသည် OnePlus 2, Nexus 6, LG G4 နှင့် Galaxy Note ကဲ့သို့စမတ်ဖုန်းများနှင့် ပြိုင်ဘက်များဖြစ်လာသည်။ ၎င်းတွင်ပါဝင်သည့် ပရိုဆက်ဆာမှာ အကောင်းဆုံးမဟုတ်သော်လည်း အကောင်းဆုံး chipset မပါဝင်သည့် အမြန်ဆန်ဆုံး ဖုန်းအဖြစ် အချိန်ဖြင့် သက်သေပြထားသည်။ Moto X Style ၏ဈေးနှုန်းမှာလည်း ကန်ဒေါ်လာ ၃၉၉ သာရှိသည်။
Motorola သည် Style အမှတ်တံဆိပ်ဖြင့် ဈေးကွက်အများအပြားတွင် ရောင်းချနေသော်လည်း အမေရိကန်နိုင်ငံတွင်မူ Moto X Pure Edition အမည်ဖြင့် ရောင်းချလျက်ရှိသည်။
Specs
5.7-inch display with QHD 2560x1440p resolution
1.8GHz Qualcomm Snapdragon 808 CPU
3GB of RAM
16/32/64GB of on-board storage, microSD expansion up to 128GB
21MP rear cam, 5MP front camera
Non-removable 3000mAh battery
153.9 x 76.2 x 11.06 mm, 179g
Customizable via Moto Maker
Water resistant
Android 5.1.1 Lollipop
Samsung Galaxy Note 5
Samsung သည် မျက်နှာပြင်ကြီးမားသော စမတ်ဖုန်းအများအပြားကြားတွင် ဦးဆောင်နေလျက်ရှိဆဲ ဖြစ် သည်။ Galaxy Note 5 ၏မျက်နှာပြင်အရွယ်မှာ ၅.၇လက်မဖြစ်ပြီး စွမ်းဆောင်ရည်မြင့် Exynos 7420 CPU နှင့် ကျောဘက်ကင်မရာမှာ 16 MP ဖြစ်သည်။ Galaxy Note 5 သည် ဈေးကွက်တွင်းရှိ အကောင်းဆုံး Android ဖုန်းများအနက် တစ်မျိုးဖြစ်သည်။
Samsung Galaxy Note 5 တွင် S6 ကဲ့သို့ ဖန်ကိုယ်ထည်ကို အသုံးပြုထားသည်။ ယခင် Note မျိုးဆက်ထက် ကောင်းမွန်သော S Pen နှင့် multitask feature များပါဝင်သောကြောင့် အလုပ် လုပ်ကိုင်ရာတွင် လွယ်ကူသည်။ ထို့အပြင် Note 5 တွင်ပါဝင်သော software မှာ သပ်ရပ်ရိုးရှင်းသည်။
Samsung သည် microSD card slot နှင့် ဖြုတ်နိုင်၊ တပ်နိုင်သည့် ဘက်ထရီ ဒီဇိုင်းကို Note 5 တွင်လည်း အသုံးပြုထားခြင်း မရှိပေ။
Specs
5.7-inch Super AMOLED display with 1440 x 2560 resolution
Samsung Exynos 7420 processor
4GB of RAM
32/64GB of on-board storage, no microSD card slot
16MP rear cam, 5MP front cam
Non-removable 3000mAh battery
153.2 x 76.1 x 7.6 mm, 171g
Black Sapphire, Gold Platinum, Silver Titan, White Pearl
Android 5.1.1 Lollipop
Sony Xperia Z5
Sony သည် Xperia Z5 Compact နှင့် Z5 Premium နှင့်အတူ Xperia Z5 ကိုလည်း မိတ်ဆက်ခဲ့သည်။ Xperia Z5 တွင် ကျစ်လစ်သော ဒီဇိုင်း၊ အရည်အသွေးမြင့် spec များနှင့် software ပိုင်းကို ကျစ်လစ်သိပ်သည်းမှု ရှိစေရန် ပြုလုပ်ထားသည်။
Z5 ဒီဇိုင်းမှာ အခြား Sony ဟန်းဆက်ဒီဇိုင်းနှင့် များစွာကွာခြားခြင်း မရှိသော်လည်း ဈေးကွက်တွင်း အသန့်ပြန့်ဆုံး စမတ်ဖုန်းများအနက် တစ်မျိုးဖြစ်သည်။ Z5 တွင် Qualcomm Snapdragon 810 ပရိုဆက်ဆာကို RAM 3GB နှင့်တွဲဖက်ထားပြီး ဘက်ထရီမှာ 2900mAh ဖြစ်သည်။ ထို့အပြင် Xperia Z5 တွင် Sony ၏ 23MP Exmor RS ကင်မရာ sensor ကိုအသုံးပြုထားပြီး 200GB အထိတိုးချဲ့အသုံးပြုနိုင်သည့် microSD နှင့် home ခလုတ်တွင် လက်ဗွေစနစ်တို့ ပါဝင်သည်။
Sony Xperia Z5 သည် software ပိုင်းအရ ဈေးကွက်တွင်းရှိ အကောင်းဆုံး စမတ်ဖုန်းမဟုတ်သော်လည်း hardware သို့မဟုတ် အခြား feature များစွာ ပါဝင်သည်။
Specs
5.2-inch IPS LCD display with 1920 x 1080 resolution, 428ppi
64-bit octa-core Qualcomm Snapdragon 810 processor
3GB RAM
32GB storage, microSD expansion up to 200GB
23MP rear camera, 5MP front-facing camera
Non-removable 2900mAh battery
Android 5.1.1 Lollipop
146 x 72 x 7.3mm, 154g
White, Graphite Black, Gold, Green
Ref: AndroidAuthority

Credit to ==> Internet Journal