12/17/2015

♪ “OPPO က R7 Plus ရဲ့ 4GB RAM/64GB Storage Version ကိုကြေညာ” ♫


OPPO က R7 Plus ရဲ့ ဗားရှင်းအသစ်စမတ်ဖုန်းတစ်လုံးကိုကြေညာလိုက်ပါ တယ်။ OPPO R7 Plus Version အသစ်မှာ 4GB RAM, 64GB Internal Storage ပါရှိပါတယ်။ OPPO R7 Plus ရဲ့ မူလဗားရှင်းမှာတော့ 3GB RAM/32GB Internal Storage သာပါရှိပါတယ်။ ဗားရှင်းအသစ်နဲ့ အဟောင်း ရဲ့ အခြား Specifications များမှာတူညီပါတယ်။

PPO R7 Plus ရဲ့ ဗားရှင်း အသစ်မှာ Snapdragon 615 Chipset မောင်းနှင်မှာဖြစ်ပါတယ်။ OPPO R7 Plus မှာခြောက်လက်မ 1080x1920 pixels resolution display တပ်ဆင် ထားပါတယ်။ မျက်နှာပြင်မှာ AMOLED အမျိုးအစားဖြစ်ပါတယ်။ အနောက်ဘက်တွင် 13 Megapixel Camera တပ်ဆင်ထားပြီးအရှေ့ဘက် တွင် 8 Megapixel Camera ပါရှိပါတယ်။ 4100mAh Battery ထည့်သွင်း ထားပါတယ်။ Android 5.1 ကိုအခြေခံထားတဲ့ Color OS 2.1 မောင်းနှင် မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ China Unicom Model ကို ဒေါ်လာ ၄၆၅ ၀န်းကျင်ဖြင့် ရောင်းချမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာရောင်းချမယ့် အမျိုး အစားကိုဒေါ်လာ ၅၁၅ သတ်မှတ်ထားပါတယ်။

လက်ရှိမှာတရုတ်ရှိOPPO ၀က်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ OPPO R7 Plus ကိုယခု လနှောင်းပိုင်းမှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ရွှေရောင်အပါအ၀င် အခြားအရောင်များကိုလည်း ရွေး ချယ်နိုင်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com