12/17/2015

♪ Ooredoo ဆင်းမ်ကတ်ဖြင့် Viber အပါအဝင် Application လေးခုကို အခမဲ့အသုံးပြုနိုင် ♫


နှစ်သစ်ကူးပရိုမိုးရှင်းအဖြစ် Viber အပါအ၀င် Application လေးခုကို အခမဲ့ အသုံးပြုနိုင်မည်ဟု Ooredoo Myanmar က သတင်းထုတ်ပြန်လိုက်သည်။

Viber ၊ We Chat ၊ Bee Talk နှင့် My Chat စသည့် Application လေးခုကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညသန်းကောင်ယံကျော်မှစတင်၍ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညသန်း ကောင်ယံအချိန်အထိ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။

ပရိုမိုးရှင်းကာလအတွင်း အဆိုပါ Application လေးခုကို အသုံးပြု၍ စာတိုပေးပို့ခြင်း ၊ အသံနှင့် ဗီဒီယိုခေါ်ဆိုခြင်း ၊ ဓာက်ပုံ ဗီဒီယိုဖိုင်များပေးပို့ခြင်း၊ အသံဖိုင်များ စတစ်ကာများပေးပို့ ခြင်း စသည်တို့ကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။

“အခုလိုနှစ်ကုန်ပိုင်းဆိုရင် မိသားစုတွေ မိတ်ဆွေတွေ ချစ်ခင်သူတွေ ပြန်လည် ဆုံစည်းကြပါတယ်။ အပြန်အလှန် ဆုမွန်ကောင်းတွေ တောင်းလေ့လည်းရှိတယ်။ အဲဒီအတွက် ဆက်သွယ်နိုင်ဖို့ နှစ်သစ်ကူး လက်ဆောင် ပေးရခြင်းဖြစ်ပါတယ်”ဟု Ooredoo ၏ စီအီးအိုဖြစ်သူ Rene Meza က ပြောသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com