12/17/2015

♪ “MPT မှ နံပါတ်အလှများ လေလံတင်ရောင်းချမည်ဖြစ်ပြီး ရောင်းရငွေ အားလုံးကို ကျေးလက်မီးလင်းရေးလှူဒါန်းမည်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နံပါတ်အလှများလေလံတင်ရောင်းချ ရန်စီစဉ်ထားပြီး ရောင်းရငွေ အား လုံးကို ကျေးလက်ဒေသ မီးလင်းရေး အတွက် လှူဒါန်းရန်သုံးစွဲသွားမည်ဖစ်ကြောင်းသိရ သည်။နံပါတ်အလှများ လေလံတင် ရောင်းချပွဲကြီးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့ PARK ROYAL HOTEL ၌ နံနက်(၉)နာရီမှ ညနေ(၆)နာရီ အချိန် အတွင်း ပြုလုပ်သွား မည်ဖြစ်သည်။

 လေလံတင်ရောင်းချခြင်းမှရရှိသော ရောင်းရငွေအားလုံးဖြင့် Panasonic အမျိုးအစားနေရောင်ခြည် စွမ်းအင်သုံး မီးအိမ်များနှင့် အား သွင်းပစ္စည်းများကိုဝယ်ယူကာ လျှပ်စစ်မီးမရရှိသေး သော ကျေးလက်ဒေသ များသို့ မန္တလေးတွင်တည်ထောင် ထားသော ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တစ်ဆင့်လှူဒါန်း သွားပြီး ပရဟိတလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။ လေလံပွဲကို အချိန်(၂)ပိုင်းခွဲခြားထားပြီး နံနက်(၉)နာရီမှ နေ့လည်(၁)နာရီထိတစ်ချိန်၊ နေ့လည်(၂)နာရီမှ ညနေ (၆)နာရီထိတစ်ချိန်ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ MPT က တက်ရောက်လိုသူတစ်ဦးချင်းနှင့် အသင်းအဖွဲ့ များသို့ ဖိတ်ကြားထားပြီး တက်ရောက်လိုပါက vanitynumbers@myanmaremc.com သို့မဟုတ် ဖုန်းနံပါတ် ၀၁-၅၆၃၁၃၀ သို့ဆက်သွယ်ကာတက်ရောက်မည့်သူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ ကုမ္ပဏီနာမည်နှင့် ရာထူး တို့ကိုလေလံပွဲသို့တက်ရောက်ရန်ပေးပို့လျှောက်ထားနိုင်ပြီး MPT က နေရာ ကျန်ရှိမှုအနေအထားပေါ်မူတည်ပြီးလျှောက်ထားသူများထံသို့လေလံဆွဲခွင့် ဖိတ်စာကို သီးခြားအီးမေးလ်ဖြင့် ပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MPT-KSGM Joint Operation ၏ Chief Operation Officer ဖြစ်သူ Mr. Yoshiaki Benino က “ပရဟိတလှူဒါန်းမှုနဲ့ပတ်ဝန်းကျင်အကျိုးပြုဖို့ ဒီလိုပွဲလုပ်ပြီးနံပါတ်အလှတွေကိုရောင်းခွင့်ရတာ ကျွန်တော်တို့ အရမ်း ၀မ်းသာပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူ ပြုနိုင်ဖို့ဆိုတာ MPT ရဲ့ ဦးစားပေး ရည်ရွယ်ချက်ပါ။ အခုလိုမျိုးကျေးလက် ဒေသတွေမှာရှိတဲ့ ပြည်သူတွေအတွက် အလင်းရောင်နှင့်သုံးစွဲဖို့စွမ်းအင် ကိုထောက်ပံ့ပေးပြီး လူမှုအဖွဲ့အစည်းမှာ လိုအပ်နေတာတွေကို ဖြည့်ဆည်း ပေးခြင်းအားဖြင့် ကျေးလက် ဒေသရှိ ပြည်သူတွေအတွက် အကျိုးရှိတဲ့ အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့လုပ်နိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်”ဟုပြောသည်။လှူဒါန်းသွားမည့် နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များသည် ငါးနာရီကြာအားသွင်းရုံဖြင့် ၂၄ နာ ရီအထိ အသုံးပြုနိုင်သည်။ (၅)နှစ်ကြာ အသုံးခံနိုင်မည်ဖြစ်ပြီး ဘက်ထရီကို ပြန်လည်လဲလှယ်နိုင်သည်။ ထိန်းသိမ်း စရိတ် လုံးဝမရှိဘဲလည်ပတ်ရန်အတွက်လည်း ငွေကုန်ကျမှုရှိမည်မဟုတ်ပါ။ ထို့ပြင်ဤမီးအိမ်များဖြင့်ညအခါအလင်း ရောင် ကောင်းစွာရရှိနိုင်ပြီး USB ကြိုးမှ တစ်ဆင့်မိုလ်ဘိုင်းဖုန်းများကိုလည်း အားသွင်းပေးနိုင်မည်ဖြစ်သည်

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို လှူဒါန်းမှုပြုမည့်နောက်ဆုံးအဆင့် ကျေးရွာများစာရင်းကို ဖောင်တော် ဦးဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၏ အကြံပြုချက်နှင့်အညီ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရွေးချယ်မည် ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်မှာ Panasonic မှဝယ်ယူထားခြင်းဖြစ် ကာမော်ဒယ်နံပါတ်မှာ(F-KJSS11 1T-K) အမျိုး အစားဖြစ်ပါသည်။ လေလံဆွဲလိုသူ လူတစ်ဦးချင်း သို့မဟုတ် ကော်ပိုရေးရှင်း မှဧည့်သည် များအနေဖြင့် ဖိတ်ကြားလွှာကိုရရှိရန်အတွက် vanitynumbers@ myanmaremc.com သို့ ဒီဇင်ဘာ (၁၅)ရက် နေ့ထက် နောက်မကျစေဘဲ အီးမေးလ်ပေးပို့ခြင်းသို့မဟုတ် ဖုန်းနံပါတ် ၀၁-၅၆၃၁၃၀ သို့ခေါ်ဆိုခြင်းဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com