12/14/2015

♪ တန်ဖိုးငွေ 299,000ကျပ်တန်ဖိုးရှိတဲ့ - “ Kenbo Dream One (B18) “ ♫


Kenbo က ထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ အခြားစမတ်ဖုန်းတွေနဲ့ယှဉ်နိုင်တဲ့ တန်းတူအနေအထားရောက် ရှိ လာပြီး ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်အများဆုံးအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာနိုင်ပြီဖြစ် ပါတယ်။ လူတန်းစားမရွေး ၀ယ်ယူသုံးစွဲနိုင်အောင် ချိုသာတဲ့ဈေးနှုန်းနဲ့လည်း အလွယ်တကူရရှိနိုင်အောင် Kenbo က စီစဉ်ပေးထားပြီး ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ System, App နဲ့ Feature တွေကို အကောင်းဆုံးတွေပဲ ရွေးကာ အသုံးပြုဖန်တီးပေးထားပါတယ်။ အခု Kenbo B18 မှာဆိုရင်လည်း အလွန်လှပတဲ့ဒီဇိုင်းက ဦးဆောင် နေပြီး 5.1mm အထူသာရှိတဲ့ ပါးလွှာတဲ့စမတ်ဖုန်းဟာ ဒီဇိုင်းဆွဲဆောင်မှု ရှိရုံနဲ့ မလုံလောက်သေးဘဲ အတွင်းပိုင်း စွမ်းဆောင်ရည်တွေကိုပါ မြှင့်တင်ပေးထားတာတွေ့ရပါ တယ်။ မြန်မာဘာသာအပါအ၀င် ဘာသာစကား အမျိုးအစားပေါင်း ၂၀ ခန့်ကို အသုံးပြုလို့ရအောင် ထည့်သွင်းထားပါတယ်။ Google Play လည်းပါဝင်ပြီး ဘက်ထရီအတွက် Smart Standby နဲ့ Super Low Power Feature တို့သုံးနိုင်တာမို့ ဘက်ထရီသက်တမ်းကို ချွေတာထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်။

* Design & Build *
Kenbo B18 ရဲ့ ဆွဲဆောင်မှုရှိတဲ့ကိုယ်ထည်ကို 5.1mm အထူနဲ့ 98g အလေးချိန်တို့နဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ 5.1mm အထူသာရှိတာမို့ အပါးလွှာဆုံးဖုန်းတစ်လုံးလို့သတ်မှတ်နိုင်ပြီး လက်ထဲမှာကိုင်သုံး တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အံဝင်ဂွင်ကျဖြစ်နေမှာပါ။ Aircraft Grade Aluminium နဲ့ ဖန်တီးထားတဲ့ကိုယ်ထည်ဟာ အလွန်လှပနေပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ လေးထောင့်ပုံစံဒီဇိုင်းနဲ့ ဖုန်းရဲ့ဘေးပတ်လည်ဘောင်တွေကို သတ္တုနဲ့တည်ဆောက်ထားပါတယ်။ ဘေးဘောင်တွေကိုပြောင်လက်ပြီး သတ္တုအသွင်တောက်ပနေစေဖို့ Oxidation Process နည်းပညာသုံးကာ ပြုလုပ်ပေးထားပါတယ်။ ကိုယ်ထည်ဟာ ကျစ်လျစ်မာကျောပြီး အကြမ်းဒဏ်လည်း ကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။ ညာဘက်ခြမ်းမှာ Power ခလုတ်တစ်ခုတည်း သီးသန့် တပ်ဆင်ထားပြီး အသံအတိုး/အလျှော့ခလုတ်တို့ကို ဘယ်ဘက်မှာတွေ့နိုင်ပါတယ်။ Kenbo B18 ကို အဖြူ ရောင်ကာလာနဲ့ရရှိနိုင်ပြီး ရိုးရိုးရှင်းရှင်းစတိုင်နဲ့ လှပသေသပ်ပါတယ်။ Headphone နဲ့ USB အပေါက်တို့ကို တော့ ပုံမှန်အတိုင်း အောက်ခြေ မှာမြင်တွေ့နိုင်ပါတယ်။

* Display *
B18 မှာ ၄.၈ လက်မအရွယ် AMOLED HD Screen ပါဝင်ပြီး NTSC ထက် ၁၀၀% ပိုမိုကောင်းမွန်တဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 720×1280 pixels ဖြစ်ပြီး ရုပ်ထွက်သိပ် သည်းဆ 294ppi ပါရှိပါတယ်။ On Cell Touch နည်းပညာသုံးပေးထားတာကြောင့် လက်အိတ်နဲ့ Screen ကို ထိတို့အသုံးပြုရင်တောင်ရပါတယ်။ ဖုန်းရဲ့ရှေ့နောက်မျက်နှာပြင်တွေမှာ Corning Gorilla Glass 3 နဲ့ ဖုံးအုပ် ကာကွယ်ထားပါတယ်။

* Operating System and Camera *
Android OS 5.0 (Lollipop) ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာဟာ 8MP ဖြစ်ပြီး Sony နည်းပညာသုံးထားတဲ့ sapphire ကင်မရာ lens တွေကြောင့် ဓာတ်ပုံရိုက်တဲ့အခါ ပုံရိပ်တွေကို လျင်လျင် မြန်မြန်နဲ့ ကောင်းမွန်အောင်ဖန်တီးပေးနိုင်ပါတယ်။ 4P Largen Lens & Blue Glass ပါတဲ့အတွက်ကြောင့် မလိုအပ်တဲ့အလင်းတန်းတွေကို စစ်ထုတ်ပေးတဲ့အပြင် ရုပ်ထွက်ပိုမိုကောင်းမွန်ပါတယ်။ Wide Selfie, Night Shot, Beauty Face Mode စတာတွေပါဝင်ပါတယ်။ ရှေ့ဘက်ကကင်မရာဟာ 5MP အရည် အသွေးရှိပါတယ်။

* Performance *
စွမ်းဆောင်ရည်ပိုင်းဟာ ဖုန်းတစ်လုံးအတွက် အရေးပါဆုံးဖြစ်ပြီး ဒီအတွက် Kenbo ဟာ 1.2GHz Quad-core processor ကို အသုံးပြုပေးထားတာကြောင့် စွမ်းဆောင်ရည်မြင့်မားပါတယ်။ ဂိမ်းနဲ့အချက်အလက်၊ App တွေအတွက် RAM 2GB ကို ကောင်းကောင်းအသုံးချနိုင်ပါတယ်။ မြန်နှုန်းမြင့်စွမ်းဆောင်ရည်ကြောင့် App တွေကို တစ်ပြိုင်နက်တည်း အများကြီးအသုံးပြုနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ကို Data တွေ ခပ်များများသိမ်းဆည်းနိုင်ဖို့ ထည့်သွင်းထားပါတယ်။ ပါဝင်တဲ့ ဘက်ထရီဟာ Li-ion 2000mAh ဖြစ်ပါတယ်။

* Specification *
Display : 4.8 inches, AMOLED HD Screen Memory : 16GB, 2GB RAM Camera : 8 Megapixel, 5MP (Front) OS : Android OS 5.0 (Lollipop) Phone : 09-30058542 (Kenbo Showroom)
Price : 299,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com