12/14/2015

♪ လုပ်ငန်းခွင်တွင် အသုံးပြုနိုင်မည့် လူမှုကွန်ရက်တစ်မျိုးကို Facebook မိတ်ဆက်မည် ♫


Facebook ၏ ပရော်ဖက်ရှင်နယ်ဗားရှင်းတစ်မျိုးဖြစ်သည့် Facebook at Work ကို တစ်နှစ်ခန့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် လအနည်းငယ်အတွင်း ဖြန့်ချိမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်တစ်ဦးဖြစ်သူက ပြောကြားသွားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုသစ်သည် လုပ်ငန်းခွင်အတွက်သာ ရည်ရွယ်ပြီး newsfeed ကို scroll ပြုလုပ်၍ ကြည့်နိုင်ပြီး likes နှင့် chat ဝန်ဆောင်မှုတို့ ပြုလုပ်နိုင်သည့် Facebook လူမှုရေးမီဒီယာကဲ့သို့ပင် ဖန်တီးထားကြောင်း သိရသည်။ Facebook at Work တွင် ကွဲလွဲချက်အနည်းငယ် ပါဝင်ပြီး ပုံမှန်မြင်တွေ့နေကျ Facebook လူမှုရေးနှင့် အလွန်တူညီကြောင်း Facebook ရှိ ကမ္ဘာလုံးဆိုင်ရာ platform ပူးပေါင်းရေး ဒါရိုက်တာ ဂျူလီအန်ကိုဒိုနီက ပြောကြားခဲ့သည်။

“Facebook at Work မှာ Candy Crush ကစားလို့မရပါဘူး။ Facebook အတွက် တိုးတက်လာအောင် လုပ်ဆောင်ခဲ့တဲ့ ၉၅ ရာခိုင်နှုန်းကို Facebook at Work မှာလည်း ပြန်လည်အသုံးပြုထားပါတယ်” ဟု ဂျူလီအန်ကိုဒိုနီက Reuters သို့ ပြောကြားခဲ့သည်။

Facebook at Work သုံးစွဲသူများသည် လက်ရှိ Facebook profile များနှင့် ကွဲပြားခြားနားသည့် ထူးခြားသော profile များကို ထိန်းသိမ်းရမည် ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် Facebook at Work အတွက် လုံခြုံရေး tool များအပါအဝင် သီးသန့် စီစဉ်ထားသော ထုတ်ကုန်များကိုလည်း တိုးတက်အောင် လုပ်ဆောင်နေလျက်ရှိ ကြောင်း ဂျူလီအန်ကိုဒိုနီက ပြောကြားခဲ့သည်။

Facebook သည် ဇန်နဝါရီလတွင် ၎င်းဝန်ဆောင်မှုကို beta စမ်းသပ်မှု စတင်ပြုလုပ်ခဲ့ပြီး ကုမ္ပဏီများ အတွက် ဖိတ်ကြားခံရမှ အခမဲ့အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအဖြစ် ပြုလုပ်ထားလျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုကို ကုမ္ပဏီများအားလုံးအတွက် ဖြန့်ချိလိုက်သည်နှင့် တစ်ပြိုက်နက် Facebook က ဆန်းစစ်လေ့ လာမှုနှင့် သုံးစွဲသူဝန်ဆောင်မှုကဲ့သို့ အဆင့်မြင့်ဝန်ဆောင်မှုအတွက် လစဉ်ကြေးများ ကောက်ခံရန် စီစဉ်ထားသည်။

LinkedIn ကဲ့သို့ ဝန်ဆောင်မှုများပါဝင်သည့် အွန်လိုင်းသက်မွေးမှုလုပ်ငန်း ဈေးကွက်သည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၆ ဘီလီယံ တန်ကြေးရှိကြောင်း ဈေးကွက် သုတေသနကုမ္ပဏီ IDC က သြဂုတ်လတွင် ဖော်ပြခဲ့သည်။ Heineken နှင့် Royal Bank of Scotland အပါအဝင် ကုမ္ပဏီ ၃၀၀ ကျော်ခန့်သည် Facebook at Work ကို အသုံးပြုနေကြသည်။

Ref: Telegraph
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com