ZTE က တရုတ်တွင် Blade A1 စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ တရုတ်ယွမ်ငွေ ၅၉၉ သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရောင်းချမည်ဖြစ်သည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။
Dual-SIM Smartphone ဖြစ်ပြီး Android 5.1 Lollipop ကို MiFavor 3.2 UI ဖြင့် ပေါင်းစပ်ထါးသည်။ 1.3GHz 64-bit Octa-Core MediaTek MT6735 Processor မောင်းနှင်မည် ဖြစ်သည်။ 2GB RAM, 16GB Storage အပြင် 128GB အထိဝင်ဆန့်သော microSD Card ကို ထည့်သွင်းနိုင်ပါသည်။
ငါးလက်မ 720x1280p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၉၃ ဖြစ်ပါသည်။ အနောက်ဘက်တွင် 13MP နှင့် အရှေ့ဘက်တွင် 8MP Camera များတပ်ဆင်ထားပါသည်။ အနောက်ဘက် ကင်မရာအောက်တွင် Fingerprint Sensor တပ်ဆင်ထားပါသည်။
ဒေါ်လာတစ်ရာအောက် ဖုန်းများတွင် Fingerprint Sensor ထည့်သွင်းထားသော ပထမဆုံးဖုန်းဖြစ်ပါသည်။ အဖြူ၊ အ၀ါ၊ အစိမ်း၊ အပြာနှင့် အညိုရောင်များ ရွေးချယ်နိုင်ပါသည်။ 2800mAh Battery ထည့်သွင်းပေးထားပါသည်။
Credit to ==> Myanmar Digital Life Journal