12/09/2015

♪ Samsung က Galaxy A7 (2016), A5 (2016), A3 (2016) တို့ကို ကြေညာ ♫

2

Samsung က Galaxy A7 (2016), A5 (2016), A3 (2016) တို့ကို ကြေညာလိုက်ပါသည်။ သတ္တုကိုယ်ထည်၊ ဖန်မျက်နှာပြင်များဖြင့် ထုတ်လုပ်ထားပြီး Samsung ၏ မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သော Samsung Pay ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ငွေပေးချေမှုများပြုလုပ်ရာတွင် Fingerprint Sensor ကို အသုံးပြုနိုင်ပါသည်။

A7 ( 2016) သည် စွမ်းဆောင်ရည်မြင့် Galaxy S6 နှင့် Specifications အပိုင်းတွင် နီးစပ်ပြီး ၅.၅ လက်မ Full HD Super AMOLED Display , 3GB RAM, 3300mAh Battery ထည့်သွင်းထားပါသည်။ အထူမှာ ၇.၃ မီလီမီတာရှိပါသည်။

A5 (2016) သည် A7 အသစ်ထက် အနည်းငယ်သေးငယ်ပြီး ယခင်မျိုးဆက် A5 ထက် မျက်နှာပြင်မှာ ၀.၂ လက်မ ပိုမိုကြီးမားပါသည်။ Resolution မှာလည်း ယခင် A5 ထက် ပိုမိုကောင်းမွန်လာပြီး 1920x1080p ဖြစ်ပါသည်။ ၅.၂ လက်မ မျက်နှာပြင်တပ်ဆင်ထားပြီး 2900mAh Battery , 2GB RAM ပါရှိပါသည်။

စမတ်ဖုန်းနှစ်လုံးစလုံးတွင် Android 5.1 မောင်းနှင်မည် ဖြစ်ပြီး 1.6GHz Octa-Core Processor ထည့်သွင်းထားပါသည်။ ၄.၇ လက်မ Galaxy A3 (2016) တွင် 1.5GHz Processor ထည့်သွင်းထားပါသည်။ A3 တွင် 1.5GB RAM, 720p Display , 2300mAh Battery များပါရှိပါသည်။

A3 ၏ အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera များတပ်ဆင်ထားပါသည်။ အလင်းရောင်နည်းသော နေရာများတွင် ပုံထွက်ကောင်းစေသော F1.9 Aperture ပါရှိပါသည်။ Optical Image Stabilization နည်းပညာကိုမူ A7 နှင့် A5 များတွင်သာ အသုံးပြုနိုင်ပါသည်။

ဒီဇင်ဘာလလယ်တွင် အဆိုပါ ဖုန်းသုံးလုံးကို တရုတ်တွင် ရောင်းချမည်ဖြစ်ပြီး အခြားနိုင်ငံများတွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် ရောင်းချနိုင်ဖွယ်ရှိပါသည်။ Samsung က ဈေးနှုန်းများကို ကြေညာခြင်းမရှိသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com