ဂျပန်တွင် Katana 01 အပြီး နောက်ထပ် Windows 10
ဖုန်းတစ်ခုထပ်မံပေါ်ထွက်ခဲ့ကာ Every Phone ဟု အမည်ပေးထားသည့် ထိုဖုန်းအား
OEM Yamada Denki မှထုတ်လုပ်ခဲ့ကာ နိုဝင်ဘာ ၂၈ ရက်တွင် စတင်
ရောင်းချခဲ့သည်။
Specs အရ Every Phone သည် Snapdragon 410 SoC အား သုံးထားပြီး ၅.၅လက်မ အရွယ်ရှိ HD 720p display ပါဝင်ခဲ့သည်။ RAM 2GB ထောက်ပံ့ပေးထားကာ သိုလှောင်နိုင်စွမ်း 32GB ရှိပြီး 2600mAh ဘက်ထရီအားသုံးစွဲထားသည်။ ကင်မရာအရ ကျောဘက်တွင် 13MP ကင်မရာနှင့် ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်ကြောင်းတွေ့ရသည်။ Every Phone သည် 154.8× 78.6×6.9mm အရွယ်ရှိပြီး 138.6g လေးသည်။ iPhone 6s ၏ အထူနှင့်တူညီခဲ့ပြီး လက်ရှိ Windows Phone များတွင် အပါးဆုံး ဖုန်းတစ်ခုဖြစ် လာခဲ့သည်။
ဈေးနှုန်းအရမူ Every Phone သည် ယန်း ၃၉၈၀၀ (ဒေါ်လာ ၃၂၅ ၀န်းကျင်) ရှိခဲ့ပြီး ဂျပန်၌ ၂နှစ်စာချုပ်ဖြင့် ရောင်းချလျက်ရှိကြောင်းလည်းသိရသည်။ ပထမဆုံးစတင်ဝယ်ယူသူ ၃၀၀၀ အတွက်လည်း ၄၅ ဒေါ်လာတန်ဖိုးရှိသည့် Bluetooth Keyboard နှင့် Screen Protector တို့ကိုပေးသွားမည်ဟုသိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal