ယခုတလောအွန်လိုင်းမှာစိန်ခေါ်သံတွေ ပွဲကြမ်းနေသည်။ ISISအဖွဲ့ဝင်တို့က
ဥရောပနိုင်ငံများအား CyberAttack လုပ်ဖို့ဟန်ပြင်နေသလို Anonymous
အဖွဲ့သားတွေကလည်း ISIS အဖွဲ့တွေကိုအတိအလင်းစစ် ကြေညာလိုက်ပါသည်။
အွန်လိုင်းဆိုသောနေရာသည် အနေမတတ်လျှင် ကြားညှပ်နိုင်သလို
မိမိအားတိုက်ရိုက်ထိခိုက်မှုများရှိနိုင်သည်။ ထိုသို့ မထိခိုက်ရလေအောင်
မည်သို့ရှောင်ရှားကြမည်နည်း။
* Facebook, Google, Microsoft Account များနှင့်ချိတ်၍ Log in ၀င်ခြင်း *
ဤဘက်နှစ်များတွင်ခေတ်စားလာသည်မှာ Social Login ဖြစ်သည်။ အချို့ Website များဝင်ဖူးလျှင် သိပါလိမ့်မည်။ မိမိသွားလိုသောနေရာသို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ Facebook account မှတစ်ဆင့် ၀င်ပါဟုဆိုခြင်းမျိုးပင်။ ထိုကိစ္စအတွက် မိမိဝင်မည့် Website တွင် User Name နှင့် Password အသစ်လုပ်စရာမလို။ Facebook Username နှင့် Password ရှိလျှင် ကိစ္စပြီးသည်။ Facebook ကို အသုံးအများဆုံးဖြစ်သော်လည်းယခုအခါ Google, Micorsoft, Twitter User Name နှင့် Password တို့ကိုပင် ဤကဲ့သို့ချိတ်ဆက် အသုံးပြုလာသည်။
အပေါ်ယံအားဖြင့်ကြည့်လျှင် User Name နှင့် Password တစ်ပုံတစ် ခေါင်းကြီး သုံးစရာမလိုသောကြောင့်အဆင်ပြေသည်ဟုထင်စရာရှိသည်။ လူမှုကွန်ရက် Account တစ်ခုရှိလျှင် ယင်း၏ User Name နှင့် Password တို့ကိုခွင့်ပြုသောWebsite ပေါင်းစုံကို တွဲချိတ်ထားရန်သာလိုသည်။ ဥပမာအားဖြင့်ဆိုသောFacebook ထဲသို့ Login ၀င်ထားပြီးဖြစ်လျှင် Facebook Account ခွင့်ပြုသောWebsite ပေါင်းစုံကိုအသာအယာဝင်ရုံသာရှိပါတော့သည်။ အံ့အားသင့်စရာကောင်းသည်။ သို့သော် လုံခြုံစိတ်ချရပါမည် လား။
ဤမေးခွန်းကို Yes or No တိတိပပအဖြေပေးဖို့ခက်သည်။ အများထင်သည်ထက် ပို၍ရှုပ်ထွေးသောကြောင့် ဖြစ်သည်။ ဂရုတစိုက်အလုပ်လုပ်တတ်သူဖြစ်လျှင် အဆင်ပြေမည်။ သို့သော်လက်လွတ်စပယ်လုပ်လျှင် အန္တရာယ်ရှိနိုင်သည်။ လူမှုကွန်ရက်ဖြင့် ထိုသို့ချိတ်ဆက်ထားသော Website တစ်ခုကို ပထမဆုံးအကြိမ်ကလစ်ခေါက်သည့်အခါ မိမိအသုံးပြုသည့်လူမှုကွန်ရက်ကို အထောက်အပံ့ပြုသော Page သို့ Redirect လုပ်ခံရပါမည်။ ထိုနေရာသို့ရောက်သည့်အခါ မိမိသုံးသည့် လူမှုကွန်ရက် Account အား ထိုနေရာမှနေ၍ လှမ်းကြည့်ခွင့်ပြုမည်လားဟု မေးပါမည်။ ယင်းလုပ်ငန်းစဉ်ကို OAuth ဟူသောလမ်းကြောင်းမှတစ်ဆင့်ဆောင်ရွက် ပါသည်။
ဥပမာ Weeklynews.com အားဝင်ရာတွင် Facebook Account ဖြင့် ၀င်မည်ဆိုပါစို့။ ယင်းwebsite က OAuth ထံသို့ သုံးစွဲသူ၏ Account ကြည့်ခွင့်တောင်းလွှာအားပေးပို့ပါမည်။ ထိုအခါ Facebook Page သို့ရောက်ပါမည်။ မိမိ၏ Facebook Account အားweeklynew.com အား ကြည့်ခွင့်ပြုရန်ဆန္ဒရှိ၊ မရှိမေးပါမည်။ ခွင့်ပြုလိုက်လျှင် Facebookသည် မိမိ၏ Account ဆိုင်ရာအသေးစိတ်အချက်နှင့် Element များကို ကြည့်ခွင့် ရပါမည်။ Facebook သည် Weeklynew.com ထံသို့ မိမိ၏ Account Information နှင့် မိမိချိတ်လိုသော API များစာရင်းတို့ပါဝင်သည့် token တစ်ခုကိုပေးပို့ပါမည်။
ယင်းနောက်ပိုင်းတွင် မိမိ Facebook ကိုချိတ်နေသမျှကာလပတ်လုံးယင်း Account နှင့်တွဲချိတ်ထားသော Site များသည် မိမိအားအလိုအလျောက်ခွဲခြားသိရှိပြီး သူတို့၏ Serviceများကိုသုံးခွင့်ပြုပါမည်။ password ဖြည့်သွင်းပြီးဝင်ရန်မလိုပါ။ OAuthသည် မိမိ၏လူမှုကွန်ရက် Account နှင့်ပတ်သက်သော password သို့မဟုတ် Login Detail ကိုယင်းSite များသို့ ပေးပို့ခြင်းမရှိပါ။ ထို့ကြောင့် ယင်းSite များမှတစ်ဆင့် Facebook Account အားလှမ်း၍ အပိုင်စီးရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် တစ်စိတ်တစ်ပိုင်းအဆင်ပြေသည်ဟုဆိုရပါမည်။ သို့သော် အွန်လိုင်းပြစ်မှုများတွင် မိမိပါဝင်ပတ်သက်သွားနိုင်ခြေရှိနေပါသည်။
မည်သို့ပတ်သက်သွားသနည်း။ ကနဦးတွင် မိမိခွင့်ပြုထားသော Site သည် လူမှုကွန်ရက်မှရရှိသော Account ကြည့်ရှုခွင့်အားလက်ထဲတွင် ထိန်းသိမ်းထားသည်။ အဆိုပါကြည့်ရှုခွင့် Tokenသည် လူမှုကွန်ရက် Account Settingထဲသို့ မိမိကိုယ်တိုင်ဝင်ပြီး ပြန်လည်မရုပ်သိမ်းသရွေ့ အတည်ဖြစ်သည်။ လူမှုကွန်ရက်ထဲသို့ဝင်ပြီး မိမိပေးထားသော Site Permission များအား အခါအားလျော်စွာစစ်ဆေးခြင်းသည် ကောင်းသော စိတ်ကူးစိတ်သန်းဖြစ်သည်။ Site တစ်ခုအား မိမိလုံးဝမသုံးတော့ဟုဆိုလျှင် ယင်းအတွက်ပေးထားသည့် လူမှုကွန်ရက် Account ကြည့်ရှုခွင့်အား လုံးဝရုတ်သိမ်းသင့်သည်။
Site Loginသည် သက်ဆိုင်ရာလူမှုကွန်ရက် Account နှင့် ချိတ်ဆက်နေသည်။ ထိုချိတ်ဆက်မှုသည် Link အဖြစ်ရှိနေပါမည်။ ယင်း Link အား မည်သူအသုံးပြုနေသည်ကို ခွင့်ပြုချက်ရထားသည့် Site က တိကျစွာသိနေပါမည်။ ထို့ကြောင့် မိမိနှင့်ပတ်သက်သည့် Data များအား စုဆောင်းရာရင်းမြစ်တစ်ခုအဖြစ်အသုံးပြုနိုင်သည်။ အွန်လိုင်းပေါ်တွင်ကိုယ်ပျောက်သွားလိုသူများအတွက် ယင်းသို့လူမှုကွန်ရက် Account နှင့်တွဲချိတ်ထားခြင်းကကိုယ်ပျောက်ရန်အခွင့်အရေးကိုဆုံးရှုံးသွားစေသည်။ ထို့ပြင် Site Permission လုပ်ဆောင်ချက်သည် မိမိ၏လူမှုကွန်ရက် Account အား အ တိုင်းထက်အလွန်ကြည့်ခွင့်ရှိနေသည်။ Agreement Page ကို များစွာဂရုမထားဟုဆိုလျှင် FacebookPost များကိုပင် ချိတ်ဆက်ထားရာWebsite မှ နေ၍ Facebookများလှမ်းတင်ခွင့်လည်းရှိနေသည်။
မိမိကိုယ်စား Facebook တွင် Post များတင်ခွင့်ရှိနေခြင်းသည် အန္တရာယ်များလှသည်။ Twitter အတွက်လည်းအလားတူဖြစ်သည်။ အခြားသူများနောက်သို့ Follow လုပ်ခြင်း၊ Tweet များအလိုအလျောက်ပို့ခြင်းတို့သည် ဘ၀င်ကျစရာမကောင်းလှပါ။ Site Permission ပေးခြင်းသည် Site တစ်ခုမှနေ၍ Hack ခံရရုံဖြင့် ကျန်သည့် Site များပါမလုံခြုံတော့သည့်သဘောဖြစ်သည်။ ထို့ကြောင့် မိမိယုံကြည်စိတ်ချရသည့် Site ကိုသာ Permission ပေးသင့်သည်။ အွန်လိုင်းပေါ်တွင်ရှိသမျှ Website တိုင်းသည် တရားဝင်တည်ရှိမှုကို ရာနှုန်းပြည့်အာမခံနိုင်သည်မဟုတ်၍ Permissionပေးရာတွင် အထူးသတိထားသင့်ပါသည်။
* Browser Password Manager *
Browser အတော်များများတွင် Built-in Password Manager ပါသည်။ Website တစ်ခုသို့အ၀င်တွင် User Name နှင့် Password ရိုက်ထည့်ပြီးသည့်အခါ ယင်းကို Browser ကမှတ်ပေးထားရမည်လားဟု လာမေးပါသည်။ အလုပ်လွယ်သွားသည်တော့မှန်သည်။ သို့ရာတွင် လုံခြုံစိတ်ချရမှုအပိုင်းကိုကြည့်လျှင် Dedicated Password Manager လောက် လုံခြုံမှုမရှိဟုဆိုရပါ မည်။ Browser Password Manager သည် Password များကို Encrypt လုပ်ပြီး Hard Driver ပေါ်တွင် သိုလှောင်ထားပါသည်။
မိမိ၏ Browser သည် Password Sync ကိုခွင့်ပြုလျှင် ယင်း Encrypted ဖိုင်သည် Encrypted Form ပုံစံဖြင့် မိမိ Share လုပ်ထားသော Service သို့ တက်သွားပါမည်။ Sync လုပ်ငန်းစဉ်တွင်အသုံးပြုသော Password ကာင်းကောင်းရှိနေသမျှ Sync လုပ်ငန်းစဉ်အဆင်ပြေနေပါမည်။ Browser အခြေခံ Password Manager များ၏အားနည်းချက်မှာ မိမိ၏ PC သို့မဟုတ် Mobile Device ထံသို့ ၀င်သုံးခွင့်ရှိနေသူများသည် ကွန်ပျူတာပညာအနည်းငယ်တတ်လျှင် ယင်း Password များကိုကြည့်နိုင်ခွင့်ရနေခြင်းဖြစ်သည်။ ထိုသို့ ကြည့်ခြင်းအတွက် တိုက်ဆိုင်စစ်ဆေးမှု တစ်စုံတစ်ရာပြုလုပ်ခံရခြင်းမရှိပါ။
* အခြားသော Internet Device များနှင့် Security *
အင်တာနက်ချိတ်သော Device အတော်များများသည် Router Firewall အောက်တွင်ရှိနေသည်ဖြစ်၍ များသောအားဖြင့်လုံခြုံမှုရှိသည်။ အင်တာနက်ချိတ်ဆက်ထားသော Device အတော်များများသည် Service များဆောင်ရွက်ပေးမှုမရှိခြင်းကလည်းလုံခြုံမှုအတွက်ကောင်းသည်။ သို့သော် ယခုအခါတွင် မိုဘိုင်း, Device တို့သည် PC အငယ်စားဖြစ်လာ၍ Email Worm များ ၊ Trojamများ ၀င်နိုင်ခြေရှိသည့်ပြင် Hack လုပ်နိုင်သော Service များရှိလာပါသည်။ မိုဘိုင်းဖုန်းအထူးသဖြင့် Android ဖုန်းများတွင် OS Update မပေးခြင်းသည် လုံခြုံမှုကိုအားနည်းစေသောအကြောင်းများဖြစ်သည်။ ထို့ကြောင့် Android ဖုန်းအဟောင်း များတွင် Virus Signature Update လုပ်နိုင်သော Antivirus တစ်ခုကိုမဖြစ်မနေ သုံးသင့်ပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal