12/01/2015

♪ Sony Xperia Z5 Compact ရဲ့ အားသာချက် အားနည်းချက် နည်းပညာနှင့် သုံးသပ်ချက်များ ♫


အားသာချက်
Mega Pixel မြင့်မားကာ ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် ကင်မရာကို တပ်ဆင်ပေးထားသည်။ CPU, GPU နှင့် မှတ်ဉာဏ်ပိုင်း တို့တွင်လည်း မြင့်မားကောင်းမွန်သည်။ ရေစိမ်ခံ အကြမ်းခံဖုန်းအမျိုး အစားဖြစ်ပြီး ဖုန်း၏အချက်အလက် လုံခြုံရေးအတွက် Finger Print စနစ်ပါဝင်သည့်အပြင် ကြည်လင်တောက်ပသော မြင်ကွင်းရှိသည်။

အားနည်းချက်
Sim Card Slot နှစ်ခုလုံးအား တစ်ပေါင်းတည်း ပြုလုပ်ထားသည့် အပြင် Sim Card ထည့်သွင်းအသုံးပြုသော Card Adapter မှာပါးလွှာသော ကော်သားဖြစ်ခြင်းကြောင့် အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းအား ဂရုစိုက်ရမည် ဖြစ်သည်။

ဒီဇီုင်း
Xperia Z5 ကဲ့သို့ပင် လေးထောင့်ဆန်ကာ တူညီသောပုံစံမျိုးရှိနေပြီး ဖုန်းကိုယ်ထည် ဘေးဘောင်များအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ဖုန်းကိုယ်ထည် ပွန်းရှခြင်းများအား ကာကွယ်နိုင်ရန်အတွက် Oleophobic Coating ဖြင့် ကာကွယ်ပေးထားပြီး နောက်ဘက်ကာဗာမှာ အသေဖြစ်သည်။ ကိုယ်ထည်၏ ညာဘက်ဘေးဘောင်တွင် ပါဝါခလုတ်နှင့် Finger Print အားအတွဲလိုက် တပ်ဆင် ပေးထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၂.၇ စင်တီမီတာ၊ ဘေးတိုက် အကျယ် ၆.၅ စင်တီမီတာနှင့် ထုထည် ၀.၈၉ စင်တီမီတာရှိပြီး အလေး ချိန်မှာ ၁၃၈ ဂရမ်ဖြစ်သည်။ ကိုင်တွယ်အသုံးပြုချိန်တွင် လက်နှင့်အံဝင် ခွင်ကျရှိသော အရွယ်အစားမျိုးရှိနေပြီး Z5 ထက်အရွယ်အစား နည်းငယ်သေးငယ်သော်လည်း Z5 ထက်ထုထည်ပိုများပြီး အလေးချိန် ပေါ့ပါးသော ဖုန်းဖြစ်သည်။

မြင်ကွင်း
ဖုန်း၏ Screen မျက်နှာပြင်မှာ ၄.၆ လက်မရှိသော IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1280 Pixels (~323 ppi pixel density) ရှိမည်ဖြစ်သည်။

နည်းပညာ
စုံလင်သောဓာတ်ပုံ Effect များကို အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားပြီး Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိသော စနစ်များပါဝင်သည့်အပြင် မိမိရိုက်သော ဓာတ်ပုံများကို လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ တိုက်ရိုက် Sharing ပြုလုပ်နိုင်မည့် Social Live စနစ်မှာလည်း အသုံးပြုသူများ ထိတွေ့ရမည့် နည်းပညာများ ဖြစ်သည်။ Selfie စနစ်တွင် စိတ်ကြိုက် မျက်နှာပုံစံများကို ပေါင်းစပ်ထည့်သွင်းနိုင်မယ့် AR Mask စနစ်၊ Sound Photo စနစ်၊ 4K Video စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာများ စုံစုံလင်လင် ပါဝင်မည်ဖြစ်သည်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်တွင် Stamana Mode အပြင် Ultra Stamana Mode ပါဝင်လာခြင်းကြောင့် ပါဝါအသုံးပြု ခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G/ 4G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Nano Sim နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ ဖုန်းလုပ်ဆောင်ချက်များအတွက် Quad-core 1.5 GHz Cortex-A53 နှင့် Quad-core 2 GHz Cortex-A57 တို့ပါဝင်သော Octa Core CPU ပါဝင်မည်ဖြစ်ပြီး ဂရပ်ဖစ် အသုံးပြုခြင်းအတွက် Adreno 430 GPU ပါ​ဝင်သည်။ မှတ်ဉာဏ်မှာ 32GB နှင့် RAM 2GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 200GB ထိ ထပ်တိုးနိုင်မည်ဖြစ်သည်။ 23Mega Pixel နောက်ဘက် ကင်မရာ၊ 5.1Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth v4.1, A2DP, apt-X နှင့်ပါဝါသိုလှောင်မှုအတွက် Li-Ion 2700 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Z5 Compact သည် ဖုန်းတွင်အသုံးပြုထားသော CPU, GPU, Cameram, Memory အစရှိ သော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သော ဖုန်းဖြစ်သည်။ ဖုန်းတွင်ပါဝင်သော Finger Print မှာ ဖုန်း၏ဘေးဘောင်တွေ ထည့်သွင်းထားခြင်းကြောင့် Finger Print အသုံးပြုရာတွင်လည်း လက်နှင့်အလိုက် သင့်ရှိနေမည်ဖြစ်သည်။ Z5 Dual ထက်အရွယ်အစားနှင့် ဖုန်း Screen Resolution ပိုင်းတွင်သာ အနည်းငယ် နိမ့်နေသော်လည်း ကျန်စနစ်များတွင် တန်းတူနီးပါး ရှိနေမည်ဖြစ်သည်။ မြန်မာစာ တစ်ပါတည်း မပါဝင်သောကြောင့် Sony တွင်ပြန်လည် ထည့်သွင်းရမည် ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com