12/01/2015

♪ Nokia C1 ၏ အချက်အလက်နှင့် ဓာတ်ပုံသစ်များ ထပ်မံထွက်ပေါ်လာ ♫


Nokia C1 ၏ အချက်အလက်နှင့် ဓာတ်ပုံသစ်များ အင်တာနက်ပေါ်တွင် ထပ်မံထွက်ပေါ်လာခဲ့သည်။ အဆိုပါ အချက်အလက်နှင့် ဓာတ်ပုံများသည် ယခင်ဖော်ပြခဲ့သော ရင်းမြစ်ကပင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်းဟန်းဆက်ကို Windows 10 Mobile နှင့် Android ဟူ၍ အမျိုးအစားနှစ်ခုဖြင့် ရရှိနိုင်မည်ဟု ဖော်ပြထားသည်။

၎င်းဓာတ်ပုံသစ်များတွင် Android OS အသုံးပြုထားသော Nokia C1 ၌ Z Launcher ကို အသုံးပြုထားကြောင်း တွေ့ရသည်။ Nokia C1 ကို မီးခိုးရောင်၊ အဖြူရောင်နှင့် မက်မွန်ရောင်တို့ဖြင့် ရရှိနိုင်ပြီး မတူညီသော ကင်မရာနှင့် အရွယ်အစားနှစ်မျိုးဖြင့် ရရှိနိုင်မည်ဟု သတင်းရင်းမြစ်ဖြစ်သည့် Nokia Power User မှ ဖော်ပြခဲ့သည်။


Nokia C1 ကို ၅ လက်မ full-HD (1080x1920 pixels) resolution display နှင့် အရွယ်ကြီးမားသော ၅.၅ လက်မ full-HD display ဟူ၍ အရွယ်အစားနှစ်မျိုးဖြင့် ရရှိနိုင်မည်ဟု ဆိုသည်။ အရွယ်သေးငယ်သော Nokia C1 ဗားရှင်းတွင် 2GB RAM နှင့် 32GB သိုလှောင်မှုပမာဏ ပါဝင်ပြီး 8-megapixel ကျောဘက်ကင်မရာနှင့် 5-megapixel အရှေ့ကင်မရာတို့ ပါဝင်မည် ဖြစ်သည်။ အရွယ်ကြီးမားသည့် အမျိုးအစားတွင် 3GB RAM နှင့် 64GB သိုလှောင်မှုပမာဏအပြင် 13-megapixel ကျောဘက်ကင်မရာနှင့် 5-megapixel အရှေ့ကင်မရာတို့ ပါဝင်မည်ဟု သိရသည်။

Ref: GSMArena
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com