12/18/2015

♪ " ကမ္ဘာ့အကြီးဆုံး ဘက်ထရီပါဝင်သောဖုန်း Oukitel K 10000 " ♫


ဘက်ထရီအလွန်ကြီးမားသည်ဆိုသော စမတ်ဖုန်းများကိုစဉ်းစားပါက 5000 (သို့) 6000 mAh ဘက်ထရီ ပါဝင်သောဖုန်းများကို မြင်မိကြမည်ဖြစ်သည်။ ယခုအခါ ထိုဖုန်းများအားလုံး မယှဉ်သာသည့် Oukitel K 10000 ထွက်ရှိလာခဲ့ပြီး ဖုန်းများတွင် အကြီးဆုံးဖြစ်သည့် 10,000 mAh ဘက်ထရီအားထည့်သွင်းပေး ထားသည်။

စိတ်ဝင်စားသူများအတွက်လည်း global preorder စတင်နေပြီဖြစ်သည်။ ဇန်န၀ါရီလထဲတွင် စတင်ဖြန့်ဝေ ပေးသွားမည်ဖြစ်သော Oukitel K 10000 သည် iPhone 6S Plus သုံးလုံးအား အားအပြည့်ဖြည့်ပေး နိုင်သည်ဟုဆိုထားပြီး ၁၀% ဘက်ထရီပင်ကျန်လိမ့်ဦးမည်ဟု ဆိုထားသည်။ K 10000 သည် အခြားဖုန်း များကို အားဖြည့်သွင်းပေးနိုင်ပြီး ၎င်း၏ ကြီးမားသောဘက်ထရီကို အားဖြည့်ရန် ၃ နာရီခွဲအချိန်ပေးရ မည်ဖြစ်သည်။

ကြီးမားသော ဘက်ထရီမှအပ အလယ်အလတ်အဆင့် စမတ်ဖုန်းတစ်လုံးသာဖြစ်ပြီး ထူးခြားသောဒီဇိုင်းအား သတ္ထုအိမ်ဖြင့် တည်ဆောက်ထားသည်။ 5.5" လက်မ 720p HD display ပါဝင်ပြီး အဓိက ကင်မရာမှာ 8 MP ဖြစ်ကာ ရှေ့ဘက်တွင် 2MP ကင်မရာပါဝင်သည်။ MediaTek MT 6735 1 GHz quad-core Cortex A53 CPU အား သုံးစွဲထားပြီး RAM 2GB ထောက်ပံ့မှုပေးထားသည်။

သိုလှောင်နိုင်စွမ်း 16 GB ပါဝင်ကာ micor SD ဖြင့် ထပ်မံတိုးမြှင့်နိုင်ပြီး dual-SIM ဖုန်းဖြစ်ကာ 4GLTE network ၌ သုံးစွဲနိုင်သည်။ 143 x 77 x 9 mm အရွယ်အစားရှိပြီး 184 g လေးသည်။ Android 5.1 Lollipop အား သုံးစွဲထားသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com