12/18/2015

♪ " Google မှ Split Screen Feature အား Android tablet များအတွက်ပြင်ဆင် " ♫


Google သည် Microsoft နှင့် Apple တို့အားအမှီလိုက်ကာ Android tablet များတွင် app နှစ်ခုအား ဘေး ချင်းယှဉ်သုံးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။ Google ၀န်ထမ်းအချို့ဆီမှ ပေါက်ကြားခဲ့သော သတင်း ဖြစ်ပြီး Android 7.0 တွင် အဓိက upgrade အဖြစ် split screen ပါဝင်လာမည်ဟုသိရသည်။

ထို့ကြောင့် Android user များအနေဖြင့် အနည်းဆုံးတစ်နှစ်နီးပါးစောင့်ဆိုင်းကြရမည်ဟုယူဆနိုင်သည်။ Android နှင့် Chrome UX ဒါရိုက်တာ Glen Murphy မှလည်း multiwindow စွမ်းဆောင်ရည်အတွက် အချိန်များစွာ ပေးထားပြီး မကြာမီ ပိုမိုပြောကြားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းဆိုခဲ့သည်။ Android N (သို့) 7.0 သည် ၂၀၁၆ နိုဝင်ဘာခန့်တွင် စတင်တွေ့ရမည်ဟု ခန့်မှန်းကြပြီး Split screen ကို လုပ်ဆောင်နေကြောင်း consumer hardware ဒါရိုက်တာ Andrew Bowers မှ ဆိုသည်။

Tablet ရောင်းအားများ ကျဆင်းလာရာ Google အပါအ၀င် ထုတ်လုပ်သူများသည် ရောင်းအားတက်ရန် ကြိုးစားလျက်ရှိပြီး tablet အား Multitasking ရနိုင်ခြင်းဖြင့် PC နှင့် ပိုမိုဆင်တူလာစေမည်ဖြစ်သည်။ Microsoft နှင့် Apple မှ ထိုကဲ့သို့ splitscreen အား ပေးအပ်ပြီးနောက် Google မှ အမှီလိုက် ရမည်ဖြစ်သည်။

Windows tablet များတွင် 2012 Windows 8 ကတည်းက SnapAssist ပါဝင်ခဲ့ပြီး Windows 10 တွင် apps ၄ ခုထိသုံးစွဲနိုင်လာခဲ့သည်။ Apple မှ split screen အား iOS9 ဖြင့်စတင်ခဲ့ပြီး iPad Pro, iPad Air 2 နှင့် iPad Mini 4 တို့တွင် စတင်သုံးစွဲနိုင်ခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com