12/21/2015

♪ OPPO ချစ်ပရိတ်သတ်များအတွက် - “OPPO NEO 7” ♫


OPPO NEO 7 တွင်ပါဝင်သော Mirror Surface သည် လိုအပ်သလို ဖြုတ်နိုင်၊ တပ်နိုင်ပြီးOptical Coating နည်းပညာနှင့် Fiber glass ကိုအသုံးပြုထား သည်။ ကျောဘက်ကိုCoating အလွာ ၁၃ခုဖြင့် ပြု လုပ်ထားပြီးတောင့်တင်း ခိုင်မာမှု ရှိစေရန် လုပ်ငန်းစဉ် ၄၀ဖြင့် ပြုလုပ်ထားသည်။ ၀.၅၆ မီလီမီတာ ရှိသည့် အထူကြောင့် ပါးလွှာမှုအပိုင်းကအံ့အားသင့်စရာကောင်းမွန်သည်။

အဖြူနှင့်အနက်အရောင်နှစ်မျိုးရွေးချယ်နိုင်မည့် Neo 7 ၏ ကိုယ်ထည် ဘောင် ကိုဆွဲဆောင်မှုရှိသော အရောင်နှစ်မျိုး(ရွှေ ရောင်၊ ငွေရောင်)ဖြင့်ရရှိ နိုင်မည်။ အဓိကထူးခြားချက်မှာ ၅လက်မ Screen ဖြစ် ပြီးချောမွေ့သော အနားစွန်းများကလက်ထဲတွင်ကိုင်ဆောင်ထားသည့်အခါ သက်သောင့် သက်သာရှိစေ မည်ဖြစ်သည်။ Neo 7 ၏ ကိုယ်ထည်ကိုတောင့်တင်း ခိုင်မာမှု မြင့်မားသောမဂ္ဂနီဆီယမ်၊ အလူမီနီယံ သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။

အရည်အသွေးမြင့်သည့် သတ္တုစပ်ကိုယ်ထည်ကဖုန်း၏အလေးချိန်ကို ပေါ့ပါးစေပြီး အံ့အားသင့်ဖွယ်ကောင်း သည့် အကြမ်းဒဏ်ခံနိုင်မှု ကိုပေးစွမ်းနိုင်သလိုအပူဒဏ်ကိုလည်းလွင့်ပါးပျောက်ကွယ်စေမည်။ OPPO NEO 7 တွင် 8-megapixel ကျောဘက်ကင်မရာပါဝင်ပြီး ၎င်းသည် အခြေအနေ အရပ်ရပ်တွင် အံ့အားသင့်ဖွယ် လှပသောဓာတ်ပုံများ ကိုဖန်တီး ပေးနိုင်သည်။ အဆင့်မြှင့်ထားသော5-megapixel အရှေ့ဘက် ကင်မရာ ကြောင့် ကြည်လင်ပြတ်သားသောSelfieဓာတ်ပုံများနှင့်ဗွီဒီယိုများကို ရိုက်ကူး စေနိုင် မည်ဖြစ်သည်။

Pure Image 2.0+ imaging platform ပါဝင်သော ကြောင့်ဖုန်း၏ကင်မရာကိုများပြားလှသောPlugin များဖြင့်အသုံးပြုကာ ရိုက်ကူးနိုင်သည်။ ဖုန်းတွင်ပါဝင်သော light-sensitive sensor က သုံးစွဲသူ ၏မျက်နှာနှင့်အဆင်ပြေစေမည့် Screen အလင်းအမှောင်ကို ချိန်ညှိပေး နိုင်သည်။ Quad-Core CPU, RAM 1GB စသည်တို့ ထည့်သွင်းပေးထားပြီး Battery မှာLi-Po 2420mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 5 inches
Memory - 16GB
Bluetooth - v4.0
CPU - Quad Core 1.3 GHz
OS - Android OS,v5.1
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com