12/21/2015

♪ အမေရိကန်က ဗီဇာ လျှောက်ထားသူ၏ လူမှုကွန်ရက်များကို စစ်ဆေးမည် ♫


အမေရိကန် အာဏာပိုင်များက အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားသူများ၏ လူမှုကွန်ရက်မှ ပို့စ်များကို မကြာမီစစ်ဆေးနိုင်သည်ဟု The Wall Street Journals က ရေးသားထားပါသည်။ အမေရိကန် အမိမြေလုံခြုံရေးဌာနက အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့်လျှောက်ထားသူများ၏ လူမှုကွန်ရက်ပို့စ်များကို စစ်ဆေးနိုင်ခွင့် မူဝါဒအပေါ် စဉ်းစားသုံးသပ်နေကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပါသည်။

အဆိုပါ မူဝါဒသည် ကယ်လီဖိုးနီးယားပြည်နယ် San Bernardino တွင် Syed Farook နှင့် Tashfeen Malik တို့က လူပေါင်း ၁၄ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားအပြီိးမှာ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ Malik သည် Islamic State ကို ထောက်ခံကြောင်း ကွန်းမန့်များကို Facebook အပါအ၀င် လူမှုကွန်ရက်များတွင် ရေးသားထားသည်ကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် တွေ့ရ ပါသည်။ လူဝင်မှုကြီးကြပ်ရေးဌာနက သူမ ဗီဇာလျှောက်ထားစဉ်တွင် သူမ၏ လူမှုကွန်ရက်ပို့စ်များကို စစ်ဆေးခဲ့လျှင် အဆိုပါ လူသတ်မှုကို တားဆီးနိုင်မည်ဖြစ်သည်။

The Wall Street Journal ၏ အဆိုအရ အမေရိကန် အမိမြေလုံခြုံရေး ဌာနသည် စမ်းသပ် အစီအစဉ်အနေဖြင့် ပြည်ဝင်ခွင့်လျှောက်ထားသူများ၏ လူမှုကွန်ရက် ပို့စ်များကို ရှောင်တခင် စစ်ဆေးနေသော်လည်း လျှောက်ထားသူအားလုံးကို စစ်ဆေးမည့် အချိန်ကို မသိရသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com