တရုတ်တွင် နိုဝင်ဘာလမှ မိတ်ဆက်ခဲ့သော HTC Desire 828 Dual SIM ကို
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယ ၌ စတင်ရောင်းချပေးတော့မည်ဖြစ်သည်။ Flipkart
မှ ၀ယ်ယူနိုင်မည်ဖြစ်သည်။
မှတ်သားစရာကောင်းသည်မှာ အဆိုပါဖုန်းသည် Optical Image Stabilization (OIS) ပါသော ထိုင်ဝမ် အခြေစိုက် HTC ၏ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါသည်။ အဆိုပါဖုန်းကို နိုဝင်ဘာလနှောင်းပိုင်းတွင် အိန္ဒိယ ၌ One A9 နှင့်အတူ ကြေညာခဲ့ခြင်းဖြစ်ပါသည်။
Desire 828 Dual SIM ကို အိန္ဒိယ ရူပီး ၁၉၉၉၀ ( ဒေါ်လာ ၃၀၀) ဖြင့် အိန္ဒိယတွင် ရောင်းချမည် ဖြစ် သည်။ အညိုနှင့် အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။ HTC ၏ တောင်အာရှ ဥက္ကဌဖြစ်သူ Faisal Siddiqui က Desire 828 ကို မိတ်ဆက်ပွဲတွင် “ HTC Desire 828 Dual SIM တွင် ထိပ်တန်း ကင်မရာ အရည်အသွေးနဲ့ အဆင့်မြင့်တဲ့ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားပြီး ဈေးနှုန်းကလည်း နှစ်ခြိုက် စရာပါ။
HTC UltraSelfie နဲ့ အဓိက ကင်မရာမှ Optical Image Stabilization တို့ပါတဲ့ ပထမဆုံး HTC Desire Phone ကို ပြသရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ “ ဟု ပြောပါသည်။
Credit to ==> Myanmar Digital Life Journal