12/14/2015

♪ Facebook At Work ကို လာမည့်လအနည်းငယ်အတွင်းတွင် ဖြန့်ချီမည် ♫


Facebook က လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် Facebook Version တစ်ခုဖြစ်သော Facebook At Work ကို လာမည့် လအနည်းငယ်အတွင်းတွင် စတင်ဖြန့်ချီပေးမည်ဟု မျှော်လင့်ရပါသည်။ Facebook At Work ကို ကုမ္ပဏီက တစ်နှစ်ကြာ စမ်းသပ်နေခဲ့ခြင်းဖြစ်ပါသည်။

Facebook At Work တွင် လုပ်ဖော်ကိုင်ဖက်များ အလုပ်များအတူတကွ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားပြီး မူလ Facebook Version ကဲ့သို့ပင် Newsfeed , Likes, Chat Service တို့ပါရှိမည်ဖြစ်သည်။ “ င်္မူလ Facebook Version မှာ ထည့်သွင်းပေးထားတဲ့ စွမ်းဆောင်ချက်များထဲမှ ၉၅ ရာခိုင်နှုန်းကို Facebook At Work တွင် ထည့်သွင်းပေးထားပါတယ်။ “ ဟု Facebook ၏ Global Platform Partnerships မှ ဒါရိုက်တာ Julien Codorniou က Reuters ကို ပြောပါသည်။

သို့သော် လက်ရှိ Facebook Profiles များနှင့် ကွဲပြားသော အထူး ပရိုဖိုင်များကို Facebook At Work တွင် ထည့်သွင်းပေးထားပါသည်။ ထို့အပြင် Work Version အတွက် လုံခြုံရေး စွမ်းဆောင်ချက်များကိုလည်း ထည့်သွင်းပေးထားပါသည်။

Facebook က Work Version ကို ကုမ္ပဏီအနည်းငယ်နှင့် ဇန်န၀ါရီလကတည်းက စမ်းသပ်နေခြင်းဖြစ်ပါ သည်။ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သော်လည်း Analytics နှင့် Customer Support ကဲ့သို့ ၀န်ဆောင်မှုများအတွက် တစ်ဦးလျှင် တစ်လ ဒေါ်လာအနည်းငယ်ဖြင့် အသုံးပြုရမည်ဖြစ်သည်။ LinkedIn Corp နှင့် Monster Worldwide Inc တို့အပါအ၀င် အွန်လိုင်းအလုပ်အကိုင်ဈေးကွက် ကုမ္ပဏီများအတွက် တစ်နှစ်လျှင် ခြောက်ဘီလီယမ်ခန့် ကျသင့်မည်ဖြစ်သည်ဟု ဈေးကွက် သုတေသနအဖွဲ့ IDC က သြဂုတ်လတွင် ပြောပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com