12/02/2015

♪ အရည်အသွေးကောင်းမွန်တဲ့ ဟန်းဆက်အသစ်တစ်မျိုး “ Gionee Marathon M5 “ ♫


Marathon M5 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအစိတ်အပိုင်းအဖြစ် ဘက်ထရီကို Gionee ရဲ့ အားသာချက်တစ်ခုအဖြစ် အဓိကဦးစားပေးပြင်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ Marathon M5 ဆိုတဲ့ နာမည် အတိုင်းပါဝင်တဲ့ ဘက်ထရီဟာ တကယ့်ကိုအားအပြည့်နဲ့အသုံးခံနိုင်ပြီး ဒီနေ့ခေတ်စမတ်ဖုန်းအသုံးပြု သူတွေအတွက် အဓိက အခန်းကဏ္ဍမှာပါလာတဲ့ ဘက်ထရီရဲ့သက်တမ်းကြာရှည်ခံနိုင်အောင် Marathon M5 အတွက် ဘက်ထရီ အသားပေးတီထွင်ဖို့ Gionee က ကြံရွယ်ခဲ့တာဖြစ်ပါတယ်။

Gionee ရဲ့ အရင်ထွက်ရှိပြီးသား Marathon M2 နဲ့ M3 တို့ဆိုရင်လည်း ဘက်ထရီပမာဏများပြားမှုကြောင့် သဘောကျစရာအချက်ဖြစ်လာခဲ့သလို Marathon M5 မှာ ထုတ်ပိုးထားတဲ့ Li-ion 6020mAh ဘက်ထရီကတော့အားလုံးနဲ့မတူဘဲ အကောင်းဆုံးအဆင့်ကိုရောက်ရှိ အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ M5 ကို အားသွင်းထားစဉ် စမတ်ဖုန်းဟာ နောက်ဘက်ထရီတစ်လုံးနဲ့ အလုပ် လုပ်ပေးနိုင်တဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားပါတယ်။ ဘက်ထရီနှစ်ခုလုံးအသုံးပြုမယ်ဆိုရင်တော့ ၄ ရက် လောက်ထိ ကြာရှည်ခံနိုင်ပါတယ်။ Marathon M5 မှာ ဘက်ထရီအပြင် နောက်ထပ်နှစ်သက်စရာကောင်းတာက လှပသေသပ်တဲ့ ဒီဇိုင်းကိုရရှိနိုင်ပါတယ်။

* Design & Build *
ဒီဇိုင်းတည်ဆောက်ထားပုံကို Gionee Marathon M5 ကို ပိုမိုခံ့ညားစေပြီး သတ္တုကိုယ်ထည် ကို လေး ထောင့်မဆန်ဘဲ ထောင့်တွေကိုအနည်းငယ်ကွေးထားတဲ့ဒီဇိုင်းနဲ့ ပုံဖော်ထားပါတယ်။ M5 ရဲ့ ဒီဇိုင်းက လှပ သေသပ်သလို build quality ကောင်းမွန်တာကြောင့်လည်း သုံးလို့ကောင်းပါ တယ်။ ဘေးဘောင်တွေဟာ တိုင်းတာရခက်လောက်အောင် ကျဉ်းမြောင်းနေပြီး ကျစ်လျစ်တဲ့ကိုယ်ထည် ပိုင်ဆိုင်ထားတဲ့ M5 ဟာ 8.5mm အထူနဲ့ 213g အလေးချိန်ရှိပါတယ်။ Gionee အမှတ်တံဆိပ်နဲ့ စပီကာအပေါက်လေးတွေကို ကျောပြင်မှာ တွေ့မြင်နိုင်ပြီး ရှေ့မျက်နှာပြင်မှာ ဘာခလုတ်မှမတွေ့ရဘဲ ရှင်းလင်းပါတယ်။ ကျောဘက်ဒီဇိုင်းကိုလည်း အနု၊ အရင့် အရောင် ၂ မျိုးစပ်ထားတဲ့ ပုံစံမျိုးလုပ်ပေးထားပြီး အဖြူရောင်ကာလာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Power နဲ့ အသံအတိုး/အလျှော့ခလုတ်တွေကတော့ ပုံမှန်အတိုင်း ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပါတယ်။ (5.98× 2.99×0.33) လက်မအရွယ်အစား ရှိပါတယ်။

* Display *
Marathon M5 ဟာ မျက်နှာပြင်အရွယ်အစားကြီးမားပြီး Phablet တစ်လုံးလို့ခေါ်ဆိုနိုင်တဲ့ ၅.၅ လက်မအရွယ် Display မျိုးပါဝင်နေပါတယ်။ AMOLED အမျိုးအစားကြောင့် Screen ဟာ ကြည်လင်တောက်ပနေမှာဖြစ်ပြီး 720×1280 pixels HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးပေးပါတယ်။ Pixel သိပ်သည်းဆကတော့ 267ppi ရှိပါတယ်။

* Operating System and Camera *
Android OS 5.1 (Lollipop) ကို Gionee ရဲ့ UI အသစ် Amigo 3.1 နဲ့ တွဲဖက်သုံးနိုင်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ကင်မရာစွမ်းဆောင်ရည်မြင့်မားပြီး ကျောဘက်ပင်မကင်မရာဟာ 13MP အရည်အသွေးရှိပြီး autofocus LED Flash ပါဝင်ပါတယ်။ Geo-tagging, Face/Smile Detection, Panorama စတဲ့ Feature တွေ ရိုက်နိုင်ပါ တယ်။ ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာတပ်ဆင်ထားပါတယ်။

* Performance *
ဖုန်းရဲ့စွမ်းဆောင်ရည်အတွက် 64 bit MediaTek MT6735 1.3GHz မြန်နှုန်းရှိ quad-core processor က အကောင်းဆုံးဆောင်ရွက်ပေးပါတယ်။ ပိုမိုကောင်းမွန်စေဖို့ RAM 2GB နဲ့ ထောက်ပံ့ပေးထားတာကြောင့် ဂိမ်းနဲ့ မီဒီယာပိုင်းမှာ အခက်အခဲမရှိနိုင်ပါဘူး။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး ထပ်မံလိုအပ်ခဲ့ရင် micro SD နဲ့ 64GB ထိ တိုးမြှင့်သုံးစွဲနိုင်ပါတယ်။

* Specification *
Display : 5.5 inches, AMOLED capacitive touchscreen Memory : 16GB, 2GB RAM, micro SD, up to 64GB Camera : 13 Megapixel, autofocus, LED flash, Geo-tagging OS : Android OS, v5.1 (Lollipop) Phone : 09-255803351 (Gionee Showroom)
Price : 319,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com