12/07/2015

♪ ဈေးနှုးန်ချိုသာသောဖုန်းကိုင်ဆောင်ချင်သူများအတွက်“Coolpad 7298A” ♫


ဈေးနှုန်းတစ်သိန်းဝန်းကျင်ရှိသော ဟန်းဆက်များသည် သုံးစွဲသူအများစု အတွက် ရွေးချယ်ဖို့ သင့်တော်စေ ပါတယ်။ ဖုန်းတွင်းစွမ်းရည်နဲ့ ပတ်သက်၍ လည်း သုံးပျော်အောင် သက်ဆိုင်ရာကုမ္ပဏီများ က ဆောင်ရွက်ပေးထား ပါတယ်။ Coolpad တံဆိပ်ဖုန်းအများစုသည် တန်ဖိုးသက်သာလှပါတယ်။

မျက်နှာပြင်အကျယ်အ၀န်းနှင့်ပတ်သက်၍လည်း တန်ဖိုးနှင့် ကိုက်ညီအောင် အကောင်းမွန်ဆုံးဆောင် ရွက်ပေးထားပါတယ်။ Coolpad ဟန်းဆက်များ သည် ဈေးနှုန်း သုံးသောင်းဝန်းကျင်မှ တစ်သိန်း ၀န်းကျင်အထိအစား စားရှိပါတယ်။ 7298A ကတော့ 2G, 3G Network အထောက်အပံ့ ကို ပေးစွမ်းနိုင်မယ့် ဖုန်းဖြစ်ပါ တယ်။ အရွယ်အစားပမာဏအနေဖြင့် 149.7 x 77 x 7.9 mm ရှိကာ အလေးချိန်သည် Battery ပါပါရှိမယ်ဆိုလျှင် 152g ဖြစ်ပါ တယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 x 1280 ဖြစ်ပါတယ်။ တပ်ဆင်ပေးထားသော ကင်မရာမှာနှစ်မျိုးနှစ်စားဖြစ်ပြီး ပါရှိသောစွမ်းရည်သည် အလယ် အလတ်အဆင့် ရှိပါတယ်။

အဓိက ကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB ထည့်သွင်း ပေးထားပြီး ROM ကို 4GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း SD Card စိုက်နိုင် အောင် စီမံပေးထားပါတယ်။

အသုံးပြုခွင့်ပေးထားသော CPU အမျိုးအစား ဟာ Quad Core 1.3GHz ပါ။ အသုံးပြုနိုင်မယ့် OS Version ကတော့ Android 4.2 ဖြစ်ပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့် Battery အမျိုးအစား မှာ Li-Ion 2500mAh ဖြစ်ပါတယ်။ Sensor စနစ်များစွာလည်း အသုံးပြုနိုင် ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 5.5 inches
CPU - Quad Core 1.3GHz
OS - Android OS,v4.2
Memory - 4GB
Bluetooth - Yes
Contact - 09-73059274
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com