12/12/2015

♪ Antivirus & Security application များနဲ့ပတ်သတ်ပြီး Android OS သုံးဖုန်းများရဲ့ စက်ပာန်းခြင်း Error ♫

android-antivirus

Android OS ဖုန်းအသုံးပြုသူများအနေနဲ့ တွေ့ကြုံရတာအများဆုံးဖြစ်တဲ့ စက်ပာန်းခြင်း Error နဲ့ပတ်သတ်ပြီး Antivirus တို့ Security application တို့ကြောင့် ဖြစ်တက်တဲ့အကြောင်းလေးကို ကျတော်တွေ့ကြုံဖူးသလောက်ကိုပြန်လည် အကြံပြုရေးသားဖော်ပြပေးလိုက်ပါတယ်။ Android ဖုန်းအသုံးပြု သူတွေအနေနဲ့ ကျတော့်ကိုမေးမြန်းဖူးတာတွေထဲမှာ စက်ပာန်းလို့ဘယ်လို လုပ်ရမလဲလို့မေးမြန်းဖူး တာတွေ ရှိပါတယ်။ ကျတော်လည်းအရင်ကတော့ သေချာလေးမရှာကြည့်ပါဘူး Factory data reset ချပြီးပြန်သုံးခိုင်းပါတယ်။ အဆင်တော့ပြေပါတယ် data တွေ back-up မလုပ်တက်တဲ့သူတွေအတွက် data တွေပြန်ရဖို့အတွက်တော့ အဆင်မပြေပါဘူး။ ကျတော်လည်းနောက်ဆုံးရှာကြည့်ရင်းနဲ့ Antivirusapplication တို့ security application တို့နဲ့ပတ်သတ်ပြီး ဖြစ်တက်တာကိုသွားတွေ့ပါတယ်။

ကျတော်တွေ့ဖူးသလောက်ကတော့ Antivirus application တွေစစပေါ်တဲ့အချိန်ပါ။ စက်ကဘာမှကို အလုပ်လုပ်လို့မရအောင် ပာန်းနေတာနဲ့ ကျတော်လည်း Reset မချချင်တာနဲ့ လိုက်ရှာရင်း Antivirus application လေးကိုဖျက်လိုက်ပြီး ဖုန်းကို Restart ( Reset မပာုတ်ပါ။ ) ချကြည့်ပေးလိုက်တယ်။

ပြန်ပြီး တက်လာတော့စက်က ပာန်းမနေပဲ အဆင်ပြေပြေပြန်သုံးနိုင်တာကို တွေ့မြင်ရပါတယ်။ နောက်ထပ် နည်းတူ Security application တွေမှာလည်း ဒီလိုမျိုး Error ကိုတွေ့မြင်ရပါတယ်။ ဒီ application လေးတွေပာာ ဘာကြောင့်ဒီလိုဖြစ်စေတာလည်းဆိုရင်တော့ application တစ်ခုအသုံးပြုဖို့ ဖွင့်လိုက်ပြီဆိုတာနဲ့ ဒီ application လေးတွေပာာကိုယ်သုံးဖို့ဖွင်လိုက်တဲ့ application ရဲ့အနောက်ကနေ
လိုက် run နေပြီး Phone Storage မှာနေရာသွားယူပြီး အလုပ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။ application တစ်ခုဖွင့်လိုက်တိုင်းနောက်ကနေ Run နေပြီး ကြာလာတာနဲ့အမျှ Phone Storage မှာလည်းနေရာပြည့်ပြည့်လာတာကြောင့် ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဖုန်းများပာာ .exe ဖိုင်များကိုမသိတာကြောင့် Virus ထိရန်မဖြစ်နိုင်ပေမဲ့ အခုနောက်ပိုင်းမှာတော့ Android OS သုံးဖုန်းများပာာ အကြောင်းအမျိုးမျိုးနဲ့ပတ်သတ်ပြီး Online ကနေ virus ထိခြင်းကိုတွေ့ကြုံလာရတာကြောင့် Antivirus & Security application များကိုအသုံးပြုချင်တယ် ဆိုရင်လည်း အဆင်ပြေမဲ့ application တွေကိုရွေးချယ်အသုံးပြုနိုင်ရန် အကြံပြုပေးလိုက်ရပါတယ်။

အခုလတ်တလောအဆင်ပြေတဲ့ application ကိုအသုံးပြုချင်တယ်ဆိုရင်တော့ CM Security application ကိုအသုံးပြုပါ။
 
အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com