4/07/2017

♪ ၇.၉ လက်မ screen နဲ့ 4GB RAM ပါဝင်တဲ့ Mi Pad 3 ကို Xiaomi မိတ်ဆက် ♫


၂၀၁၅ ခုနှစ်က မိတ်ဆက်ပေးခဲ့တဲ့ Mi Pad 2 နေရာဆက်ခံမယ့် Mi Pad 3 ကို Xiaomi က မိတ်ဆက်ပေးလိုက် ပါတယ်။ Mi Pad 3 ရဲ့ဒီဇိုင်းဟာ Mi Pad 2 နဲ့ဆင်တူပေမယ့် specification တွေကတော့ ပိုကောင်းလာပါတယ်။

Mi Pad 3 မှာ 2,048 x 1,536 pixels resolution နဲ့သုံးနိုင်မယ့် ၇.၉ လက်မ screen ပါဝင်ပါတယ်။ E-book တွေကို ဖတ်ရှုတဲ့အခါမှာ အသုံးတည့်စေမယ့် black and white mode နဲ့ screen ကနေ blue light ထုတ်လွှတ်မှု လျှော့ချပေးမယ့် eye protection mode အပါအဝင် feature အများအပြား ပါဝင်လာပါတယ်။

MediaTek MT8176 chipset နဲ့ 4GB RAM ကို ထောက်ပံ့ပေးထားပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ MicroSD slot မပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို မတိုးမြှင့်နိုင်ပါဘူး။ ဘက်ထရီကတော့ 6,600mAh ဖြစ်ပါတယ်။

ကင်မရာကတော့ 13MP ဖြစ်ပြီး f/2.2 aperture နဲ့ ရိုက်နိုင်ပါတယ်။ Operating system က Android Marshmallow ကို အခြေခံထားတဲ့ MIUI8 ဖြစ်ပါတယ်။ Mi Pad 3 ကို တရုတ်နိုင်ငံမှာ ဧပြီ ၆ ရက်ကစတင်ပြီး ရောင်းချမှာဖြစ်ပါတယ်။ တန်ဖိုးက ၂၂၀ ဒေါ်လာပါ။




Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com