4/10/2017

♪ “Xiaomi က Mi Pad 3 တက်ဘလက်ကိုကြေညာ” ♫

Image may contain: phone and screen

Xiaomi ကတတိယမျိုးဆက် Mi Pad တက်ဘလက်ကိုမိတ်ဆက်လိုက်ပါတယ်။ XiaomiMi Pad 3 လို့ အမည်ပေးထားပြီး ၇.၉ လက်မအရွယ် 1536x2048 Pixels LCD Display တပ်ဆင်ထားပါတယ်။ Core ၆ လုံးပါတဲ့ Mediatek MT8176 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်များ ကြည့်ရင် ၁၂ နာရီအသုံးခံတဲ့ 6600mAh Battery တပ်ဆင်ထား ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပြီးmicroSD Card တော့ အသုံးပြုလို့ မရပါဘူး။ အနောက်ဘက်မှာအရည်အသွေး ကောင်းမွန်တဲ့ 13 Megapixel Camera တပ်ဆင်ထားပါတယ်။

Xiaomi Pad 3 ကိုတရုတ်ယွမ် ၁၄၉၉ (ဒေါ်လာ ၂၂၀ ၀န်းကျင်) သတ်မှတ် ထားတဲ့အတွက် မြန်မာငွေ ၂၅၀ ၀၀၀ လောက် တန်ကြေးရှိပါတယ်။ ရောင်းချမယ့် နေ့ရက်ကိုတော့ ရှောင်မီကကြေညာခြင်းမရှိသေးပါဘူး။ ရှောင်မီကပထမဆုံးMi Tablet ကို ၂၀၁၄ ခုနှစ်မှာမိတ်ဆက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာMi Pad 2 ကိုရောင်းချပေးခဲ့ပါတယ်။ Mi Pad 2 ကို Android နဲ့ Windows Model များထုတ်လုပ်ပေးခဲ့ပြီးသတ္တုကိုယ်ထည်ဖြင့် တည်ဆောက် ထားပါတယ်။ ဒုတိယမျိုးဆက်ကို Intel Chipset များဖြင့်လည်း အဆင့်မြှင့် ပေးခဲ့ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com