Clips
ဆိုတာကတော့ iPhone, iPad နဲ့ iPod Touch အတွက် Apple က ဖြန့်ချိပေးထားတဲ့
video editor တစ်ခုဖြစ်ပါတယ်။ ဒီ app နဲ့ square video တွေကို ဖန်တီးပြီး
နေရာအများအပြားမှာ ဝေမျှနိုင်ပါတယ်။ အသုံးပြုပုံကတော့ အောက်ပါအတိုင်း
ဖြစ်ပါတယ်။
(၁) Clips မှာ Snapchat, Instagram နဲ့ Prisma တို့လို live filter effect အမျိုးမျိုး ပါဝင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အဖြူအမည်းပြောင်းတာမျိုး၊ ကာတွန်းစာအုပ်ပုံစံ ပြောင်းတာမျိုး စတာတွေ ပြုလုပ်နိုင်ပါတယ်။

(၂) Filter တွေကို အသုံးပြုဖို့အတွက် app ရဲ့ထိပ်ဘက်မှာရှိတဲ့ icon တွေထဲကတစ်ခုကို နှိပ်ပါ။

(၃) စတစ်ကာပုံစံ effect တွေကိုထည့်သွင်းနိုင်သလို emoji တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ဒီ app ဟာ အသုံးအများဆုံး emoji တွေထဲက တစ်ခုကို အလျင်အမြန်ထည့်သွင်းပေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့အရာတွေနဲ့ အစားပြန်ထိုးနိုင်ပါတယ်။

(၄) Effect အများအပြား ထည့်သွင်းနိုင်ပါတယ်။

(၅) Title card တွေကို ဘယ်နေရာမှာမဆို ထည့်သွင်းနိုင်ပါတယ်။ Title ကို edit လုပ်ချင်တယ်ဆိုရင် title card ပေါ်ကို နှိပ်လိုက်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။

(၆) Clips app မှာ ရွေးချယ်ထည့်သွင်းနိုင်မယ့် Title card အချို့ ပါဝင်ပါတယ်။

(၇) အဲ့ဒီ Title card တွေမှာ ကိုယ်ကြိုက်ရာရေးနိုင်ပါတယ်။

(၈) Clip တစ်ခုချင်းစီကို iMovie လိုမျိုး edit လုပ်နိုင်ပါတယ်။

(၉) ဓာတ်ပုံနဲ့ ဗီဒီယိုထည့်သွင်းဖို့အတွက် အနီရောင် record button ကို နှိပ်ပြီး ဖိထားပါ။ ဓာတ်ပုံမှာဆိုရင် commentary အတွက် အသံထည့်သွင်းနိုင်ပါတယ်။

(၁၀) ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာ ထည့်သွင်းဖို့အတွက် soundtrack တွေကို Apple က အခမဲ့ ထောက်ပံ့ပေးထားပါတယ်။ ဒါမှမဟုတ် ကိုယ့်ဖုန်းထဲက သီချင်းဖိုင်တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။

(၁၁) တစ်ကြိမ်တည်းမှာ project အများအပြားလုပ်နိုင်ပြီး app မှာ save လုပ်ထားနိုင်ပါတယ်။

(၁၂) ဗီဒီယိုဖန်တီးပြီးသွားတဲ့အခါ camera roll မှာ download လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် iMessage, Facebook, Instagram, YouTube, Vimeo တို့မှာ ဝေမျှနိုင်ပါတယ်။

(၁၃) Clip တွေကို photo library ကနေထည့်သွင်းပါတယ်။ အဲ့ဒီနောက် clipa ကို လက်နဲ့ဆွဲပြီး အရှေ့အနောက် လိုအပ်သလို ရွှေ့နိုင်ပါတယ်။