Huawei Mate 9 ဟာ အရွယ်အစားကြီးမားတာကြောင့် Phablet ဖုန်းအမျိုးအစားထဲမှာပါရြှိ ပီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ ဒီဇိုင်းပုံစံက အလွန်ခေတ်မီပြီး Premium ကျလှပါတယ်။ ကင်မရာစွမ်းအားအထူးကောင်းမွ န်ပြီး
ဘက်ထရီစွမ်းအားကလည်း မြင့်မားသလို built-in Internal memory လည်း
များစွာပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေအများကြီးကို အချိန်အကြာကြီး ရိုက်ယူနိုင်ပါတယ်။
Huawei ရဲ့အမြင့်ဖုန်းတွေထဲက သုံးစွဲလို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက်ရှိပါတယ်။
၎င်းဖုန်းမှာGSM ၊ CDMA ၊ HSPA ၊ EVDO နဲ့ LTE networks
တွေကိုထောက်ပံ့ပေးထားပြီး Single SIM နဲ့ Daul SIM version နှစ်မျိုးကို
ထုတ်လုပ်ထားပါတယ်။ ထည့်သုံးနိုင်တဲ့ SIM cardအမျိုးအစားကတော့ Nano SIM ပါ။
ဘက်ထရီစွမ်းအားပိုင်းကို Non-removable Li-Po 4000 mAh battery က
ပံ့ပိုးထားလို့ တစ်နေ့တာလုံး လုံလောက်တဲ့ ဘက်ထရီစွမ်းအားကို
ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းမြန်တဲ့ Fast Battery Charging
စနစ်လည်း ပါရှိပါတယ်။
**Design & Build**
ဖုန်းရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားလို့ အကြမ်းခံ နိုင်ရည်ရှိပါတယ်။ ကိုယ်ထည်က တောင့်တောင့်တင်းတင်းနဲ့ကျစ်လျစ်မှုရှိပြီး ဘေးဘောင် bezels ကျဉ်းတာ ကြောင့် ပိုမိုဆွဲဆောင်မှုရှိသလို ကိုင်တွယ်သုံးစွဲရတာအဆင်ပြေ ပါတယ်။
ဖုန်းအရွယ်အစားက 156.9 x 78.9 x 7.9 mm ရှိပြီး 190g လေးပါတယ်။ ဒါကြောင့်
အလေးချိန်အနည်းငယ်လေးတဲ့ ဖုန်းတစ်လုံးပါ။ ဖုန်းရဲ့ မျက်နှာပြင်အပေါ်ဘက်မှာ
အရှေ့ကင်မရာ Lens နဲ့ အောက်ခြေဘက်မှာ capacitive button ၃ ခု ပါရှိပါတယ်။
နောက်ကျောဘက်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ အနောက်ကင်မရာ Lens နဲ့ Dual LED
Flash မီးလုံးတို့ကိုဘေးတိုက်ယှဉ် လျက်တွေ့ရမှာပါ။
အောက်ဘက်မှာ fingerprint sensor ကိုတပ်ဆင်ထားပြီး Sensor ရဲ့
လုပ်ဆောင်ချက်တွေကလည်း လျင်မြန်မှုရှိပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ
ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ရြှိ ပီး အောက်ဘက်မှာ စပီကာပေါက်နဲ့ Type C 1.0 reversible connector တို့ တည်ရှိပါတယ်။ လှပသေသပ်တဲ့ဖုန်းဒီဇိုင်းနဲ့ လိုက်ဖက်ညီတဲ့
Space Gray, Moonlight Silver, Champagne Gold, Mocha Brown, Ceramic
White, Black, Obsidian Black ဆိုတဲ့ အရောင် ၇ ရောင်ကို ထုတ်လုပ်
ပေးထားပါတယ်။
**Display**
ဖုန်းမျက်နှာပြင်ကို 5.9-inch ကျယ်တဲ့ IPS LCD capacitive touchscreen display အမျိုးအစားနဲ့ပြု လုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကိုပြသ ပေးနိုင်ပါတယ်။
1 လက်မမှာ သိပ်သည်းဆပမာဏက ~373 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ
multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့
ထပ်မံဖုံးအုပ်ကာကွယ်ထားလို့ အစင်းရာတွေ အလွယ်တကူမဖြစ်စေနိုင်ပါဘူး။
**Operating System and Camera**
ကိုယ်ထည်အတွင်းထဲမှာ Android OS, v7.0 (Nougat) ကို run ထားပြီး EMUI 5.0 ကို အသုံးပြုထား ပါတယ်။ အနောက်ကင်မရာက 20 MP + 12 MP ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုအရည်အသွေးတွေက အံ့မခန်းလောက်အောင်ကောင်းမွ န်ပါတယ်။ အရှေ့ကင်မရာကတော့ 8 MP ရှိပြီး လှပတဲ့ selfie ဓာတ်ပုံတွေ နဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။
**Performance**
ဖုန်းရဲ့စက်စွမ်းဆောင်ရည်ပိုင်းကို
Hisilicon Kirin 960 Chipset နဲ့ Octa-core (4x2.4 GHz Cortex-A73 &
4x1.8 GHz Cortex-A53) processor တို့က ဟန်ချက်ညီညီ
အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးနိုင် တဲ့အပြင်
Mali-G71 MP8 graphics Card ကလည်း အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင်
ထည့်သွင်းပေးထားတဲ့ RAM 4GB ကလည်း စွမ်းဆောင်ရည်ပိုင်း
နဲ့ယာယီမှတ်ဥာဏ်စွမ်းအားပို င်းအတွက် များစွာအထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ် ဂိမ်းတွေနဲ့ apps အားလုံးကို အဆင် ပြေပြေကစားနိုင်မှာဖြစ်ပြီး multi-taskings တွေကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိေ စဘဲ လျင်မြန်စွာလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
**Specification**
Display : 5.9 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256 GB
Camera : 16 MP, autofocus, LED Flash
OS : Android OS, v7.0 (Nougat)
Phone : 09-73 222 888 (Win Mobile World)
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Huawei ရဲ့အမြင့်ဖုန်းတွေထဲက သုံးစွဲလို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းလျက်ရှိပါတယ
**Design & Build**
ဖုန်းရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္ထုနဲ့ပြုလုပ်ထားလို့ အကြမ်းခံ နိုင်ရည်ရှိပါတယ်။ ကိုယ်ထည်က တောင့်တောင့်တင်းတင်းနဲ့ကျစ
**Display**
ဖုန်းမျက်နှာပြင်ကို 5.9-inch ကျယ်တဲ့ IPS LCD capacitive touchscreen display အမျိုးအစားနဲ့ပြု လုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကိုပြသ
**Operating System and Camera**
ကိုယ်ထည်အတွင်းထဲမှာ Android OS, v7.0 (Nougat) ကို run ထားပြီး EMUI 5.0 ကို အသုံးပြုထား ပါတယ်။ အနောက်ကင်မရာက 20 MP + 12 MP ရှိတဲ့ dual camera စနစ်ကိုသုံးထားတဲ့အတွက် ဓာတ်ပုံတွေနဲ့ ဗီဒီယိုအရည်အသွေးတွေက အံ့မခန်းလောက်အောင်ကောင်းမွ
**Performance**
ဖုန်းရဲ့စက်စွမ်းဆောင်ရည်ပိ
**Specification**
Display : 5.9 inch, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM, microSD, up to 256 GB
Camera : 16 MP, autofocus, LED Flash
OS : Android OS, v7.0 (Nougat)
Phone : 09-73 222 888 (Win Mobile World)
NetGuide Journal (Every Wednesday)
https://www.facebook.com/