4/07/2017

♪ ၅.၇ လက်မ QHD display, Kirin 960 processor နဲ့ 6GB RAM ပါဝင်တဲ့ Hornor 8 Pro ♫


ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ Honor 8 ကို မိတ်ဆက် ပေးခဲ့ပြီးတဲ့နောက် Huawei အမှတ်တံဆိပ်ခွဲ Hornor က ဥရောပအတွက် Honor 8 Pro ကို မိတ်ဆက် ပေးလိုက်ပါတယ်။



တရုတ်နိုင်ငံမှာ V9 အနေနဲ့ လူသိများတဲ့ Honor 8 Pro မှာ ၅.၇ လက်မ Quad HD display နဲ့အတူ Huawei ရဲ့ Kirin 960 octa-core processor, 6GB RAM နဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်လာပါတယ်။



ကင်မရာတစ်ခုတည်းသာ Honor 8 နဲ့ ဆင်တူပြီး 12-megapixel dual-camera system ကို သုံးထားပါတယ်။ ကင်မရာတစ်ခုက RGB color နဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်ပြီး ကျန်တစ်ခုက အဖြူအမည်းနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ အဲ့ဒီနောက် Honor ရဲ့ software က ပုံရိပ်နှစ်ခုကို ပိုကောင်းပြီး အသေးစိတ်ကျတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် ဖန်တီးပေးပါတယ်။ အခြား အချက်အလက်တွေမှာတော့ microSD slot, dual-SIM support, fingerprint sensor, NFC, USB-C charging တို့ ပါဝင်ပါတယ်။



Honor 8 Pro ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ဘူးခွံကို VR အတွက် Google Cardboard viewer တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။



Honor 8 Pro ကို လက်ရှိမှာ ဥရောပတစ်ဝန်း ရောင်းချထားဖို့ စီစဉ်ထားပြီး တန်ဖိုးက ၄၇၄.၉၉ ပေါင် (၅၄၉ ယူရို) ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို လက်ရှိမှာ ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီး Amazon က ဧပြီ ၂၀ ရက်မှာ တင်ပို့သွားမယ်လို့ သိရပါတယ်။



Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com