4/07/2017

♪ Facebook Messenger မှာ Live Location ကို ဘယ်လိုသုံးမလဲ ♫


ပြီးခဲ့တဲ့ တင်္နလာနေ့မှာ Facebook က Messenger အတွက် Live Location feature ကို မိတ်ဆက်ခဲ့ပါတယ်။ Live Location feature ဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြင်မှာချိန်းတွေ့တဲ့အခါ ကိုယ့်ရဲ့ လက်ရှိတည်နေရာကို Facebook Messenger က သူငယ်ချင်းများထံ live အနေနဲ့ မိနစ် ၆၀ ဖော်ပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ သူငယ်ချင်းတွေက ကိုယ့်ရဲ့ တည်နေရာနဲ့ နီးလာပြီဆိုရင် Live Location ကို stop လုပ်နိုင်ပါတယ်။

Facebook Messenger မှာ Live Location ကို အသုံးပြုဖို့အတွက် အရင်ဆုံး Location service ကို always အနေနဲ့ ဖွင့်ထားပေးရပါမယ်။ ပြီးရင် Messenger app ကိုဖွင့်ပါ။ ကိုယ့်ရဲ့ တည်နေရာကို ပြလိုတဲ့ သူငယ်ချင်းရဲ့ chat box ကိုဖွင့်ပြီး ကန့်လန့်ဖြတ် အစက်လေး သုံးစက်နဲ့ More button ကို နှိပ်ပါ။



Location ဆိုတာကိုတွေ့ရင် နှိပ်ရပါမယ်။



ပြီးရင် Share Live Location ဆိုတာကိုတွေ့ရင် နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ တည်နေရာကို သူငယ်ချင်းကို live အနေနဲ့ မိနစ် ၆၀ ဖော်ပြပေးနေမှာဖြစ်ပါတယ်။ တကယ်လို့ Live Location ကို ဆက်ပြီး မပြချင်ဘူးဆိုရင် Stop sharing ဆိုတာကို နှိပ်ပြီး ပိတ်နိုင်ပါတယ်။




Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com