4/08/2017

♪ OPPO စမတ်ဖုန်းများတွင် software နှင့် hardware ပိုင်းတို့ကို ညီညွတ်မျှတစွာ အသုံးပြုထားခြင်းကြောင့် ဖုန်း၏စွမ်းဆောင်မှုအပိုင်းကို ပိုမိုပေးစွမ်းနိုင် ♫


ယနေ့ခေတ် စမတ်ဖုန်းဈေးကွက်တွင်ဖုန်းဝယ်ယူသုံးစွဲသူများ အနေဖြင့် ဈေးနှုန်းအပိုင်းအခြားနှင့် စမတ်ဖုန်း တစ်လုံးကပေးစွမ်းနိုင်မည့် hardware နှင့် feature ပိုင်းဆိုင်ရာများကို နှိုင်းယှဉ်ဝယ်ယူလာကြောင်း တွေ့ရှိနေရသည်။ ပုံမှန်အခြေခံအားဖြင့်ကြည့်လျှင် စမတ်ဖုန်းကောင်းတစ်လုံး ဝယ်ယူရာတွင် အဓိက အလေးထားသည့်အချက်မှာ hardware ပိုင်းဖြစ်ပြီး နောက်ဆုံးထုတ်hardware များထည့်သွင်းပေးထားသည့် စမတ်ဖုန်းများကို ပိုမိုဝယ်ယူလိုကြသည်။

သို့ရာတွင် ညီညွတ်မျှတသောထုတ်ကုန်ကောင်းတစ်ခုဖြစ်စေရန်မှာ hardware ပိုင်းမြင့်မားရုံဖြင့် မလုံလောက်ဘဲ software နှင့် hardware ညီညွတ်မျှတစွာဖြင့် လည်ပတ်လုပ်ဆောင်နိုင်မည့်အချက်မှာ ပိုမိုအရေးပါလျက်ရှိကြောင်း တွေ့ရှိလာရသည်။ စမတ်ဖုန်းတစ်လုံးအတွက် မြင့်မားသည့် SoC ခေါ် CPU ကိုအသုံးပြုပါက လုပ်ဆောင်မှုအပိုင်း မြန်ဆန်စေသော်လည်း နောက်ဆက်တွဲအကျိုးဆက်အားဖြင့် CPU ၏ လည်ပတ်အလုပ်လုပ်နှုန်း ပိုမိုမြန်ဆန်သည့်အတွက် အပူမြင့်တက်မှုအပိုင်းတွင် ပိုမိုတိုးလာစေမည်ဖြစ်သည်။
 
ထိုကဲ့သို့အပူတိုးမြင့်လာခြင်းသည် စက်၏လုပ်ဆောင်မှုကို ပြန်လည်နှေးကွေးသွားစေမည်ဖြစ်သည့်အတွက် လိုက်ဖက်ညီသည့် software ပိုင်းနှင့်တွဲဖက်အသုံးမပြုနိုင်ပါက ငွေကုန်ရကျိုးမနပ်စေဘဲ ဆိုးကျိုးကို သာပိုမိုဖြစ်ပေါ်စေမည်ဖြစ်သည်။ Software ပိုင်းပံ့ပိုးမှုပြည့်ဝကောင်းမွန်ပြီး တည်ငြိမ်သော stable ကျသည့် လုပ်ဆောင်မှုမြန်နှုန်းမျိုးရှိသော SoC ခေါ် CPU အမျိုးအစားများကို အသုံးပြုနိုင်သည့်စမတ်ဖုန်းများမှာ ရေရှည်အသုံးပြုရာတွင် စက်၏စွမ်းဆောင်မှုအပိုင်းကို ကောင်းမွန်စေသလို အပူချိန်မြင့်တက်မှုကိုလည်း အနည်းဆုံးအနေအထားအဖြစ် လျှော့ချပေးစေမည်ဖြစ်သည်။

OPPO ၏ စမတ်ဖုန်းထုတ်ကုန်များတွင် ဖုန်း၏ Life cycle သက်တမ်းအချိန်အတွင်း စက်၏အလုပ်လုပ်နှုန်း တည်ငြိမ်ကောင်းမွန်စေရန်အချက်ကို အဓိက ဦးစားပေးကာ software ပိုင်းနှင့်hardware ပိုင်းတို့ ညီညွတ်မျှတစွာတွဲဖက်ပေးထားခြင်းကြောင့် ရေရှည်အသုံးပြုရာတွင် ဖုန်း၏စွမ်းဆောင်မှုအပိုင်းကို ကောင်းမွန်စေပြီး အပူလွန်ကဲမြင့်တက်ခြင်းကိုလည်း လျှော့ချပေးစေမည်ဖြစ်သည်။

ယခု အသစ်မိတ်ဆက်ပေးထားသည့် F3 Plus စမတ်ဖုန်းတွင်လည်း software ပိုင်းနှင့် hardware ပိုင်းကို ညီညွတ်မျှတအောင်တွဲဖက်ပေးထားသည့်အတွက် ရေရှည်အသုံးပြုရာတွင် စွမ်းဆောင်မှုအပိုင်းကို တည်ငြိမ်မြန်ဆန်စေကာ အပူလွန်ကဲခြင်းလည်း သက်သာစေမည်ဖြစ်သည်။



Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com