Huawei Honor Series ရဲ့ Flagship ဖုန်းအသစ်ဖြစ်တဲ့ Honor 8 Pro ကို
ကြိုတင်မှာယူမှုတွေ လက်ခံနေပြီ ဖြစ်ပြီး April 20 မှာ
စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီစမတ်ဖုန်းကတော့ Huawei က ကတိပေးထားတဲ့အတိုင်း သိုလှောင်မှုမြင့်မားတဲ့ battery ပမာဏ (4000mAh) နဲ့ ထွက်ရှိလာတာဖြစ်တဲ့အတွက် honor series တွေထဲမှာတော့ battery ကြာရှည် အခံဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။
Honor 8 Pro ဟာ iPhone 7 Plus, LG G6 နဲ့ Samsung Galaxy S8 တို့ကို အဓိက ယှဉ်ပြိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ(၅၀၀) သာကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

Specs တွေကတော့
- 5.7-inch QHD display
- Octa-core Kirin 960 chipset
- 6GB RAM
- 64GB storage
- 12MP dual cameras (back)
- 8MP selfie camera
- 4000mAh battery