ဂိမ်း ခွေဖိုးတွေဈေးကြီးလို့ စိတ်ညစ်နေကြတဲ့ PS4 , PS3 နဲ့ PS Vita
ပိုင်ရှင်တွေအတွက် သတင်းကောင်းတစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ PS Plus
subscribers တွေအနေနဲ့ လာမယ့် မေလ (၂) ရက်နေ့က စတင်ပြီး ဂိမ်း (၆) ခုကို
အခမဲ့ ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။
PlayStation 4 owner တွေအနေနဲ့ Tales of the Borderlands နဲ့ Abzu ဂိမ်းတွေကို အခမဲ့ ဒေါင်းယူနိုင်မှာဖြစ်ပြီး PS3 owner တွေအနေနဲ့ Blood Knights နဲ့ Port Royale 3:Pirates and Merchants ဂိမ်းတွေကို ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။
PS Vita owner တွေအနေနဲ့လည်း Laser Disco Defenders နဲ့ Type:Rider ဂိမ်းတွေကို အခမဲ့ ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။
ဒီ ဂိမ်းတွေကို ရယူချင်တဲ့သူတွေအနေနဲ့ PlayStation Plus ကို subscribe လုပ်ဖို့ မမေ့ပါနဲ့လို့ Sony က တိုက်တွန်းထားပါသေးတယ်။