ရှောင်မီက ဒီလထဲမှာ စွမ်းဆောင်ရည်မြင့် Mi 6 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။
စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ် အကဲဖြတ်တဲ့ GFXBench
ဝက်ဆိုက်မှာ Mi 6 ရဲ့ သတင်းအချက်အလက်များကို တွေ့မြင်ရပါတယ်။ GFXBench
မှာတော့ Xiaomi Sagit လို့ ဖော်ပြထားပေမယ့် Chipset ကြောင့် Mi 6
ဖြစ်တယ်လို့ သိရပါတယ်။
Xiaomi Mi 6 မှာ ၅.၁ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 4K Video များကို ရိုက်ကူးနိုင်တဲ့ 12 Megapixel Camera ပါရှိပါတယ်။ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်ကင်မရာကလည်း 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။
Mi 6 မှာ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ 4GB နဲ့ 6GB RAM Model ၂ မျိုးထုတ်လုပ်ထားပါတယ်။ နိုင်ငံအပေါ် မူတည်ပြီး မော်ဒယ်များကို ခွဲခြားရောင်းချမှာ ဖြစ်ပါတယ်။ 64GB နဲ့ 128GB Storage Model များကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 7.1.1 Nougat ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Mi 6 ဟာ Snapdragon 835 ထည့်သွင်းထားတဲ့ တတိယမြောက် စမတ်ဖုန်း ဖြစ်လာမှာပါ။ Sony Xperia XZ Premium နဲ့ Samsung Galaxy S8 တို့က အဲဒီ Chipset ကို ထည့်သွင်းထားတဲ့ ပထမနဲ့ ဒုတိယ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ Mi 6 ရဲ့ အခြေခံ မော်ဒယ်ကို ၂၈၉ ဒေါ်လာဖြင့် ရောင်းချနိုင်ပါတယ်။ စွမ်းရည်မြင့် 6GB/128GB Model ဟာ ၃၉၁ ဒေါ်လာ တန်ကြေးရှိနိုင်ပါတယ်။