4/08/2017

♪ Samsung Galaxy S8+ ဘက်ထရီက iPhone 7 ထက် ပိုမိုကြာရှည်ခံဟုဆို ♫


Samsung Galaxy S8+ ရဲ့ ဘက်ထရီစွမ်းဆောင်ရည်ဟာ လူတွေထင်ထားတာထက် ပိုကောင်းတယ်လို့ PhoneArena ဝက်ဘ်ဆိုက်ရဲ့ စမ်းသပ်ချက်အရ သိရပါတယ်။

Galaxy S8+ ရဲ့ 3,500mAh ဘက်ထရီကို ၈ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ ၆.၂ လက်မ display နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ EXYNOS 8895 processing chip ပါဝင်ပေမယ့် ဘက်ထရီစွမ်းဆောင်ရည်က ထင်ထားတာထက် ပိုကောင်းတယ်လို့ PhoneArena က ပြောကြားခဲ့ပါတယ်။



Samsung Galaxy S8+ ရဲ့ ဘက်ထရီသက်တမ်းဟာ Google Pixel XL (၇ နာရီ ၁၉ မိနစ်) နဲ့ OnePlus 3T (၅ နာရီ ၄၁ မိနစ်) အပါအဝင် အခြားအရွယ်ကြီးတဲ့ဖုန်းတွေထက် သာလွန်ပေမယ့် iPhone 7 Plus (၉ နာရီ ၅ မိနစ်) လောက်တော့ ကြာရှည်မခံပါဘူး။

Galaxy S8+ ကို 0% ကနေ 100% အထိ အားသွင်းရာမှာ ၁ နာရီ ၄၀ မိနစ်သာကြာမြင့်ပြီး ဒါဟာ တွေ့ဖူးသမျှထဲမှာ အမြန်ဆုံးဖြစ်တယ်လို့ PhoneArena က ပြောကြားခဲ့ပါတယ်။



Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com