4/09/2017

♪ Transformers: Forged to Fight ဂိမ်း App Store နဲ့ Play Store ပေါ်ရောက်ရှိ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/te.jpg?fit=800%2C450&ssl=1

Transformers ရုပ်ရှင် series တွေဟာ အလွန်အောင်မြင်ခဲ့တဲ့ အလျောက် အလွန်လည်း လူကြိုက်များခဲ့တာ အာလုံးအသိပါပဲ။

ရုပ်ရှင်အဖြစ်တင်မကဘဲ ဂိမ်းအဖြစ်ပါ မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက် Transformers: Forged to Fight မိုဘိုင်းဂိမ်း (၂၀၁၇) ခုနှစ်အတွင်း ထွက်ရှိမှာဖြစ်တယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ (၂၀၁၆) ဒီဇင်ဘာလ အတွင်းက ထွက်ပေါ်ခဲ့ပြီး အခုအချိန်မှာတော့ အမှန်တကယ်ကို ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Android အသုံးပြုသူတွေအနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်သလို iOS အသုံးပြုသူတွေအနေနဲ့လည်း Apple App Store ပေါ်ကနေ အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။

Play Store Link

Power Rangers: Legacy Wars ထွက်တာ သိပ်မကြာသေးခင်မှာပဲ အခုလို Transformers ထပ်ထွက်လာခဲ့တဲ့ အတွက် mobile gamer တွေကတော့ ဗျာများစရာဖြစ်နေတော့မှာပါ။

မိုဘိုင်း gamer တွေအနေနဲ့ Clash of Clans, Clash Royale နဲ့ Mobile Legands တို့လို Online Game တွေကို ဆော့ကစားလျက်ရှိနေတဲ့အပြင် အခုလို Online Game အသစ်တွေ ထပ်ထွက်လာတဲ့အတွက် အချိန်ဖြန်းစရာတွေ ပိုများလာပြီလို့ ပြောရမှာဖြစ်ပါတယ်။

Power Rangers ဂိမ်းလိုမျိုးပဲ ရုပ်ထွက်ရော ဂိမ်းရဲ့ ဖွဲ့စည်းပုံတွေပါ အရမ်းကောင်းတဲ့ ဒီ Transformers ဂိမ်းဟာလာ လူကြိုက်များမယ့် ဂိမ်းတစ်ခုဖြစ်လာနိုင်ချေရှိပါတယ်။

Trailer ဗီဒီယိုလေးကို ဖော်ပြလိုက်ပါတယ်။





Credit to ==>> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com