4/08/2017

♪ " Samsung Galaxy S8 နှင့် S8+ တို့ကို ငွေကျပ် ၅၀၀၀၀ ပေးသွင်း၍ Pre-Order မှာယူနိုင်ပြီ " ♫

Image may contain: one or more people, phone and text

Samsung Galaxy S8 နှင့် S8+ Smartphone များကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီး ၃၆ မြို့တို့ရှိ Samsung showroom နှင့် အရောင်းမြှင့်တင်ရေးဆိုင်များတွင် ငွေကျပ် ၅၀၀၀၀ ပေးသွင်း၍ Pre-Order မှာယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်မှာယူထားသူများအနေဖြင့် ၎င်းတို့မှာယူထားသောဖုန်းများအား ၂၀၁၇ ခုနှစ် မေလ ၆ ရက်နေ့တွင် Samsung မှသတ်မှတ်ထားသော နေရာနှင့်အရောင်းဆိုင်များ၌ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။
ထို့အပြင် စရံပေးမှာယူထားပြီး မေလ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူခြင်းမရှိပါက စရံငွေများ ဆုံးရှုံးမည်ဖြစ်သည်။


ကြိုတင်မှာယူခြင်းအစီအစဉ်ဖြင့် ဝယ်ယူထားသူများသည် ငွေကျပ်တစ်သိန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်း များဖြစ်သော Clear Cover, Screen Protector, Wireless charger stand နှင့် micro usb cable များ ရရှိနိုင်သည်။


Galaxy S8 နှင့် S8+ တို့ကို မေလ ၁၂ ရက်နေ့တွင် ပြည်တွင်း၌ တရားဝင်ရောင်းချပေးမည်ဖြစ်ပြီး Midnight Black, Maple Gold, Orchid Gray စသည့်အရောင်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Galaxy S8 ဧ။်ဈေးနှုန်းမှာ ငွေကျပ် ၁၀၆၀၀၀၀ ဖြစ်ကာ S8+ မှာ ငွေကျပ် ၁၁၉၀၀၀၀ ဖြစ်သည်။


ဝယ်ယူသူများသည် Samsung ဧ။် Premium Care ဝန်ဆောင်မှုကို ခံစားခွင့်ရှိမည်ဖြစ်ကာ MPT ဧ။် Special Packages များကို အခမဲ့ရယူသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com