4/09/2017

♪ ဒေါ်လာ ၂၅၀ နဲ့ရောင်းချမယ့် ZTE Nubia Z17 mini ♫


ကျောဘက်မှာ ကင်မရာနှစ်ခုပါတဲ့ Nubia Z17 mini ကို ZTE က မိတ်ဆက်ပေးလိုက်ပါတယ်။


ဒီစမတ်ဖုန်းရဲ့ကျောဘက်ကင်မရာက 13 MP ပါ။ တစ်ခုက monochrome ဖြစ်ပြီး ကျန်တစ်ခုက color sensor ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 16MP ဖြစ်ပြီး f/2.0 lens, 80-degree wide field of view နဲ့ ရိုက်နိုင်ပါတယ်။

Display က ၅.၂ လက်မ 1,920 x 1,080 pixels (424ppi) LTPS panel ဖြစ်ပါတယ်။

Nubia Z17 mini ကို Snapdragon 652 chip, 4GB RAM အမျိုးအစားနဲ့ရနိုင်သလို Snapdragon 653, 6GB RAM နဲ့လည်း ရနိုင်ပါတယ်။ နှစ်မျိုးစလုံးမှာ 64GB internal storage ပါဝင်ပြီး microSD card slot ကနေ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။ Hybrid slot ဖြစ်တာကြောင့် SIM card နှစ်ခုထည့်သုံးနိုင်သလို micro SIM တစ်ခုနဲ့ microSD card တစ်ခုထည့်ပြီးလည်း သုံးနိုင်ပါတယ်။

တန်ဖိုးကတော့ 4GB RAM အတွက် ၂၄၇ ဒေါ်လာဖြစ်ပြီး 6GB ဗားရှင်းအတွက် ၂၉၀ ဒေါ်လာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို ဧပြီ ၁၂ ရက်ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com