4/08/2017

♪ “KENBO Hero 2” Price - 99,800 Ks ♫

Image may contain: phone

Hero 2 တွင် Polymer ဘက်ထရီနည်းပညာကိုအသုံးပြုပေးထားပြီး ကြီးမား သော 4000mAh စွမ်းရည်ရှိတဲ့ ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။ Power Saving စနစ်ပါဝင်တာကြောင့် ဖုန်းအသုံးပြုတဲ့အခါမှာ ဖုန်းအားပိုမိုကြာရှည်ခံ စေမှာဖြစ်ပါ တယ်။ ထို့ကြောင့် Hero 2 ဖုန်းကို ဖုန်းအားခံချက်ကောင်းမွန် သော ဖုန်းလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။

ကြီးမားတဲ့ဘက်ထရီ သိုလှောင်နိုင်မှုစွမ်းအားက သာမန်အသုံးပြုသူတွေအတွက် နှစ်ရက်တိတိ သုံးစွဲနိုင်မှာဖြစ်ပြီး Standby အနေနဲ့ ဖုန်းကိုအသုံးပြုမယ်ဆိုရင်တော့ ရက်ပေါင်းများစွာဖုန်းအားခံတာကိုတွေ့မြင်ရမှာပါ။ KENBO Smarphone ရဲ့ Hero 2 ဖုန်းဟာ အခြားဖုန်း တစ်လုံးကိုလည်း ဖုန်းဘက်ထရီအားပြန်လည် ဝေမျှပေးနိုင်တဲ့စနစ်ပါဝင်ပါတယ်။ ထို့ကြောင့် မိတ်ဆွေသူငယ်ချင်းတွေရဲ့ဖုန်း ကို power bank တစ်လုံးကဲ့သို့ ဖုန်းအား ပြန်လည်သွင်းပေးနိုင်ပါမယ်။

ဖုန်းလုံခြုံရေးစနစ်ကောင်းမွန်စေဖို့အတွက်လည်း KENBO ဟာ သူ့ရဲ့ဖုန်းများ တွင် အဆင့်မြင့်လုံခြုံရေး စနစ်များကို ထည့်သွင်းပေးထားပါတယ်။ ယခုဖုန်း တွင်လည်း Fingerprint စနစ်ကို အသုံးပြုနိုင်ပါမယ်။ ထို Fingerprint စနစ်ကို ဖုန်း Screen Lock အဖြစ်ရော၊ Application Lock အနေနဲ့ပါ အသုံးပြုနိုင်ပါ မယ်။ မတူညီတဲ့ လက် ၅ ချောင်းအထိကို အမှတ်အသားအဖြစ် မှတ်သားထား နိုင်ခြင်းကြောင့် အကြောင်းအမျိုးမျိုး နဲ့မှတ်သား ထားသော လက်ချောင်း တစ်ချောင်းဖြင့် Lock ဖွင့်မရပါက အခြားလက်ချောင်းတစ်ချောင်းရဲ့ လက်ဗွေဖြင့် ဖုန်း Lock ကို ဖြည်နိုင်မှာဖြစ်ပါတယ်။


ဖုန်းအသုံးပြုတဲ့အခါမှာ မြန်ဆန်သွက်လက်နေစေဖို့အတွက် Quad-core 1.3GHz စွမ်းရည်ရှိသော CPU ကို ထည့်သွင်းပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB နှင့် ROM ကို 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ SD Card အသုံးပြု၍လည်း မှတ်ဥာဏ်ပမာဏကိုတိုးမြှင့်နိုင်ပါတယ်။ 8MP စွမ်းရည်ရှိ သော ကင်မရာကိုအသုံးပြုပေးထားပါတယ်။



<Specifications>

Network - 2G/3G/4G
Memory - 16GB
CPU - Quad Core 1.3 GHz
Camera - 8MP
Screen - 5 inches
OS - Android OS, v5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com