Apple က iPhone များအတွက် AirPod ကြိုးမဲ့ နားကြပ်ကို
ထုတ်လုပ်ရောင်းချပေးထားပြီး လူကြိုက်များရေပန်းစားပါတယ်။ အခုတော့ ဒီထက်
လူကြိုက်များမယ့် စွမ်းရည်တစ်ခုကို အနာဂတ် AirPod များမှာ
ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Patently Apple က Apple မကြာခင်က
မှတ်ပုံတင်လိုက်တဲ့ Patent တစ်ခုကို ဖောက်သည်ချလိုက်ပါတယ်။
သူ့ရဲ့ Patent အရ AirPod ရဲ့ Case ဟာ iPhone, Apple Watch တို့လို Apple ရဲ့ ထုတ်ကုန်များကို ကြိုးမဲ့ အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Apple Watch မှာ သံလိုက်အခြေပြု ကြိုးမဲ့ အားသွင်း စနစ် ပါရှိသလို အနာဂတ် iPhones များမှာလည်း ကြိုးမဲ့ အားသွင်းစနစ်ပါလာမယ်လို့ သတင်းများထွက်နေတဲ့အတွက် အခုလို Wireless Charging Station စွမ်းရည်ကို AirPod မှာ ထည့်သွင်းပေးခြင်းဟာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။
AirPod Case ကနေ အားသွင်းနိုင်မယ့် Apple Devices များစွာကို Patent မှာ ဖော်ပြထားပါတယ်။ အဲဒီ ကိရိယာများထဲမှာ Holographic Projection System လည်း ပါဝင်ပါတယ်။ ဒါ့အပြင် AirPod Case ကိုလည်း ရေစိုခံအောင် ဖန်တီးထားမယ်လို့ ဖော်ပြထားပါတယ်။ Apple ရဲ့ နောက်ထုတ်မယ့် AirPod ကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ရမှာ ဖြစ်ပါတယ်။