
HTC
 က စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ HTC One X10 လို့ 
အမည်ပေးထားပြီး ဘက်ထရီနဲ့ ဒီဇိုင်းကို အထူးအသားပေး ဖန်တီးထားပါတယ်။ HTC One
 X10 မှာ အရွယ်ကြီးမားတဲ့ 4000mAh Battery နဲ့ သတ္တုကိုယ်ထည် 
တပ်ဆင်ထားပါတယ်။ တစ်ခါအားသွင်းထားရင် ၂ ရက် အသုံးခံတယ်လို့ သိရပါတယ်။  
အဲဒီစမတ်ဖုန်းကို HTC ရဲ့ ရုရှားဝက်ဘ်ဆိုက်မှာ မိတ်ဆက်ထားတာ ဖြစ်ပါတယ်။ 
 
HTC One X10 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာကို တပ်ဆင်ထားပါတယ်။ HTC One X10 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 3GB RAM, 32GB Internal Storage နဲ့ Mediatek Helio P10 Octa-Core Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။
 
HTC က One X10 ရဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါဘူး။ Specifications များအရတော့ အဲဒီ စမတ်ဖုန်းဟာ စွမ်းဆောင်ရည်သင့်အမျိုးအစား
 ဖြစ်ပါတယ်။ အဲဒီအတွက် HTC U Ultra ထက် တန်ဖိုးသက်သာမှာ ဖြစ်ပါတယ်။ Dual 
SIM Phone ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။ SIM Slot ၂ ခုစလုံးဟာ 4G
 LTE ကို ထောက်ပံ့ပါတယ်။ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ Boost + Feature 
ထည့်သွင်းပေးထားပါတယ်။ Android 6.0 Marshmallow ကို HTC Sense နဲ့ 
ပေါင်းစပ်ထားပါတယ်။
 
Mobile Guide Journal (Every Monday)
www.facebook.com/ officialmobileguidejournal
HTC One X10 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာကို တပ်ဆင်ထားပါတယ်။ HTC One X10 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 3GB RAM, 32GB Internal Storage နဲ့ Mediatek Helio P10 Octa-Core Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။
HTC က One X10 ရဲ့ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပါဘူး။ Specifications များအရတော့ အဲဒီ စမတ်ဖုန်းဟာ စွမ်းဆောင်ရည်သင့်အမျိုးအစာ
Mobile Guide Journal (Every Monday)
www.facebook.com/