4/23/2017

♪ " Find My iPhone ကြောင့် အဖမ်းခံလိုက်ရတဲ့ iPhone သူခိုး " ♫

Image may contain: one or more people, crowd and text

အမေရိကန်နိုင်ငံ Indio မှာ ကျင်းပနေတဲ့ Coachella Valley အမည်ရ အနုပညာနဲ့ သီချင်းပွဲတော်ကို လာတဲ့ လူများရဲ့ စမတ်ဖုန်း အလုံး ၁၀၀ ကျော်ကို ခိုးထားတဲ့သူခိုးကို iPhone ရဲ့ Find My iPhone ခြေရာခံစနစ်ကြောင့် ဖမ်းဆီးမိခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။ မီဒီယာတစ်ခုက သူခိုးရဲ့အိတ်ထဲမှာ စမတ်ဖုန်း အလုံး ၁၃၀ ပါတယ်လို့ ပြောပါတယ်။

ပွဲတော်လာသူများဟာ သူတို့ရဲ့ iPhones များ အခိုးခံရတယ်ဆိုတာကို သိတဲ့အချိန်မှာ ဖုန်းရဲ့တည်နေရာကို ခြေရာခံဖို့အတွက် Finde My iPhone ကို Activate ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဖုန်းပိုင်ရှင်များက ရဲများကို အကြောင်းကြားခဲ့ပြီး သူခိုးကို ပွဲတော်မှာတင် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူခိုးဟာ အသက် ၃၆ နှစ်အရွယ် နယူးယောက်မြို့သား Reinaldo De Jesus Henao ဆိုသူဖြစ်ပြီး ရဲများက စမတ်ဖုန်း အလုံး ၂၀ ကျော်ကို ပိုင်ရှင်များအား ချက်ချင်း ပြန်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့စမတ်ဖုန်းများကို ပွဲတော်ရဲ့ ပစ္စည်းပျောက်ဌာနကနေ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

သူခိုးက စမတ်ဖုန်းများကို ပါဝါမပိတ်ခဲ့လို့ အခုလို ခြေရာခံမိခဲ့တာ ဖြစ်ပါတယ်။ ရဲများဟာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Reddit မှာ ပွဲတော်တွင် စမတ်ဖုန်းများ အခိုးခံရတယ်ဆိုတဲ့ ပို့စ်များကို အရင်ဆုံး တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပိုင်ရှင်များက စမတ်ဖုန်းများဟာ Sahara Tent မှာ ပျောက်ဆုံးသွားတယ်လို့ ၀က်ဘ်ဆိုက်မှာ ရေးသားထားကြပါတယ်။

အနာဂတ်မှာ သူခိုးရဲ့လက်ဗွေရာကို Touch ID Sensor ကနေ မှတ်သားနိုင်ခြင်း၊ သူခိုးကို ဓာတ်ပုံရိုက်ခြင်း စတဲ့ စွမ်းဆောင်ချက်များကို Find My iPhone မှာ Apple က ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။





Mobile Guide Journal (Every Monday)
www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com