
တရုတ်နိုင်ငံထုတ်စမတ်ဖုန်းေ တွဟာ ပြည်တွင်းဈေးကွက်မှာ ဈေးကွက်အနေ အထားတစ်ခုထိပိုင်ဆိုင်ထားနေ  ပါပြီ။ Huawei, OPPO, Vivo နဲ့အတူ Meizu စမတ်ဖုန်းတွေဟာ လုပ်ဆောင်ချက်ကောင်းမွန်မှုနဲ့အတူ
 ဝယ်ယူ သုံးစွဲသူတွေ တတ်နိုင်တဲ့ ဈေးနှုန်းအနေအထားကြောင့် 
ဝယ်ယူအားပေးမှုအများအပြား ရရှိလျက်ရှိပါတယ်။ ဒီလို စမတ်ဖုန်းတွေထဲမှာ Meizu 
ကနေ အခုနောက်ဆုံး ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ M5 Note ကလည်း ကျယ်ပြန်တဲ့ 
မျက်နှာပြင်၊ ကင်မရာလုပ်ဆောင်ချက်ကောင်းမွန်မှုတွေနဲ့အတူ သုံးစွဲသူတွေ ကို ဆွဲဆောင်ထားပါ တယ်။ Meizu က ထုတ်တဲ့ Note စမတ်ဖုန်းတွေဟာ လုပ်ဆောင်ချက်ကောင်းမွန်နဲ့ အတူ ဈေးနှုန်းကလည်း သက်သာတဲ့အတွက် ကြောင့် Entry level အဆင့်ဖုန်းသုံးစွဲသူတွေအတွက်လည်း
 အတော်လေး အဆင်ပြေပါတယ်။ အခုဈေးကွက်အတွင်းဝင်လာတဲ့ M5 Note ကို ကြည့်လိုက်
 မယ်ဆိုရင်လည်း သုံးစွဲသူတွေအတွက် လုံးဝသစ်လွင်နေမယ့်ဒီဇိုင်း ပုံစံမျိုးကို ရရှိစေမှာပါ။ ဖုန်းကိုယ်ထည်အသွင်အပြင်သည်  ထောင့်စွန်းများ၌အဝန်း အဝိုက်ပုံစံရှိပြီး ဖုန်း၏ဘေးတစ်ဖက်တွင်ပါဝါခလု တ်နှင့်
 အသံအတိုးအချဲ့ ခလုတ်တို့ပါရှိပါတယ်။ ဖုန်း၏အောက် ဘက်မှာတော့ စပီကာ၊ USB 
Port နှင့် Head Phone တပ်ဆင်ရန် အပေါက်တို့ပါရှိပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်ဘေး
 မှာတော့ Sim Card နှင့် SD Card ထည့်ရန်အံဝှက်ကို ဖန်တီးပေးထားပါတယ်။ 
 
ဖုန်း၏ အနောက်ဘက်တွင် အပေါ်ဘက်နှင့်အောက်နား၌လိုင်းနှစ်ကြောင်းဖြင့် ဒီဇိုင်းဖော်ပေးထားပါတယ်။ နောက် ကျောဘက်အလယ်တည့်တည့်တွင် အဓိက, ကင်မရာကိုအဝိုင်းပုံစံတပ်ဆင်ပေးထားပြီး
 ကင်မရာ၏ အောက် ဘက်မှာ LED Flash light စနစ်ထည့်သွင်းပေးထားပါတယ်။ M5 Note 
ဟာ ဆင်းကတ်နှစ်ကတ်ထည့် သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ 
ထည့်သွင်းရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ သူ့အရင် ထွက်ထားတဲ့ M5 
နဲ့ တူညီတဲ့အပိုင်းတွေရှိနေပါတယ်။
 M5 နဲ့ M5 Note နှစ်မျိုးလုံးမှာ 13MP အဓိကကင်မရာနဲ့အတူ 5MP အရှေ့ဘက် 
ကင်မရာငယ် ပါဝင်မှာပါ။ ဒါ့အပြင် 16GB သိုလှောင်နိုင်စွမ်း၊ 
လက်ဗွေဖတ်စနစ်နဲ့ android 6.0 သုံးထားတာတွေလည်း တူညီပါတယ်။ 
ကွဲပြားမှုလို့သတ်မှတ်နိုင်တာ ကတော့ မျက်နှာ ပြင်ပုံရိပ်ဖော်ပြနိုင်စွမ်း ဖြစ်ပြီး
 M5 မှာတော့ 720p display resolution သာဖြစ်ပြီး M5 Note မှာ 1080p အထိ 
ဖော်ပြနိုင်စွမ်းရှိပါတယ်။  Meizu ရဲ့စမတ်ဖုန်းအသစ်မှာ 
မျက်နှာပြင်ပိုင်းအတွက် ၅.၅လက်မဖြစ်ပြီး display ပိုင်းအတွက်တော့ LTPS IPS 
LCD ကို သုံးထားပါတယ်။ ၅.၅ လက်မ ရှိတဲ့မျက်နှာပြင်ဟာ Full HD ဖော်ပြနိုင် 
စွမ်းနဲ့ဖြစ်ပြီး PPI ကလည်း အတော် ကောင်းလာပါတယ်။ 403 ppi နဲ့ဖြစ်တာကြောင့်
 မြင်ကွင်းပိုင်းမှာ ပိုမိုရှင်း လင်းပြတ်သားလာမှာဖြစ်ပါတယ်။ 
 Resolution (1920x 1080) ရှိသော Capacitive Touch Screen  ကို 
အသုံးပြုပေးထားပါတယ်။ Software  တွေသုံးတဲ့အခါမှာ 
ကွဲပြားတဲ့လုပ်ဆောင်ချက်တွေ နဲ့ အသုံးချနိုင်ပါလိမ့်မယ်။ ပြီးတော့ဘေးဘောင်အနားသတ်လို င်းတွေကလည်း
 ကျစ်လျစ်သပ်ရပ်တဲ့ မျက်နှာပြင်မှာ ပိုမိုကျဉ်းမြောင်း လာပြီး 0.32mm 
လောက်ကွာသွားပါ လိမ့်မယ်။ သတ္တုကိုယ်ထည်ဒီဇိုင်းကို 
အပြည့်အဝခံစားရမှာဖြစ်ပါတယ် ။ 
 
Software နဲ့ပတ်သက်ရင်တော့ Meizu ဟာ သူတို့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ flyme 5.2 ကို သုံးနိုင်ပါလိမ့်မယ်။ Android OS အနေနဲ့ ကြည့်လိုက်မယ်ဆို ရင်တော့ 6.0(marshmallow)ဖြစ်ပါတယ်။  Online Website တွေရဲ့ စမ်းသပ်ချက်တွေအရတော့  လုံခြုံရေးဆိုင်ရာလုပ်ဆောင် ချက်တွေနဲ့
 app တွေစီမံခန့်ခွဲမှုတွေမှာ ပိုသွက်လက် လာတယ်လို့ဆိုတယ်။ လက်ဗွေဖတ်စနစ် 
ကလည်း ခြုံငုံဖတ်ရှုမှုအပိုင်းမှာ ဝ.၂ စက္ကန့်လောက်အတွင်း ဖွင့်လှစ် ပေးမယ် 
လို့ ဆိုပါတယ်။ လက်ဗွေစနစ်ကိုသိမ်းဆည်းနိုင်တဲ့
 အပိုင်းမှာလည်း လက်တစ်ပြင်လုံး အစိတ်အပိုင်းကို တိကျစွာမှတ်သားသိမ်းဆည်း 
နိုင်ပါလိမ့် မယ်။ Flyme account ကို စတင်ဖွင့်သုံးတဲ့သူတွေအတွက် ကတော့ ဂရုတစိုက် ရှိဖို့လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Meizu အနေနဲ့မိုဘိုင်းဖုန်းသုံးတဲ့ 
 သူ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစေဖို့ အသေးစိတ် 
ဂရုစိုက်ထားလို့ပါ။ အနောက်ကင်မရာ 13MP ကို အသုံးပြုပေးထားပြီး 10 LED (dual
 tone) Flash ကို အသုံးပြုပေးထားတဲ့အတွက် ပုံရိပ်ဖမ်းယူမှုကို အကောင်း 
ဆုံးစွမ်းဆောင်ပေးနိုင်မြှာ ဖစ်သည့်အပြင်
 ပုံထွက်အရည်အသွေး မှာလည်း သဘာဝအတိုင်းနီးပါး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 
Sony ရဲ့ IMX386 sensor ဟာပုံရိပ်တွေရိုက်ကူးတဲ့အခါ မှာ
 ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ရဖို့ အတွက်ကူညီပေးပါလိမ့်မယ်။ Autofocus 
ရဲ့သွက်လက်တဲ့ လုပ်ဆောင်နိုင် စွမ်းနဲ့ပုံရိပ်ကို ချက်ချင်းဖတ်ရှုနိုင်စွမ်း
 ဟာ ဝ.ဝ၇ စက္ကန့်သာကြာမြင့်မှာ ဖြစ်ပါတယ်။ 10-led ring flash ကလည်း 
အမှောင်ထဲမှာ ရိုက်ကူးတဲ့ပုံတွေ ကိုရှင်းလင်းပြတ်သားမှုရှိစေ အောင်
 ထောက်ပံ့ပေးမယ့်အပြင် object နဲ့ ဖုန်းကို၂မီတာအဝေးလောက်ကနေ ရိုက်ရင်တောင်
 ပုံထွက်ကောင်းပါလိမ့် မယ်။ အရှေ့ဘက်ကင်မရာမှာတော့ 5MP,f/ 2.0
 နဲ့ဖြစ်ပြီး 1080p ဗီဒီယို တွေကိုတောင် ရိုက်ကူးနိုင်ပါလိမ့်မယ်။ Flash 
ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ထက်၁ဝဆပိုမိုကောင်းမွန်ပါ လိမ့်မယ်။ 
ဖုန်းတစ်ခုလုံးရဲ့ သွက်လက် မြန်ဆန်တဲ့လုပ်ဆောင်ချက်တွေ ကိုအလိုက်သင့်ထိန်းချုပ်မော င်း နှင်နိုင် စေဖို့အတွက်ကတော့ ပရိုဆက်ဆာပိုင်းမှာ ဈေးသက်သာတယ်လို့ သတ်မှတ် နိုင်တဲ့ Mediatek ကို သုံးထားပါတယ်။ 
 
လက်ရှိနောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ ကိုယ်ပိုင်ပရိုဆက်ဆာတွေ အသုံးပြု နေတဲ့အပြင်၊ ကိုယ်ပိုင် မသုံးတဲ့ကုမ္ပဏီတွေအနေနဲ့ကတော့ snap-dragon လို chip တွေကိုသုံးကြပါတယ်။ စွမ်းအင်သုံးစွဲမှု အပိုင်း အတွက် Octa-core ကိုသုံးထားတဲ့ ထိပ်တန်းဖုန်းအဖြစ်ဆိုရပါလိ မ့်မယ်။
 ဘာကြောင့်လဲဆိုရင် MediatekHelio P10 ရဲ့ပေါင်းစပ်ပေးထားမှုဟာ 1.81GHz 
Octa-core (4x1.8 GHz Cortex A-53 & 4x1.0GHz Cortex A-53)ကို 
သုံးပေးထားသဖြင့် လုပ်ဆောင်ချက်ပိုင်းတွင် မြန်ဆန်စေမှာပါ။ ဒါကြောင့် 
အပူစွန့်ထုတ်နိုင်မှု အပိုင်းကို တော့ အသေးစိတ်ဂရုစိုက်ရပါလိမ့်မယ်။ အချက်အလက်သိုလှောင် သိမ်းဆည်းမှုအပိုင်းအတွက်ကတော့ 3GB LPDDR3 RAM နဲ့ဖြစ်ပြီး၊ storage ပိုင်းမှာတော့ 16GB နဲ့ 32GB ဆိုပြီး ကြိုက်ရာကိုရွေးချယ်နိုင်မှာပါ။  ဂရပ်ဖစ် ပိုင်းမှာတော့ ရုပ်ထွက်မြင့်ဂိမ်းနဲ့ ရုပ်ရှင်တွေကိုအဆင်ပြေပြေကြ ည့်နိုင်စေမယ့်
 Mail-T860 MPU GPU ကိုသုံး ထားပါတယ်။ အချက်အလက်တွေကိုထပ်မံ တိုးချဲ့ 
ထည့်သွင်းနိုင်စွမ်းအတွက် SD Card ထောက်ပံ့မှုရပြီး 256GB အထိ 
တိုးမြှင့်နိုင်မှာပါ။ ကြီးမားတဲ့ ပရိုဆက်ဆာတွေကို မျှတတဲ့စွမ်းရည်ရစေဖို့ 
အတွက် ဘက်ထရီကတော့ 4000mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ ဘက်ထရီ 
ကိုအားသွင်းမြန်စေဖို့နည်းလ မ်းတွေကိုလည်း
 သုံးစွဲနိုင်မှာဖြစ်ပြီး ဘက်ထရီ ဟာ ၁ဝမိနစ်အားသွင်းမယ်ဆိုရင် ၂၆ 
ရာခိုင်နှုန်း၊ ၇၅ မိနစ်အားသွင်း မယ်ဆိုရင် စွမ်းအားအပြည့် ၁ဝဝ 
ရာခိုင်နှုန်းအထိ ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ Play store 
ကိုအသုံးပြုနေတဲ့အချိန်မှာေ တာ့
 ဖုန်းဘက်ထရီ စွမ်းအားရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြား 
သုံးစွဲပါလိမ့်မယ်။ ဖုန်းကိုအားသွင်း တာနဲ့ ဒေတာလွှဲပြောင်း 
တာမြန်ဆန်စေဖို့အတွက် microUSB v2.0 အမျိုး အစားကို သုံးပေးထားပါတယ်။ 
ဖုန်းအသုံးပြုနေတဲ့အချိန်မှာ အပူချိန်မလွန်ဖို့နဲ့ ဆားကစ်ရှော့မဖြစ်စေဖို့အတွက် ကိုလည်းဂရုစိုက်ထားပါတယ်။ ဘက်ထရီရဲ့ အားပြန်လည် ဖြည့်သွင်းနိုင်စွမ်းအတွက်ကိုလည်း နောက်ဆုံးပေါ်ဖုန်းတွေမှာ သုံးတဲ့ နည်းပညာမျိုးတွေ ကိုသုံးထားပါတယ်။ 
 
အဆုံးသတ်ကောက်ချက်ချရမယ်ဆို ရင်တော့
 M5 Note ဟာ ဘက်ထရီ လုပ်ဆောင်ချက်ပိုင်းမှာ ကောင်းမွန်ပြီး Fingerprint 
လည်း ပါဝင်တာကြောင့် ပေးရတဲ့ဈေးနှုန်းနဲ့ သင့်တော်ပါတယ်။ သူ့မှာ 
အဓိကပြောစရာဆိုလို့ Google Play Service လုပ်ဆောင်ချက်ပဲဖြစ်ပြီး ဒါဟာလည်း 
အခြားဖြည့်ဆည်း ပေးထားတဲ့လုပ်ဆောင်ချက် တွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်
 မဆိုသလောက် လိုအပ်ချက်လို့သာ ပြောနိုင်ပါလိမ့်မယ်။ CPU စမ်းသပ်ချက် 
တွေမှာဆိုရင် လည်း Single Core စွမ်းဆောင်ရည်မှာ 2118 ထိရှိပြီး Galaxy S4,
 Nexus 7, One Plus X တို့ ထက်ပိုမိုသာလွန်တဲ့စွမ်းဆော င်ရည်ရှိနေပါတယ်။
 Graphics ပိုင်း စမ်းသပ်ချက်မှာဆိုရင်တော့ OpenGL ES 3.0 မှာ 498 
အထိရရှိထားပြီး OPPO R9, LG, Optimus G Pro တို့ထက် ရုပ်ထွက်စွမ်းဆောင်ရည် 
ပိုကောင်း ပါတယ်။
 
<Specifications>
 
5.5" IPS Capacitive Touch Screen
(1920x1080)
Processor 1.81GHz Octa-Core
RAM 3GB
Storage 16GB/32GB
Android 6.0 OS (Marshmallow)
Rear Camera 13MP & 5MP Front Camera
Li-Ion 4000 mAh Battery
 
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဖုန်း၏ အနောက်ဘက်တွင် အပေါ်ဘက်နှင့်အောက်နား၌လိုင်
Software နဲ့ပတ်သက်ရင်တော့ Meizu ဟာ သူတို့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ flyme 5.2 ကို သုံးနိုင်ပါလိမ့်မယ်။ Android OS အနေနဲ့ ကြည့်လိုက်မယ်ဆို ရင်တော့ 6.0(marshmallow)ဖြစ်ပါတယ်။
လက်ရှိနောက်ဆုံးပေါ်စမတ်ဖုန်
အဆုံးသတ်ကောက်ချက်ချရမယ်ဆို
<Specifications>
5.5" IPS Capacitive Touch Screen
(1920x1080)
Processor 1.81GHz Octa-Core
RAM 3GB
Storage 16GB/32GB
Android 6.0 OS (Marshmallow)
Rear Camera 13MP & 5MP Front Camera
Li-Ion 4000 mAh Battery
Mobile Guide Journal (Every Monday)
https://www.facebook.com/