![Image may contain: phone and text](https://scontent.frgn2-1.fna.fbcdn.net/v/t31.0-8/18077009_672334829611923_8520630861615497979_o.jpg?oh=51cb43a5a36c5a2096742c01d50ae63f&oe=5980D179)
Samsung Galaxy S8 နဲ့ S8 Plus တို့မှာ ပါတဲ့ Iris Scanner ကနေ မိုဘိုင်းငွေပေးချေမှုများကို
ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယားမှ သတင်းအရင်းအမြစ်များက
ပြောကြပါတယ်။ အဲဒီ ၀န်ဆောင်မှုကို Samsung Card Co., မှ Credit Card များနဲ့
တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။
Shinhan , Woori နဲ့ Hana အပါအ၀င် အခြားကုမ္ပဏီများကလည်း ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။ တောင်ကိုရီးယား ပြင်ပမှာလည်း ငွေပေးချေမှုများအတွက် S8 ရဲ့ Biometric Authentication ကို အသုံးပြုနိုင်ပါတယ်။ S8 ရဲ့ Iris Scanner ကို Samsung Pay မှာ အသုံးပြုနိုင်ပါတယ်။
Galaxy Note 7 ဟာ Iris Scanner ပါလာတဲ့ ပထမဆုံး Samsung Smartphone ဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy Note 7 ရဲ့ Iris Scanner ကနေ ငွေပေးချေမှုများ ပြုလုပ်နိုင်တဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးနိုင်ခြင်း မရှိသေးခင်မှာ ဘက်ထရီမီးလောင်မှု ပြဿနာများကြောင့် ကုမ္ပဏီက Galaxy Note 7 စမတ်ဖုန်းများကို ပြန်လည်သိမ်းယူ ခဲ့ရပါတယ်။
Samsung Card နဲ့ အခြားကုမ္ပဏီများက Galaxy S8 ရဲ့ Iris Scanner ကို အသုံးပြုမယ်ဆိုရင်တော့ တောင်ကိုရီးယားရဲ့ အွန်လိုင်း Banking စနစ်ဟာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
www.facebook.com/ officialmobileguidejournal

www.facebook.com/