4/08/2017

♪ " Samsung Galaxy C9 Pro " - Price » 714,000 Ks ♫

Image may contain: phone

Samsung Galaxy C9 Pro ဟာ အဆင့်မြင့် စမတ်ဖုန်းအမျိုးအစားထဲမှာ ပါရှိပြီး ၂ဝ၁၆ နှစ်ကုန်ပိုင်းလောက်မှ ဈေးကွက်ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စက်စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကင်မရာကောင်းကောင်း စမတ် ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပုံစံလည်း လှပသေသပ်မှုရှိပါတယ်။ နောက်ဆုံး အဆင့်မြင့် features တွေများစွာပါရှိပြီး မျက်နှာပြင်အရည်အသွေး ကောင်းမွန် သလို ဘက်ထရီစွမ်းအားပိုင်းမှာလည်း မြင့်မားမှုရှိတာကို တွေ့ရပါတယ်။ ခန့်ညားထည်ဝါတဲ့ ဒီဇိုင်းပုံစံရှိပြီး ပါးလွှာတဲ့ကိုယ်ထည်ကြောင့် သုံးစွဲရတာ ပိုမိုကောင်းမွန်ပါတယ်။ Premium ဖုန်းတစ်လုံးရဲ့ အသွင်အပြင်အတိုင်း ထင်ရှားပေါ်လွင်မှုရှိပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ 

အရှေ့ဘက်မျက်နှာပြင်ပေါ်မှာ 2.5D Glass ကို ဖုံးအုပ်ပေးထားလို့ အစင်း ရာတွေကို အလွယ်တကူမဖြစ်ဘဲ အကြမ်းလည်းခံပါတယ်။ အရှေ့ဘက် အောက်ခြေ home button မှာ fingerprint sensor ကို တပ်ဆင်ထားပြီး အဆင့် မြင့်နည်းပညာတွေနဲ့ ပြုလုပ်ထားလို့ ဖုန်းအတွင်းထဲမှာ သိမ်းဆည်းထား တဲ့ Data လုံခြုံရေးပိုင်းကလည်း စိတ်ချရပြီး sensor ရဲ့ လုပ်ဆောင်ချက်တွေ ကလည်း လျင်မြန်မှုရှိပါတယ်။ နောက်ကျောအပေါ်ဘက် အလယ်တည့် တည့်မှာ အနောက်ကင်မရာနဲ့ dual LED မီးလုံးတို့ ရှိပါတယ်။ ကင်မရာရဲ့ အောက်တည့်တည့်မှာ Samsung Logo ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ကျန်တဲ့ဖွဲ့စည်းပုံတွေကတော့ ပုံမှန် Samsung ဖုန်းတွေအတိုင်းပါပဲ။ 


ဖုန်းအရွယ်အစားက 162.9 x 80.7 x 6.9 mm ရှိပြီး 189g လေးပါတယ်။ ဒါကြောင့် တော်တော်လေး ပါးလွှာတဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပြီး အလေး ချိန်ကတော့ အနည်းငယ်ပိုလေးပါတယ်။ ဒါကလည်း ဘက်ထရီစွမ်းအား မြင့်မားတဲ့ ဖုန်းအများစုရဲ့ ပုံမှန်အလေးချိန်ပါပဲ။ ၄င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Daul SIM စနစ်ပါရှိလို့ Nano SIM card 2ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ မျက်နှာပြင်အကျယ်က 6 လက်မရှိတာကြောင့် မြင်ကွင်းတွေကို ထင်ထင်ရှားရှား မြင်တွေ့ရပြီး Super AMOLED Capacitive touchscreen က ကြည်လင်ပြတ်သားတဲ့ full HD မြင်ကွင်းတွေ ပြသနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကို သုံးစွဲနိုင်လို့ လုပ်ဆောင်ချက်တွေကို လျင်မြန်စွာပြုလုပ်နိုင်ပါတယ်။
Galaxy C9 Pro ထဲမှာ Android OS,v6.0.1 (Marshmallow) ကို run ထားပြီး Samsung ရဲ့ သုံးနေကျ UI ပုံစံကိုပဲ သုံးထားပါတယ်။ အနောက်ကင်မရာရော အရှေ့ကင်မရာကပါ 16MP စီရှိပြီး f/1.9 aperture စွမ်းအားချင်းလည်း တူညီပါတယ်။ ဒါ့အပြင် အနောက်ကင်မရာမှာ အလွန်အသုံးတည့်တဲ့ phase detection autofocus, dual-LED (dual tone) flash စတာတွေနဲ့ Geo-tagging, touch focus, face detection, panorama, HDR ဆိုတဲ့ features တွေလည်း ပါရှိပါတယ်။ ဒါကြောင့် အရှေ့ကင်မရာရော အနောက်ကင်မရာကပါ ကြည်လင်ပြတ် သားတဲ့ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။


ဖုန်းထဲမှာ ဓာတ်ပုံ၊ သီချင်း၊ ရုပ်ရှင်ဗီဒီယို စတာတွေနဲ့ ဂိမ်းတွေ၊ Apps တွေကို ထည့်သိမ်းပြီး သုံးစွဲနိုင်ဖို့အတွက် internal memory 64GB ပါရှိတဲ့အပြင် Micro SDcard ကို 256GB ထပ်မံသုံးစွဲနိုင်ပါတယ်။ ဖုန်းတစ်လုံးအတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို Qualcomm MSM8976 Snapdragon 653 chipset နဲ့ Octa-core (4x1.95GHz Cortex-A72 & 4x1.4GHz Cortex-A53) processor တို့က ပံ့ပိုးပေးထားပြီး Adreno 510 GPU ကြောင့် ရုပ်ထွက်တွေကလည်း သဘာဝကျလှပါတယ်။


Galaxy C9 Pro မှာ စက်အပူချိန် လွန်ကဲမှုမရှိစေအောင်လည်း အကောင်းဆုံး လုပ်ဆောင်ပေးထားတဲ့အပြင် Multitouch tasking တွေကြောင့်လည်း စက်ဟမ်းသွားခြင်းလည်း မရှိပါဘူး။ ဖုန်းလိုင်းဆွဲအားကောင်းပြီး အင်တာနက် သုံးရတာလည်း အဆင်ပြေပါတယ်။ Connectivity ပိုင်းအတွက် v4.2, A2DP, LE ဆိုတဲ့ bluetooth စနစ်တွေပါရှိပါတယ်။ ဒါကြောင့် ဒီ Samsung Galaxy C9 Pro က သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာတန်တဲ့ ဖုန်းတစ်လုံးလို့ ပြော နိုင်ပါတယ်။

**Battery Life**

Samsung Galaxy C9 Pro မှာ ဘက်ထရီစွမ်းအားပိုင်းကို Non-Removable 4000mAh battery က ထောက်ပံ့ထားပြီး Fast Battery Charging စနစ်ကြောင့် ဖုန်းအားသွင်းရတာလည်း အလွန်မြန်ဆန်ပါတယ်။ ဒါကြောင့် ဖုန်းအား ခဏခဏသွင်း ရတဲ့ဒုက္ခလည်း မရှိတော့ပါဘူး။

**Design**

ဒီဇိုင်းပုံစံလေးက ပါးပါးလွှာလွှာလေးနဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်း အောင်ထုတ်လုပ်ထားပြီး Premium ကျကျနဲ့ ခန့်ညားမှုလည်းရှိပါတယ်။ Hardware ပိုင်းကို အကောင်းစားပစ္စည်းတွေနဲ့ချည်း သုံးထားလို့ အကြမ်း ခံတဲ့အပြင် တာရှည်လည်း သုံးစွဲနိုင်ပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ ရွှေရောင် 2 မျိုးနဲ့ အမဲရောင်တစ်မျိုး ဖြစ်ပါတယ်။

**Processor**

Samsung Galaxy C9 Pro ဟာ တိကျလျင်မြန်တဲ့ ဖုန်းစွမ်းဆောင်ရည် တွေကို ရရှိနိုင်ဖို့ Qualcomm MSM8976 Snapdragon 653 chipset နဲ့ Octa-core (4x1.95 GHz Cortex-A72 & 4x1.4GHz Cortex-A53) processor တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ပေးပြီး RAM ကလည်း 6GB တောင် ပါရှိပါတယ်။

**Display and Camera**

မျက်နှာပြင်ကျယ်ကျယ်နဲ့ မြင်ကွင်းစွမ်းအား ကောင်းကောင်းတွေ ကိုပေးစွမ်းနိုင်လို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို ကြည့်ရတာ အလွန်အဆင်ပြေပြီး Multitouch စနစ်လည်း ပါရှိပါတယ်။ 1 လက်မ သိပ်သည်းဆပမာဏက ~367ppi pixels ဖြစ်ပါတယ်။ အနောက်ကင်မရာက အရှေ့ကင်မရာနဲ့ စွမ်းအားချင်းတူညီလို့ Selfie ဝါသနာရှင်တွေအတွက်တော့ အကြိုက်ပါပဲ။

**Verdict**

Samsung Galaxy C9 Pro ဟာ ဘက်ထရီစွမ်းအား ကောင်းကောင်းနဲ့ နောက်ဆုံးပေါ်အဆင့်မြင့် features တွေပါရှိတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး သူ့ရဲ့ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ သုံးစွဲလို့ကောင်းတဲ့ Specs တွေကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ဖုန်းတစ်လုံးအဖြစ် ရပ်တည်လျက် ရှိပါတယ်။



Contact Phone » 09-73222888 ( Win Mobile World )

**Specification**

» Network : 2G, 3G, 4G (Dual nano-SIM)
» Weight : 189 g
» Display : 6.0", Super AMOLED capacitive touchscreen
» Dimensions : 162.9 x 80.7 x 6.9 mm
» Memory : 64GB, 6GB RAM, microSD card up to 256GB
» Camera : 16MP, Front : 16MP, dual-LED (dual tone) flash,
phase detection autofocus, Geo-tagging, touch focus,
face detection, panorama, HDR
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android OS 6.0.1 (Marshmallow)
» Chipset : Qualcomm MSM8976 Snapdragon 653
GPU : Adreno 510 GPU
» Features : Fingerprint (front-mounted)

 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com