HP
က ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Pavilion x360 Models အသစ်များကို
မိတ်ဆက်လိုက်ပါတယ်။ Windows Hello နဲ့ တွဲဖက်အလုပ်လုပ်မယ့် IR Camera ကို
သီးခြား ၀ယ်ယူနိုင်ပါတယ်။ ၁၁.၆ လက်မ၊ ၁၄ လက်မနဲ့ ၁၅.၆ လက်မ မော်ဒယ်များကို
ထုတ်လုပ်ပေးထားပါတယ်။ ၁၃.၃ လက်မမော်ဒယ်ကိုတော့ ထုတ်လုပ်မှု
ရပ်နားလိုက်ပါတယ်။ ၃၉၉ ဒေါ်လာတန် တန်ဖိုးနည်း ၁၁.၆ လက်မမော်ဒယ်မှာ Intel Pentium N4200 တပ်ဆင်ထားပြီး ယခင်နှစ်မော်ဒယ်ရဲ့ Celeron N3060 ထက် တိုးတက်ကောင်းမွန်လာပါတယ်။
အရွယ်ကြီး Pavilion x360 Models များမှာတော့ Core i3, i5, i7 Processors များ၊ အရည်အသွေးမြင့် မျက်နှာပြင်များကို ပိုမိုရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီမော်ဒယ်များမှာ USB-C Port တပ်ဆင်ထားပါတယ်။ HP Pavilion x360 များရဲ့ မျက်နှာပြင်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်အောင် ဖန်တီးပေးထားတဲ့အတွက် လက်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။
၁၅ လက်မ မော်ဒယ်ရဲ့ အခြေခံဈေးနှုန်းဟာ ဒေါ်လာ ၆၀၀ ရှိတယ်လို့ Liliputing က ပြောပါတယ်။ Ars Technica ရဲ့ အဆိုအရ Core i5 , SSD , 8GB RAM တပ်ဆင်ထားတဲ့ ၁၄ လက်မ မော်ဒယ်ကို ဒေါ်လာ ၇၀၀ ကျော်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ မော်ဒယ်အားလုံးကို မေလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာပါ။
Mobile Guide Journal (Every Monday)
www.facebook.com/ officialmobileguidejournal

www.facebook.com/