4/28/2017

♪ ၁၁ လ အရွယ် သမီးကို သတ်တဲ့ ဗီဒီယိုကို Facebook မှာ Live လွှင့်တဲ့ ဖခင် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/download-2.jpg?fit=800%2C450&ssl=1

ထိုင်း အမျိုးသားတစ်ဦးဟာ ၁၁ လ အရွယ် သမီးကို သတ်တဲ့ ဗီဒီယိုကို Facebook မှာ Live လွှင့်ခဲ့ပါတယ်။ Video Clip ၂ ခုကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး သမီးကို သတ်ပြီးနောက် ဖခင်ဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ ဗီဒီယိုဟာ Facebook မှာ ၂၄ နာရီလောက် ရှိနေခဲ့ပါတယ်။ အဲဒီနောက်မှာမှ Facebook က သိရှိပြီး ဗီဒီယိုကို ဖယ်ရှားခဲ့ပါတယ်။

Facebook မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပြီး ဒီလို ဗီဒီယိုမျိုးဟာ Facebook မှာ မရှိသင့်ပါဘူး။ အဲဒီ ဗီဒီယိုကို ဖယ်ရှားလိုက်ပါပြီ။ “ လို့ ပြောပါတယ်။ လူသတ်မှု၊ ကိုယ့်ကိုကိုယ် သတ်သေမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို Facebook မှာ တင်တဲ့ ဖြစ်ရပ်အချို့ဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆွီဒင် တရားရုံးတစ်ခုက အမျိုးသမီး တစ်ဦးအား မုဒိန်းကျင့်တဲ့ ဗီဒီယိုကို Facebook မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ လူသုံးဦးကို ထောင်ချခဲ့ပါတယ်။

ယခု ထိုင်းမှာ ဖြစ်တဲ့ ဖြစ်ရပ်မှာ Wuttisan Wongtalay ဟာ သမီးဖြစ်သူ Natalie ရဲ့ လည်ပင်းမှာ ကြိုးကွင်းစွပ်၍ ခေါင်မိုးကနေ ပစ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ဖူးခက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သူ့ကိုယ်သူ သတ်သေတာကိုတော့ Facebook မှာ ထုတ်လွှင့်ခြင်း မရှိပါဘူး။ သူဟာ ဇနီးဖြစ်သူက သူ့ကို စွန့်ခွားသွားတာကြောင့် စိတ်ရောဂါ ခံစားခဲ့ရတာလို့ ရဲဌာနက ပြောပါတယ်။

သူ့ရဲ့ ဇနီး ဖြစ်သူ Jiranuch Triratana က “ သူနဲ့ တစ်နှစ်ကျော် ပေါင်းသင်းခဲ့ပါတယ်။ အစောပိုင်းမှာ အိမ်ထောင်ရေး သာယာခဲ့ပေမယ့် နောက်ပိုင်းမှာ သူဟာ ကြမ်းတမ်းလာခဲ့ပါတယ်။ အရင် အမျိုးသားနဲ့ ရတဲ့ ၅ နှစ်အရွယ် သားကိုလည်း သူက တစ်ခါတစ်ရံ ရိုက်နှက်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။



Credit to ==>  DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com